Samsung ရဲ့ Galaxy S9 စမတ်ဖုန်းကို မကြာခင်အချိန်အတွင်း နောက်နှစ် ဇန်နဝါရီလအတွက်မှာ ကျင်းပမယ့် CES 2018 ပွဲမှာတွေ့မြင်ရတော့မယ်လို့ သတင်းတွေထွက်နေပါတယ်။ Samsung က အတည်ပြုပြောကြားခြင်းမရှိသေးပေမယ့် ဒါက ဖြစ်နိုင်တဲ့အချက်တစ်ခုပါ။

ဘယ်အချိန်ကြေငြာမလဲဆိုတာကို အတိအကျပြောကြားခဲ့ခြင်းမရှိသေးပေမယ့် Samsung Mobile Forum ဖြစ်တဲ့ SamMobile မှာပေါက်ကြားလာတဲ့အချက်တွေအရတော့ Samsung Galaxy S9 ဖုန်းက Black, Gold, Blue နဲ့ Purple စတဲ့ အရောင်တွေနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

ယခုနှစ်တုန်းက Samsung Galaxy S8 ဖုန်းဟာ အရောင် ၅ မျိုးနဲ့ထွက်ရှိခဲ့တာဖြစ်ပြီး Coral Blue နဲ့ Orchid Gray အရောင်တွေက အရောင်းရဆုံးဖြစ်ခဲ့ပါတယ်။

Samsung က သူ့ဖုန်းတွေမှာ အရောင်တွေကို စနစ်တကျရွေးချယ်တတ်တဲ့အတွက်ကြောင့် အခုလာမယ့် Samsung Galaxy S9 ဖုန်းကလည်း လှပတဲ့ဖုန်းတစ်ခုဖြစ်လာမှာ အသေအချာပါပဲ။