အျမင့္စားဖုန္းေတြကိုမွ ထပ္ျပီး ကုန္က်စရိတ္ၾကီးမားတဲ့ အမုိက္စား Case ေတြ ဖန္တီးေလ့ရွိတဲ့ Caviar ကုမၸဏီအေၾကာင္း သိသူေတြကေတာ့ ဒီႏွစ္လည္း Apple ရဲ႕ iPhone XS Max အတြက္ ပိုေစ်းၾကီးတဲ့ ဗားရွင္းေတြ လာဦးမွာပဲ ဆုိတာ သေဘာေပါက္မွာပါ။
သူတုိ႔ရဲ႕ Maximum အမွတ္တံဆိပ္လိုင္းကေန အဆုိပါရုရွအေျခစုိက္ကုမၸဏီက 512GB iPhone XS Max ရဲ႕ကုိယ္ထည္ကို ကာဘြန္၊ တုိက္ေတနီယမ္၊ စိန္၊ အေခါက္ေရႊနဲ႔ 150 ဂရမ္ အေလးခ်ိန္ရွိတဲ့ Special Edition Gold Panel ေတြ စီခ်ယ္ျပလိုက္ပါျပီ။
XS Max ကို ကာကြယ္ေပးမယ့္ တစ္မီလီမီတာအထူရွိ မာေက်ာမႈအဆင့္ ထပ္ျမွင့္ထားတဲ့ တုိက္ေတနီယမ္ ကုိယ္ထည္ကို Maximum Invincible လို႔ေခၚျပီး ၄င္းကာဗာက သင့္ဖုန္းကို က်ည္ဆန္မွန္ရင္ေတာင္ သံခ်ပ္ကာ တစ္ခုလို ကာကြယ္ေပးႏုိင္မယ္လို႔ ဆုိတယ္။
Maximum Ultralight ကေတာ့ XS Max ဖုန္းရဲ႕ ေက်ာဘက္က Gorilla Glass 6 ကို ကာဘြန္နဲ႔ အစားထိုးလိုက္ျပီး ဒီလိုျပဳလုပ္လုိက္တဲ့အတြက္ မူရင္းအေလးခ်ိန္ထက္ ၈ ဂရမ္ပိုေပါ့ပါးသြားမွာ ျဖစ္တယ္။ စုစုေပါင္း ၂၀၈ ဂရမ္ေလးတဲ့ ဖုန္းအတြက္ေတာ့ သိပ္မသိသာေလာက္ေပမယ့္ေပါ့။
iPhone XS Max အတြက္ Maximum Diamond ဟာ အနက္ေရာင္ PVD Coating ေပၚမွာ စိန္အလုံးေရ ၄၀၀ စီခ်ယ္ထားျပီး MAX ဆုိတဲ့ စကားလုံးပုံေဖာ္ထားတယ္။ ေနာက္ဆုံး ေရႊကာဗာကေတာ့ Maximum Gold နဲ႔ Maximum Fine Gold ဆုိျပီး ႏွစ္မ်ဳိးရွိကာ Fine Gold Edition က ေရႊစစ္စစ္ ၁၅၀ ဂရမ္ကို ဖုန္းကုိယ္ထည္အျဖစ္ ေျပာင္းလဲတပ္ဆင္ေပးထားမွာပါ။
တကယ္လုိ႔ ဒီေလာက္ေစ်းၾကီးတဲ့ အရာေတြကို သုံးစြဲထားတဲ့ Case ကေတာင္ သင့္အတြက္ သီးသန္႔ျဖစ္တယ္လို႔ မခံစားရေသးဘူး ဆုိရင္ေတာ့ Caviar ေမာ္ဒယ္ေတြရဲ႕ ေက်ာဘက္မွာ သီးသန္႔ကိုယ္ပိုင္ နံပါတ္တစ္ခုစီ ပါဦးမွာ ျဖစ္ပါတယ္။ Maximum Collection ဗားရွင္းကေတာ့ ေစ်းသက္သာမွာ မဟုတ္ေပမယ့္ iPhone XS Max ကိုယ္တုိင္ကကို ေစ်းသက္သာတဲ့ ဖုန္းတစ္လုံးမဟုတ္တဲ့အတြက္ ပကာသနအတြက္ ကိုင္ေဆာင္ဖို႔ဆုိရင္ Caviar ကိုေတာင္ ပိုေရြးခ်ယ္သင့္ပါေသးတယ္။
ကာဘြန္အသားနဲ႔ Maximum Ultralight ဟာ ေဒၚလာ ၅၂၀၀ ကေန စတင္ျပီး တိုက္ေတနီယမ္ ကိုယ္ထည္နဲ႔ Maximum Invincible ကေတာ့ ၅၅၀၀ ပါ။ Maximum Diamond ဟာ ေဒၚလာ ၉၈၉၀ က်သင့္မွာျဖစ္ျပီး Maximum Gold က ေဒၚလာ ၅၉၆၀ နဲ႔ ေစ်းအျမင့္ဆုံး ေရႊသားကိုယ္ထည္အျပည့္နဲ႔ Fine Gold ကေတာ့ ေဒၚလာ ၁၅၃၄၀ ေတာင္ တန္ေၾကးရွိပါတယ္။
Ref – GSM Arena
Unicode
