လွန်ခဲ့တဲ့ ရက်ပိုင်းကမှ မိတ်ဆက်သွားခဲ့တဲ့ Google Maps Go App ဟာ မိတ်ဆက်ပြီး မကြာမီ ရက်ပိုင်းအတွင်းမှာပဲ Google Play Store ပေါ်ကို ရောက်ရှိလို့ လာပြီပဲ ဖြစ်ပါတယ်။ New Delhi မှာကျင်းပခဲ့တဲ့ Event မှာ Google အနေနဲ့ Android Oreo(Go Edition) ကို မိတ်ဆက်ပေးခဲ့ပါတယ်။ Go Edition ဆိုတာကတော့ Ram 1GB ဒါမှမဟုတ် 1GB အောက် Smartphones တွေအတွက်ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ OS Version /App Version တစ်ခုပဲဖြစ်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ Google Maps Go App ဟာဆိုရင် Low-End Hardware Smartphones တွေ အတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ Lightweight Apps Series(Go Edition Series) ထဲက တစ်ခုပဲ ဖြစ်ပါတယ်။

Google အနေနဲ့ Go Edition App Series တွေထဲက Files Go App ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၁ ရက်၊ Google Go App ကို ဒီဇင်ဘာလ ၁၃ ရက် ကမှ Play Store ပေါ် တင်ပေးခဲ့တာ ဖြစ်ပြီး အခုအခါမှာတော့ Google Maps Go App ကို Play Store အပေါ်သို့ တတိယမြောက် Go App အနေနဲ့ ထပ်မံ တင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Gmail, Google Assistant တို့ရဲ့ Lightweight Go Versions များကိုလည်း မကြာမီ အချိန်အတွင်းမှာ Play Store ပေါ် တင်ပေးတော့မယ်လို့ Google ကထပ်မံ ပြောကြားသွားခဲ့ပါတယ်။

အသစ်ထွက်ရှိလာတဲ့ Google Maps Go App ဟာဆိုရင် Ram 1GB ဒါမှမဟုတ် 1GB အောက်သာ ရှိတဲ့ Android OS 4.1 သို့မဟုတ် OS 4.1 အထက် ဖုန်းများမှာသာ အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။ Files Go နဲ့မတူတဲ့ အချက်ကတော့ File Go ကို Ram 1GB အထက်ရှိတဲ့ ဖုန်းများမှာပါ အသုံးပြုနိုင်မှာ ဖြစ်သော်လည်း Maps Go, Gmail Go, Google Assistant Go စတဲ့ Apps တွေကိုတော့ Low-Ram Phones သီးသန့် အတွက်ပဲ Play Store က Support ပေးမှာပဲဖြစ်ပါတယ်။

Google Maps Go App ဟာ Application လို့ကြေညာထားပေမယ့် တကယ်တော့ Progressive Web App(PWA) တစ်ခုပဲ ဖြစ်ပါတယ်။ PWA ဆိုတာကတော့ ကျွန်တော်တို့ Mobile Phone တွေကနေ Website တွေကို ဝင်ကြည့်တဲ့ အခါ မြင်တွေ့ရလေ့ ရှိတဲ့ Website Mobile View ပဲ ဖြစ်ပါတယ်။ PWA Directory ထဲမှာလည်း Google Maps Go App ကိုတွေ့မြင်နိုင်ပါတယ်။

Features တွေအနေနဲ့ကတော့ Google Maps ရဲ့ Features တွေဖြစ်တဲ့ Detect Location, Providing Directions, Traffic Information For Cars, Public Transit, Walking စတဲ့ Features အားလုံးကို အသုံးပြုလို့ ရနေမှာပဲ ဖြစ်ပါတယ်။ နိုင်ငံပေါင်း 70 နိုင်ငံအတွက် Support လုပ်ပေးမှာဖြစ်ပြီး Phone မှာ Space အနည်းငယ်သာ ယူစေရမယ်လို့ Google ကအာမခံထားပါတယ်။

Ref: Gadget.Ndtv