Xiaomi ကနေ Black Shark နာမည်နဲ့ ယခင်တုန်းက သတင်းတွေပေါက်ကြားနေခဲ့ဖူးတဲ့ Gaming Phone ကို တရားဝင်ထုတ်လိုက်ပြီပဲဖြစ်ပါတယ်။ အခု Black Shark Gaming ဖုန်းက Xiaomi ရဲ့ ပထမဆုံး Mi ဒါမှမဟုတ် Redmi Series မဟုတ်တဲ့ သီးခြား Brand တစ်ခုဖြစ်လာပြီး ဂိမ်မာတွေအတွက် အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။

Source : Xiaomi

Xiaomi ရဲ့ Black Shark Gaming Phone က Display အနေနဲ့ 5.99″ 18:9 Ratio Display ရှိပြီးတော့ Resolution က Full HD+ ရှိမှာဖြစ်ပါတယ်။ Display ရဲ့ ရုပ်ထွက်တိကျမှုက အလွန်မြင့်မားပြီးတော့ 97% DCI-P3 Color Gamut အထိရှိမှာဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာလည်း Black Shark ဖုန်းက Qualcomm Snapdragon 845 Processor ကို အသုံးပြုထားပြီးတော့ Xiaomi ရဲ့ ပထမဆုံး Multi-Stage Liquid Cooling စနစ်ကို အသုံးပြုထားတဲ့အတွက် CPU ရဲ့ အပူချိန်ကို 8° C အထိ လျော့ချနိုင်မှာဖြစ်ပါတယ်။ RAM 6GB + ROM 64GB နဲ့ RAM 8GB + 128GB ဆိုပြီး ရွေးချယ်နိုင်မယ်လို့လည်း သိရပါတယ်။

Speaker တွေအနေနဲ့လည်း Black Shark စမတ်ဖုန်းက ပုံမှန် Speaker တစ်ခုအပြင် Earpiece ကပါ Stereo Speaker အနေနဲ့ အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ Xiaomi က ဖုန်းကို ကိုင်လို့အဆင်ပြေအောင် Body ကို X Frame ဒီဇိုင်းပြုလုပ်ထားတာဖြစ်ပြီးတော့ Mic ကလည်း ဂိမ်မာတွေအတွက် သီးသန့် ပြင်ဆင်ထားတယလို့ သိရပါတယ်။

Black Shark ဖုန်းမှာ Dual Back Camera လည်းပါဝင်မှာဖြစ်ပြီးတော့ 12MP + 20MP Back Camera တွေနဲ့အတူ Front Selfie Camera ကလည်း 20MP ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ကင်မရာပိုင်းအနေနဲ့လည်း အားနည်းတယ်လို့ ပြောလို့မရပါဘူး။

Xiaomi က အခု Black Shark Gaming ဖုန်းအတွက် Gamepad ကိုပါ သီးသန့်ထုတ်ပေးခဲ့ပြီးတော့ ဖုန်းဈေးနှုန်းက ဒေါ်လာ ၃၈၇ ဝန်းကျင်ကနေ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။