နာမည်ကြီး စမတ်ဖုန်း ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Xiaomi အနေနဲ့ ကြည့်ရတာ စမတ်ဖုန်း အပြင် စမတ်ဖုန်း နဲ့ ပတ်သတ်တဲ့ အပိုပစ္စည်း လောကကိုပါ သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ ပုံပါပဲ။ အခုလို စိုစွတ်တဲ့ မိုးရာသီဟာ စမတ်ဖုန်း အသုံးပြုသူတွေ အတွက်တော့ ဒုက္ခ အရောက်ဆုံး ရာသီ တစ်ခု လို့ ပြောလို့ရပါတယ်။
တရဆက် မိုးရွာသွန်းမှုကြောင့် စမတ်ဖုန်း အတွင်း ရေဝင်ခြင်း၊ မိုးရေထဲမှာ ကင်မရာ ကောင်းကောင်း အသုံးပြု၍ မရနိုင်ခြင်း ၊ အခန့်မသင့်ရင် မိမိ ချွေးနဲစာ နဲ့ ဝယ်ထားတဲ့ ဖုန်းလေး မိုးရေကြောင့် ပျက်စီးသွားခြင်း စတဲ့ ပြဿနာတွေ ကို မိုးရာသီတိုင်း စမတ်ဖုန်း အသုံးပြုသူတွေ ရင်ဆိုင်ရလေ့ ရှိပါတယ်။ Water Proof စမတ်ဖုန်း ပိုင်ဆိုင်ထားတဲ့ သူတွေက လွဲရင်ပေါ့။
အခုလို မိုးရာသီတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတွေ ကို ဖြေရှင်းပေးဖို့ အတွက် Xiaomi အနေနဲ့ ၆လက်မ နှင့် အောက် မည်သည့် စမတ်ဖုန်း အမျိုးအစားမဆို အသုံးပြုနိုင်တဲ့ ရေစိုခံ/ Water Proof Phone Case တစ်မျိုး ကို မိတ်ဆက်ပေးလိုက်ပါတယ်။
Xiaomi ရဲ့ ရေစိုခံ Phone Case ကို လက်ရှိအချိန်မှာ တရုတ်နိုင်ငံမှာသာ ဝယ်ယူနိုင်အုံးမှာ ဖြစ်ပေမယ့် မကြာခင် အချိန်အတွင်းမှာ ကမ္ဘာတစ်ဝှမ်း ကို ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Xiaomi ရဲ့ ရေစိုခံ Phone Case ကို မိုးရာသီမှာ သာမကပဲ သင်္ကြန်ပွဲတော်တွေ ဆင်နွှဲတဲ့ အခါမျိုးမှာ ဒါမှမဟုတ် ပင်လယ်ကမ်းခြေ ကို သွားရောက် လည်ပတ်တဲ့ အခါ ပင်လယ်ရေအောက် အလှဓါတ်ပုံတွေကို ရိုက်ကူးနိုင်ဖို့ အတွက်ပါ အသုံးပြုနိုင် မှာ ဖြစ်ပါတယ်။
Xiaomi ရဲ့ Waterproof Phone Case ဟာ အသုံးပြုသူ ရဲ့ စမတ်ဖုန်း အတွင်း ရေဝင်မှု အန္တရာယ် နဲ့ လုံးဝ မကြုံတွေ့နိုင်အောင် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အခြေစိုက် Xiaomi Shaghai Shuo Technology Co., Ltd မှ ဒီဇိုင်း ရေးဆွဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Xiaomi ရဲ့ ရေစိုခံ Phone Case မှာ ရှေ့မျက်နှာစာ အတွက် ကို ဖောက်ထွင်းမြင်နိုင်တဲ့ High-Definition TPU Front Material ကို အသုံးပြုပေးထားပါတယ်။ High-Definition TPU Front Material ဖြစ်တာကြောင့် သာမန် ရေစိုခံ Phone Case တွေမှာ ဖြစ်ပွားလေ့ ရှိတဲ့ Phone Display Touch မမိခြင်း၊ Phone Display Screen ကို ကြည်ကြည်လင်လင် မမြင်ရခြင်း စတဲ့ ပြဿနာတွေကို Xiaomi ရေစိုခံ Phone Case မှာ ကြုံတွေ့ရမှာ မဟုတ်ပါဘူး။
ဒါ့အပြင် Xiaomi ရဲ့ ရေစိုခံ Phone Case အတွင်းမှာ ထည့်ထားတဲ့ စမတ်ဖုန်း ရဲ့ ကင်မရာ ကို အဆင်ပြေပြေ အသုံးပြုနိုင်စေရန် အတွက်လည်း Phone Case ရဲ့ နောက်ကျောဘက်မှာ ဖောက်ထွင်းမြင်နိုင်တဲ့ Rear Camera Cover ကို အသုံးပြုပေးထားပါတယ်။
ဒါ့အပြင် မိုးရေထဲမှာ ဓါတ်ပုံ ရိုက်ကူးရင်တောင် သာမန် Phone Case တွေ မှာ ဖြစ်လေ့ ရှိတဲ့ မိုးရေများကြောင့် ဖြစ်ပွားတဲ့ ဓါတ်ပုံ ကွာလတီ ကြည်လင် ပြတ်သားမှု မရှိတဲ့ ပြဿနာတွေ ကို Xiaomi ရဲ့ ရေစိုခံ Phone Case နဲ့ ဆို ကြုံတွေ့ရမှာ မဟုတ်ဘူးလို့ Xiaomi ကတော့ ညွှန်းဆိုထားပါတယ်။
Xiaomi ရေစိုခံ Phone Case ကို အလွှာ လေးလွှာ နဲ့ ပေါင်းစပ် ဖွဲ့ထည်းထားတာ ဖြစ်တာကြောင့် မိုးအသည်းအသန် ရွာသွန်းတဲ့ နေ့ရက်တွေမှာပဲ သုံးမလား၊ ရေကူးကန်ထဲမှာပဲ သုံးမလား၊ ပင်လယ်ကမ်းခြေမှာပဲ သုံးမလား အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ရေအောက်ထဲမှာ အချိန် ၁၀ နာရီကြာ အသုံးပြုနိုင်ကြောင်း စမ်းသပ်ထားတာ ဖြစ်တာကြောင့် တစ်နေကုန် ရေကူးရင်း နဲ့ Xiaomi ရဲ့ ရေစိုခံ Phone Case အတွင်းမှာ စမတ်ဖုန်း ကို အန္တရာယ် ကင်းကင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အခုလို ဘက်စုံ အသုံးပြုနိုင်တဲ့ Xiaomi ရဲ့ ရေစိုခံ Phone Case ကို အမေရိကန် ဒေါ်လာ ၅ ဒေါ်လာ ဝန်းကျင် နဲ့ လက်ရှိ အချိန်မှာတော့ Xiaomi Youpin Website ကနေ တစ်ဆင့်သာ ဝယ်ယူ ရရှိနိုင်မှာ ဖြစ်ပါတယ်။