အမြင့်စားဖုန်းတွေကိုမှ ထပ်ပြီး ကုန်ကျစရိတ်ကြီးမားတဲ့ အမိုက်စား Case တွေ ဖန်တီးလေ့ရှိတဲ့ Caviar ကုမ္ပဏီအကြောင်း သိသူတွေကတော့ ဒီနှစ်လည်း Apple ရဲ့ iPhone XS Max အတွက် ပိုဈေးကြီးတဲ့ ဗားရှင်းတွေ လာဦးမှာပဲ ဆိုတာ သဘောပေါက်မှာပါ။
သူတို့ရဲ့ Maximum အမှတ်တံဆိပ်လိုင်းကနေ အဆိုပါရုရှအခြေစိုက်ကုမ္ပဏီက 512GB iPhone XS Max ရဲ့ကိုယ်ထည်ကို ကာဘွန်၊ တိုက်တေနီယမ်၊ စိန်၊ အခေါက်ရွှေနဲ့ 150 ဂရမ် အလေးချိန်ရှိတဲ့ Special Edition Gold Panel တွေ စီချယ်ပြလိုက်ပါပြီ။
XS Max ကို ကာကွယ်ပေးမယ့် တစ်မီလီမီတာအထူရှိ မာကျောမှုအဆင့် ထပ်မြှင့်ထားတဲ့ တိုက်တေနီယမ် ကိုယ်ထည်ကို Maximum Invincible လို့ခေါ်ပြီး ၎င်းကာဗာက သင့်ဖုန်းကို ကျည်ဆန်မှန်ရင်တောင် သံချပ်ကာ တစ်ခုလို ကာကွယ်ပေးနိုင်မယ်လို့ ဆိုတယ်။
Maximum Ultralight ကတော့ XS Max ဖုန်းရဲ့ ကျောဘက်က Gorilla Glass 6 ကို ကာဘွန်နဲ့ အစားထိုးလိုက်ပြီး ဒီလိုပြုလုပ်လိုက်တဲ့အတွက် မူရင်းအလေးချိန်ထက် ၈ ဂရမ်ပိုပေါ့ပါးသွားမှာ ဖြစ်တယ်။ စုစုပေါင်း ၂၀၈ ဂရမ်လေးတဲ့ ဖုန်းအတွက်တော့ သိပ်မသိသာလောက်ပေမယ့်ပေါ့။
iPhone XS Max အတွက် Maximum Diamond ဟာ အနက်ရောင် PVD Coating ပေါ်မှာ စိန်အလုံးရေ ၄၀၀ စီချယ်ထားပြီး MAX ဆိုတဲ့ စကားလုံးပုံဖော်ထားတယ်။ နောက်ဆုံး ရွှေကာဗာကတော့ Maximum Gold နဲ့ Maximum Fine Gold ဆိုပြီး နှစ်မျိုးရှိကာ Fine Gold Edition က ရွှေစစ်စစ် ၁၅၀ ဂရမ်ကို ဖုန်းကိုယ်ထည်အဖြစ် ပြောင်းလဲတပ်ဆင်ပေးထားမှာပါ။
တကယ်လို့ ဒီလောက်ဈေးကြီးတဲ့ အရာတွေကို သုံးစွဲထားတဲ့ Case ကတောင် သင့်အတွက် သီးသန့်ဖြစ်တယ်လို့ မခံစားရသေးဘူး ဆိုရင်တော့ Caviar မော်ဒယ်တွေရဲ့ ကျောဘက်မှာ သီးသန့်ကိုယ်ပိုင် နံပါတ်တစ်ခုစီ ပါဦးမှာ ဖြစ်ပါတယ်။ Maximum Collection ဗားရှင်းကတော့ ဈေးသက်သာမှာ မဟုတ်ပေမယ့် iPhone XS Max ကိုယ်တိုင်ကကို ဈေးသက်သာတဲ့ ဖုန်းတစ်လုံးမဟုတ်တဲ့အတွက် ပကာသနအတွက် ကိုင်ဆောင်ဖို့ဆိုရင် Caviar ကိုတောင် ပိုရွေးချယ်သင့်ပါသေးတယ်။
ကာဘွန်အသားနဲ့ Maximum Ultralight ဟာ ဒေါ်လာ ၅၂၀၀ ကနေ စတင်ပြီး တိုက်တေနီယမ် ကိုယ်ထည်နဲ့ Maximum Invincible ကတော့ ၅၅၀၀ ပါ။ Maximum Diamond ဟာ ဒေါ်လာ ၉၈၉၀ ကျသင့်မှာဖြစ်ပြီး Maximum Gold က ဒေါ်လာ ၅၉၆၀ နဲ့ ဈေးအမြင့်ဆုံး ရွှေသားကိုယ်ထည်အပြည့်နဲ့ Fine Gold ကတော့ ဒေါ်လာ ၁၅၃၄၀ တောင် တန်ကြေးရှိပါတယ်။
Ref – GSM Arena