Huawei စမတ်ဖုန်းတွေဟာ အခုနောက်ပိုင်း Qualcomm Snapdragon ဒါမှမဟုတ် MediaTek Processor တွေကို အသုံးပြုခြင်းမရှိတော့ပဲ ကိုယ်ပိုင် HiSilicon Kirin Processor တွေကိုပဲ အသုံးပြုလာတာဖြစ်ပါတယ်။ အခုလိုမျိုး ကိုယ်ပိုင် Processor ကို အသုံးပြုလာတာက အစောပိုင်းတုန်းက စွမ်းဆောင်ရည်က Snapdragon Processor တွေကို မမှီဘူးလို့ အပြောခံခဲ့ရပေမယ့်လည်း အခုအချိန်မှာတော့ Huawei ရဲ့ Kirin Processor တွေက အဆင့်တစ်ဆင့်ကို ရောက်ရှိနေပြီး စွမ်းဆောင်ရည်ကလည်း မြင့်မားနေပြီပဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လအစောပိုင်းတုန်းက Huawei ကနေ Honor Play Gaming Phone နဲ့အတူ GPU Turbo ဆိုတဲ့ နည်းပညာတစ်ခုကို မိတ်ဆက်ပေးလာခဲ့ပါတယ်။ အဆိုပါ နည်းပညာဟာ Kirin Processor တွေရဲ့ AI စနစ်နဲ့ တွဲဖက်အလုပ်လုပ်ပြီးတော့ စမတ်ဖုန်းရဲ့ GPU စွမ်းဆောင်ရည်ကို ၆၀ ရာခိုင်နှုန်းအထိတိုးလာစေပြီး ပါဝါစားသုံးမှုကိုလည်း ၃၀ ရာခိုင်နှုန်းအထိ လျော့ချပေးနိုင်တဲ့အတွက် Kirin Processor အသုံးပြုထားတဲ့ Huawei နဲ့ Kirin ဖုန်းတွေအတွက် သိသာတဲ့ အဆင့်မြှင့်တင်မှုဖြစ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Huawei ကနေ အခု GPU Turbo နည်းပညာကို Honor Play Gaming Phone အပြင် လက်ရှိ Kirin Processor အသုံးပြုထားတဲ့ စမတ်ဖုန်းတွေ အကုန်လုံးကို Update ထုတ်ပေးသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး GPU Turbo နည်းပညာရရှိလာဖို့ကလည်း Software Update လုပ်လိုက်ရုံနဲ့တင်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။
Source : NYPGKS
အခုအချိန်မှာတော့ Huawei ကနေ GPU Turbo နည်းပညာကို ဘယ်စမတ်ဖုန်းတွေက ဘယ်အချိန်မှာ ရရှိမယ်ဆိုတာကို အချိန်အတိအကျထုတ်ပြန်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ အခု အောက်မှာဖော်ပြထားတာကတော့ Huawei စမတ်ဖုန်းတွေအတွက်ဖြစ်ပါတယ်။
အခုဖော်ပြသွားမှာကတော့ Honor စမတ်ဖုန်းတွေအတွက်ပဲဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုရှိတာကတော့ အခုနည်းပညာက Honor 9i စမတ်ဖုန်းမှာ ပါဝင်ပြီးဖြစ်သလို Huawei Mate 10 နဲ့ Honor 10 ဖုန်းတွေမှာလည်း စတင်စမ်းသပ်နေပြီဖြစ်ပါတယ်။ Huawei P20 နဲ့ P20 Pro စမတ်ဖုန်းတွေကတော့ မကြာခင် Beta Version အနေနဲ့ Update လုပ်နိုင်မယ်လို့ သိရပါတယ်။