Zawgyi

OPPO Find X ကို ၾသဂုတ္လ ဒုတိယပတ္အစမွစတင္ကာ Pre-order လက္ခံေရာင္းခ်ခဲ့ရာ ဒုတိယပတ္အကုန္မွာပင္ ပထမအသုတ္အျဖစ္ဝင္ေရာက္လာေသာဖုန္းမ်ားမွာ ေရာင္းကုန္သြားခဲ့ၿပီျဖစ္ေၾကာင္း OPPO Myanmar မွ တာဝန္ရွိသူတစ္ဦး၏ေျပာဆိုခ်က္အရသိရွိရသည္။ ယခုအခါတြင္ OPPO Find X အတြက္ ဒုတိယအသုတ္ဖုန္းမ်ားကို ၾသဂုတ္လ တတိယပတ္မွစတင္ကာ သုံးစြဲသူမ်ားအတြက္ ဆက္လက္ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းလည္း သိရွိရသည္။

OPPO Find X မွာ OPPO က ၎တို႔၏မူလအစ Find Series ကိုစတင္မိတ္ဆက္ေပးခဲ့ၿပီး ၄ႏွစ္အၾကာတြင္ flagship အဆင့္ျမင့္ဖုန္းတစ္လုံးအျဖစ္ ဖန္တီးထုတ္လုပ္လိုက္သည့္ မ်ိဳးဆက္သစ္ဖုန္းတစ္လုံးျဖစ္သည္။ အထူးသျဖင့္ ယခု OPPO Find X မွာ ဒီဇိုင္းပိုင္းတြင္ ထူးျခားဆန္းသစ္သည့္အသြင္မ်ိဳးအျဖစ္ဖန္တီးေပးထားၿပီး ႀကီးမားက်ယ္ျပန႔္ေသာ ေကြးၫြတ္မ်က္ႏွာျပင္အမ်ိဳးအစားကိုအသုံးျပဳေပးထားသလို မိုဘိုင္းေလာက၏ Screen-to-body ratio အမ်ားဆုံးဖုန္းအျဖစ္ပါ စံခ်ိန္တင္ထားသည္။

အရည္အေသြးစိုေျပေတာက္ပသည့္ 6.4 inch အ႐ြယ္အစားရွိ AMOLED Display ကိုအသုံးျပဳေပးထားၿပီး ကြယ္ျမႇဳပ္ထည့္သြင္းထားေသာ 3D camera စနစ္မ်ားက OPPO Find X ၏အဆန္းသစ္ဆုံး တီထြင္ဖန္တီးမႈတစ္ခုလည္းျဖစ္သည္။ လုံၿခဳံစိတ္ခ်ရသည့္ အဆင့္ျမင့္ 3D Face Recognition စနစ္ျဖင့္ မ်က္ႏွာကို scan ဖတ္ကာ ဖုန္းကို unlock လုပ္ႏိုင္မည္ျဖစ္ၿပီး ကင္မရာအသုံးျပဳမည့္အခ်ိန္ႏွင့္ ဖုန္းကို unlock လုပ္လိုသည့္အခ်ိန္တို႔က်မွ Slide Mechanism ကိုအေျခခံထားသည့္ ကင္မရာကိုယ္ထည္က ဖုန္းအေပၚပိုင္းမွတစ္ဆင့္ေပၚထြက္လာေစမည့္ ဒီဇိုင္းမ်ိဳးအျဖစ္ဖန္တီးထားျခင္းျဖစ္သည္။ OPPO Find X တြင္ အဆင္ျမႇင့္တင္ထားေသာ AI နည္းပညာပံ့ပိုးထားသည့္ 25MP ေရွ႕ကင္မရာႏွင့္ အေကာင္းဆုံး Portrait ပုံမ်ားကိုပါ႐ိုက္ယူႏိုင္ေစမည့္ 16MP ႏွင့္ 20MP ေနာက္ကင္မရာ၂လုံးတို႔ကို တပ္ဆင္အသုံးျပဳေပးထားသည္။

စြမ္းေဆာင္မႈအပိုင္းတြင္ Qualcomm ၏ေနာက္ဆုံးထုတ္ Snapdragon 845 CPU ႏွင့္အတူ RAM 8GB တို႔ကိုတြဲဖက္ေပးထားျခင္းေၾကာင့္ ျမန္ဆန္ေခ်ာေမြ႕သည့္ထိေတြ႕သုံးစြဲမႈအေတြ႕အႀကဳံကိုအျပည့္အဝေပးစြမ္းေစ မည္ျဖစ္သည္။

အခ်က္အလက္သိုေလွာင္သိမ္းဆည္းႏိုင္ေစရန္ 256GB internal storage ႏွင့္အတူ 4G ကြန္ရက္ကိုအသုံးျပဳႏိုင္ေစမည့္ 2 SIM စနစ္ကိုအသုံးျပဳေပးထားသည္။ အရည္အေသြးျမင့္ 3730 mAh battery က တစ္ေန႔တာသုံးစြဲမႈအတြက္ ပိုမိုလုံေလာက္ေစသည့္အျပင္ OPPO ၏ကိုယ္ပိုင္းနည္းပညာျဖစ္ေသာ အားအျမန္သြင္းစနစ္ VOOC Flash Charge နည္းပညာေၾကာင့္ ၅မိနစ္အားသြင္းလိုက္႐ုံျဖင့္ ၂နာရီၾကာအထိဖုန္းေျပာဆိုႏိုင္ေစမည္ျဖစ္သည္။ OPPO Find X ကိုေဈးကြက္တြင္ ၁,၁၉၉,ဝဝဝ က်ပ္ျဖင့္ေရာင္းခ်ေပးလ်က္ရွိၿပီး Bordeaux Red ႏွင့္ Glacier Blue အေရာင္၂မ်ိဳးကို ေ႐ြးခ်ယ္ဝယ္ယူႏိုင္မည္ျဖစ္သည္။

