Huawei ရဲ့ ကုမ္ပဏီအခွဲတစ်ခုဖြစ်တဲ့ Honor ကနေ အခုအချိန်မှာ Honor Play နာမည်နဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်လိုက်ပြီးတော့ Gaming Phone ဈေးကွက်ထဲကို ဝင်ရောက်လာခဲ့ပါပြီ။
အခု Honor Play စမတ်ဖုန်းဟာ လက်ရှိမှာ Huawei ရဲ့ အကောင်းဆုံးသော Processor တစ်ခုဖြစ်တဲ့ Kirin 970 Processor ကို အသုံးပြုထားပြီးတော့ Huawei က Gaming Performance ကို ပိုပြီးကောင်းလာဖို့အတွက် GPU Turbo နည်းပညာကို ထည့်သွင်းလာခဲ့ပါတယ်။ အဲ့ဒီအတွက် ဂိမ်းတွေဆော့တဲ့အချိန်မှာ Graphic တွေက အလန်းစားဖြစ်နေမှာပါ။
Display ကလည်း ကြီးမားတဲ့ 19:9 Ratio ကို အသုံးပြုထားတဲ့ Full HD+ Resolution ကို အသုံးးပြုထားတဲ့အတွက် မဆိုးဘူးလို့ ပြောနိုင်ပြီးတော့ Gamer တွေအတွက် 3D Game Sound နဲ့ 7.1 Channel Surround Sound တွေကို Support ပြုလုပ်မှာဖြစ်ပါတယ်။
အခု Honor Play စမတ်ဖုန်းကို RAM 4GB ၊ ROM 64GB ဒါမှမဟုတ် RAM 6GB ၊ ROM 128GB နဲ့ ရောင်းချသွားမှာဖြစ်ပြီးတော့ Battery အနေနဲ့ 3750mAh Battery ပါဝင်မှာပဲဖြစ်ပါတယ်။
ကင်မရာပိုင်းအနေနဲ့ကတော့ 16MP+2MP Dual Back Camera နဲ့ 16MP Selfie Camera တွေကို တပ်ဆင်ပေးထားပြီးတော့ ဈေးနှုန်းအနေနဲ့ ဒေါ်လာ ၃၁၀ ဝန်းကျင်ကနေ စတင်မှာဖြစ်ပါတယ်။