Nokia ကနေ လာမယ့် ဇန်နဝါရီလ ၁၉ ရက်နေ့မှာ စမတ်ဖုန်းအသစ် ၂ မျိုးကို ကြေငြာသွားမယ်လို့ တရားဝင်ထုတ်ပြန်ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါပွဲမှာ Nokia အနေနဲ့ ကောလဟာလတွေထွက်ပေါ်နေတဲ့ Nokia 9 ဖုန်းအပြင် Nokia 8 ကိုပါ အဆင့်မြှင့်တင်ပြီး 2018 Edition အနေနဲ့ ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

ဒါပေမယ့် အဆိုပါပွဲမှာ အဓိကအနေနဲ့ကတော့ Nokia 9 ဖုန်းကိုပဲ အဓိကထားမှာဖြစ်ပြီးတော့ Nokia 8 (2018) ကိုတော့ ယှဉ်တွဲကြော်ငြာသွားရုံပဲလို့ ယူဆရပါတယ်။ ဖုန်း ၂ မျိုး စလုံးက တရုတ်နိုင်ငံအတွက်အဓိက ရည်ရွယ်သွားမှာဖြစ်ပြီးတော့ Google Services နဲ့ Google Apps တွေ ပါဝင်လာမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

Nokia 9 ဖုန်းမှာဆိုရင် 5.5″ 18:9 Ratio QHD Display, Qualcomm Snapdragon 835 CPU ပါဝင်လာမှာဖြစ်ပြီး ရေစိုခံနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် 3.5mm Headphone Jack တော့ပါဝင်လာမှာမဟုတ်ပါဘူး။

Nokia 9 စမတ်ဖုန်းကို RAM 6GB/ ROM 64GB Model ကို ဒေါ်လာ ၅၆၀ ဝန်းကျင်၊ RAM 6GB/ ROM 128GB Model ကို ဒေါ်လာ ၆၃၅ ဝန်းကျင်နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။