Unicode

ထူးခြားဆန်းသစ်သည့်မျက်နှာပြင်ဒီဇိုင်းပါဝင်သော OPPO Find X ၏ ပထမအသုတ်ဝင်ရောက်လာသောဖုန်းများ ဈေးကွက်တွင်ရောင်းကုန်သွားပြီ

OPPO Find X ကို သြဂုတ်လ ဒုတိယပတ်အစမှစတင်ကာ Pre-order လက်ခံရောင်းချခဲ့ရာ ဒုတိယပတ်အကုန်မှာပင် ပထမအသုတ်အဖြစ်ဝင်ရောက်လာသောဖုန်းများမှာ ရောင်းကုန်သွားခဲ့ပြီဖြစ်ကြောင်း OPPO Myanmar မှ တာဝန်ရှိသူတစ်ဦး၏ပြောဆိုချက်အရသိရှိရသည်။ ယခုအခါတွင် OPPO Find X အတွက် ဒုတိယအသုတ်ဖုန်းများကို သြဂုတ်လ တတိယပတ်မှစတင်ကာ သုံးစွဲသူများအတွက် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

OPPO Find X မှာ OPPO က ၎င်းတို့၏မူလအစ Find Series ကိုစတင်မိတ်ဆက်ပေးခဲ့ပြီး ၄နှစ်အကြာတွင် flagship အဆင့်မြင့်ဖုန်းတစ်လုံးအဖြစ် ဖန်တီးထုတ်လုပ်လိုက်သည့် မျိုးဆက်သစ်ဖုန်းတစ်လုံးဖြစ်သည်။ အထူးသဖြင့် ယခု OPPO Find X မှာ ဒီဇိုင်းပိုင်းတွင် ထူးခြားဆန်းသစ်သည့်အသွင်မျိုးအဖြစ်ဖန်တီးပေးထားပြီး ကြီးမားကျယ်ပြန့်သော ကွေးညွတ်မျက်နှာပြင်အမျိုးအစားကိုအသုံးပြုပေးထားသလို မိုဘိုင်းလောက၏ Screen-to-body ratio အများဆုံးဖုန်းအဖြစ်ပါ စံချိန်တင်ထားသည်။

အရည်အသွေးစိုပြေတောက်ပသည့် 6.4 inch အရွယ်အစားရှိ AMOLED Display ကိုအသုံးပြုပေးထားပြီး ကွယ်မြှုပ်ထည့်သွင်းထားသော 3D camera စနစ်များက OPPO Find X ၏အဆန်းသစ်ဆုံး တီထွင်ဖန်တီးမှုတစ်ခုလည်းဖြစ်သည်။ လုံခြုံစိတ်ချရသည့် အဆင့်မြင့် 3D Face Recognition စနစ်ဖြင့် မျက်နှာကို scan ဖတ်ကာ ဖုန်းကို unlock လုပ်နိုင်မည်ဖြစ်ပြီး ကင်မရာအသုံးပြုမည့်အချိန်နှင့် ဖုန်းကို unlock လုပ်လိုသည့်အချိန်တို့ကျမှ Slide Mechanism ကိုအခြေခံထားသည့် ကင်မရာကိုယ်ထည်က ဖုန်းအပေါ်ပိုင်းမှတစ်ဆင့်ပေါ်ထွက်လာစေမည့် ဒီဇိုင်းမျိုးအဖြစ်ဖန်တီးထားခြင်းဖြစ်သည်။ OPPO Find X တွင် အဆင်မြှင့်တင်ထားသော AI နည်းပညာပံ့ပိုးထားသည့် 25MP ရှေ့ကင်မရာနှင့် အကောင်းဆုံး Portrait ပုံများကိုပါရိုက်ယူနိုင်စေမည့် 16MP နှင့် 20MP နောက်ကင်မရာ၂လုံးတို့ကို တပ်ဆင်အသုံးပြုပေးထားသည်။

စွမ်းဆောင်မှုအပိုင်းတွင် Qualcomm ၏နောက်ဆုံးထုတ် Snapdragon 845 CPU နှင့်အတူ RAM 8GB တို့ကိုတွဲဖက်ပေးထားခြင်းကြောင့် မြန်ဆန်ချောမွေ့သည့်ထိတွေ့သုံးစွဲမှုအတွေ့အကြုံကိုအပြည့်အဝပေးစွမ်းစေ မည်ဖြစ်သည်။

အချက်အလက်သိုလှောင်သိမ်းဆည်းနိုင်စေရန် 256GB internal storage နှင့်အတူ 4G ကွန်ရက်ကိုအသုံးပြုနိုင်စေမည့် 2 SIM စနစ်ကိုအသုံးပြုပေးထားသည်။ အရည်အသွေးမြင့် 3730 mAh battery က တစ်နေ့တာသုံးစွဲမှုအတွက် ပိုမိုလုံလောက်စေသည့်အပြင် OPPO ၏ကိုယ်ပိုင်းနည်းပညာဖြစ်သော အားအမြန်သွင်းစနစ် VOOC Flash Charge နည်းပညာကြောင့် ၅မိနစ်အားသွင်းလိုက်ရုံဖြင့် ၂နာရီကြာအထိဖုန်းပြောဆိုနိုင်စေမည်ဖြစ်သည်။ OPPO Find X ကိုဈေးကွက်တွင် ၁,၁၉၉,ဝဝဝ ကျပ်ဖြင့်ရောင်းချပေးလျက်ရှိပြီး Bordeaux Red နှင့် Glacier Blue အရောင်၂မျိုးကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်သည်။