Zawgyi
လောလောဆယ်မှာတော့ Oppo R17 Pro ကို Stream Blue အရောင် တစ်မျိုးတည်းသာ တွေ့ရသေးတာ ဖြစ်ပြီး အလေးချိန်ကတော့ ၁၈၃ဂရမ် ရှိတယ်လို့ သိရပါတယ်။ Oppo R17 Pro ရဲ့ ဈေးနှုန်းနဲ့ တရားဝင် ရောင်းချသွားမယ့်နေ့ကိုတော့ Oppo ဘက်က ထုတ်ပြန်ကြေငြာသွားခြင်း မရှိပါဘူး။
Ref: androidauthority
Unicode
ဘက်ထရီ ၂လုံး၊ ကျောက်ဘက် ကင်မရာ ၃လုံး တွေနဲ့ ပွဲထွက်လာခဲ့တဲ့ OPPO R17 Pro
Oppo အနေနဲ့ မကြာသေးမီက ထွက်ရှိခဲ့တဲ့ Oppo R17 ရဲ့ နောင်တော် Oppo R17 Pro ကို ထပ်မံမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Oppo R17 Pro ဟာ ၆.၄ လက်မ အရွယ်ရှိ AMOLED Display ကို အသုံးပြုထားပြီး Resolution ကတော့ 1080 x 2340 pixels ရှိပါမယ်။ Oppo F9 နဲ့ Oppo R17 တို့လိုမျိူး Waterdrop Notch Display အမျိူးအစားကို အသုံးပြုထားတာ တွေ့ရပါတယ်။ Processor အပိုင်းအတွက် Clock Speed 2.2GHz ရှိတဲ့ Snapdragon 710 Chipset ကိုအသုံးပြုထားပြီး Adreno 616 GPU ပါဝင်မှာပါ။ RAM အနေနဲ့ 8GB ပါဝင်ပြီး Memory Storage ကိုတော့ 128GB အထိ ထည့်သွင်းပေးထားပါတယ်။ Dual-SIM Slot အမျိူးအစား ဖြစ်ပြီး MicroSD Card ထပ်စိုက်လို့ ရမှာ မဟုတ်ပါဘူး။
Oppo R17 Pro ရဲ့ နောက်ကျောဘက်မှာ Aperture f/2.6 ရှိတဲ့ 20MP Main Camera, Aperture f/1.5-2.4 ရှိတဲ့ 12MP Secondary Camera နဲ့ TOF 3D Stereo Camera တွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ 3D Stereo Camera က AR features တွေ အတွက်သာ အဓိကလုပ်ဆောင်ပေးမှာ ဖြစ်ပြီး တခြား ဘာတွေလုပ်နိုင်မလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။ ရှေ့ဘက် မျက်နှာပြင်မှာတော့ Aperture f/2.0 ရှိတဲ့ 25MP Camera ကို တပ်ဆင်ထားပါတယ်။ Security အပိုင်းအတွက် In-display Fingerprint Sensor ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ R17 Pro ရဲ့ ဘက်ထရီဟာ တခြားဖုန်းတွေမှာလိုမျိူး ၁လုံးတည်း ထည့်သွင်းထားခြင်း မဟုတ်ဘဲ 1850mAh ဘက်ထရီ ၂လုံးကို ပေါင်းစပ် ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ဒီတော့ R17 Pro ရဲ့ စုစုပေါင်း ဘက်ထရီ သိုလှောင်မှု ပမာဏဟာ 3700mAh ရှိပါတယ်။ အခုလိုမျိူး ဘက်ထရီ ၂လုံးကို ပေါင်းစပ် ထည့်သွင်းလိုက်တဲ့အတွက် ၁၀မိနစ်အတွင်းမှာ ဘက်ထရီအား ၄၀% အထိရောက်အောင် အားသွင်းနိုင်မယ်လို့ Oppo က ပြောကြားထားပါတယ်။
လောလောဆယ်မှာတော့ Oppo R17 Pro ကို Stream Blue အရောင် တစ်မျိူးတည်းသာ တွေ့ရသေးတာ ဖြစ်ပြီး အလေးချိန်ကတော့ ၁၈၃ဂရမ် ရှိတယ်လို့ သိရပါတယ်။ Oppo R17 Pro ရဲ့ စျေးနှုန်းနဲ့ တရားဝင် ရောင်းချသွားမယ့်နေ့ကိုတော့ Oppo ဘက်က ထုတ်ပြန်ကြေငြာသွားခြင်း မရှိပါဘူး။
Ref:androidauthority