Lenovo ရဲ့ Smart Display ဟာ Google ရဲ့ Smart Displays နဲ့ Google Assistant ကိုတွဲဘက်အသုံးပြုပေးထားတဲ့ ပထမဆုံး Smart Speaker ပါ။ 8 Inches နဲ့ 10 Inches Version နှစ်မျိုးနဲ့ရနိုင်ပါတယ်။ July 27 ရက်ကတည်းက ဝယ်ယူရရှိနိုင်ပြီး တစ်ခြားဘယ်နေရာမှာမှ မတွေ့နိုင်တဲ့ Feature တွေကိုရှိမှာပါ။

Google Assistant Google Voice Assistant ကိုသုံးပြီး Birthday Card တွေပို့နိုင်တယ်။ ဖုန်းတွေခေါ်ဆိုနိုင်ပြီး မိုးလေဝသ အခြေအနေတွေကြည့်နိုင်တယ်။ Cooking Tip တွေပါရနိုင်တယ်။

မျက်နှာပြင် ကျယ်ကျယ်ကိုသုံးထားပြီးဘယ်ဘက်ဘေးမှာ Speaker ပေါက်လေးတွေတွေ့နိုင်တယ်။ Display ရဲ့နောက်ကွယ် Design က တြိဂံပုံဖြစ်ပြီး ဒေါင်လိုက် ပါထောင်ထားနိုင်ပါတယ်။ High Quality Display 10 Inches Model မှာ 1920x 1200 Resolution ဖြစ်ပြီး 8 Inches Model မှာတော့ 1280x 800 Resolution ပါပါတယ်။ ရုပ်ထွက်ကြည်လင်ပြတ်သားပြီး Youtube လို Video Streaming App တွေအတွက်အရမ်းအဆင်ပြေပါတယ်။

Model နှစ်ခုလုံးမှာ 10 Watts ရှိတဲ့ Speaker တစ်လုံးစီ ပါပြီး 10 Inches Model မှာ ပါတဲ့ Speaker ကတော့ပိုအရွယ်အစားကြီးပါတယ်။ Speaker တစ်ခုချင်းစီကို Tweeter နှစ်လုံးနဲ့ထပ်ပြီးအားဖြည့်ပေးထားလို့ အသံအရည်အသွေးအကောင်းမွန်ဆုံးရရှိမှာပါ။

Lenovo Smart Display ရဲ့ Interface ဟာ အရမ်းအသုံးပြုရလွယ်ကူပြီး ကိုယ်အသုံးပြုနေတဲ့ App တွေကြားလွယ်လွယ်ကူကူပြောင်းလဲနိုင်ပါတယ်။ သင့်ရဲ့ Smart Home Device တွေကို အသံနဲ့ ထိန်းချုပ်နိုင်တယ်။ ဥပမာ- ကိုယ့်အခန်းရဲ့ အပူချိန် ချိန်ညှိတာမျိုး မီးပိတ်တာဖွင့်တာမျိုးပါ။

နောက်ထပ်စိတ်ဝင်စားစရာ Ambient Mode လို့ခေါ်တဲ့ Feature လေးတစ်ခုပါပြီး Display ပေါ်မှာ အချိန်နဲ့ Weather Status တွေပါတစ်ချိန်လုံးပြနေမှာဖြစ်ပြီး ကိုယ့် Google Photo ထဲက ပုံတွေကိုပါတင်ထားပြီး Photo Stand လိုအသုံးပြုနိုင်ပါသေးတယ်။

Experimental Feature အနေနဲ့ ကိုယ့် Facebook နဲ့ Flickr Account တွေကိုချိတ်ဆက်ထားနိုင်ပြီး အလွယ်တကူအသုံးပြုနိုင်ပါသေးတယ်။