Xiaomi က အမိုက်စား Battery နဲ့ အားသွင်းစွမ်းရည် ပါတဲ့ တက်ဘလက် အသစ် တစ်လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ နာမည်ကြီး Tipster Digital Chat Station က အဲဒီ တက်ဘလက်မှာ စုစုပေါင်း 5,900mAh ပါတဲ့ Dual-cell Battery ကို သုံးထားမယ်လို့ ပြောပါတယ်။

အဲဒီ Battery ဟာ 12,000mAh Single-cell Battery နဲ့ ညီမျှပြီး Battery သက်တမ်း ကြာမြင့်မှာပါ။ ဒါ့အပြင် 120W Fast Charging ပါလာမှာ ဖြစ်ပြီး အရင် တက်ဘလက်တွေထက် အားသွင်းနှုန်း ပိုမြန်လာမှာပါ။

Xiaomi-Pad-7-series

အဲဒီ တက်ဘလက်ရဲ့ မော်ဒယ် အတိအကျကို မသိရသေးပေမယ့် တက်ဘလက် အသစ် ဖြစ်လာမှာ သေချာပါတယ်။ အရင်သတင်းတွေအရ Xiaomi ဟာ ၂၀၂၅ ခုနှစ်မှာ OLED တက်ဘလက် တစ်လုံးကို ကြေညာမှာ ဖြစ်ပြီး 11” Display , 144Hz Refresh Rate, စွမ်းရည်မြင့် Snapdragon Processor , 24GB RAM နဲ့ 120W Fast Charging တွေ ပါလာနိုင်ပါတယ်။ ဒီဇိုင်းက Xiaomi Pad 6 Series နဲ့ တူညီနိုင်ပါတယ်။ ဒါဟာ သတင်းထွက်နေတဲ့ OLED တက်ဘလက် ဖြစ်နိုင်ပါတယ်။

Xiaomi tablet leak DCS

Digital Chat Station က အဲဒီ တက်ဘလက်ဟာ Redmi Series မဟုတ်ဘဲ ၄,၀၀၀ ယွမ် (၅၄၈ ဒေါ်လာ)နဲ့ ရောင်းချနိုင်တယ်လို့ ပြောပါတယ်။ လက်ရှိ Xiaomi Pad 7 Pro 12/512GB ကို ၃,၄၉၉ ယွမ် (၄၇၉ ဒေါ်လာ)နဲ့ ရောင်းချထားတာ ဖြစ်ပါတယ်။ အဲဒီအတွက် Xiaomi ရဲ့ တက်ဘလက် အသစ်ဟာ စွမ်းရည်မြင့်မားပြီး Apple iPad ကို ယှဉ် ဖိုက်မှာ ဖြစ်ပါတယ်။

Ref: Gizmochina