[Zawgyi]
မၾကာေတာ့မယ့္ကာလအတြင္းမွာပဲ Google ရဲ႕ စပါယ္ရွယ္ပြဲၾကီးလာပါေတာ့မယ္။ အားလံုးသိတဲ့အတုိင္း Pixel 3 နဲ႔ Pixel 3 XL ေတြကို မိတ္ဆက္ေတာ့မယ့္ပြဲၾကီးပါ။ လာမယ့္ ေအာက္တိုဘာ ၉ရက္ေန႔ေရာက္ရင္ေတာ့ Google ကမိတ္ဆက္လာေတာ့မွာျဖစ္ျပီး Pixel 2/ 2XL တို႔တုန္းက အရိွန္အဝါၾကီးခဲ့တာေၾကာင့္ ဒီတစ္ေခါက္ 3XL ေတြကလည္း အားလံုးေမွ်ာ္လင့္တၾကီးေစာင့္စားေနတဲ့ဖုန္းတစ္လံုးျဖစ္ေနပါျပီ။
Pixel 2/ 2XL ေတြတုန္းက ကင္မရာေတြ၊ ေဆာ့ဖ္ဝဲလ္ေတြ၊ Stereo Speaker ေတြနဲ႔ ကိုင္ရတဲ့ ဖီလင္ေတြေၾကာင့္ အရမ္းေၾကြခဲ့ၾကတာပါ။ ေျပာရရင္ ကင္မရာကေတာ့ အေကာင္းဆံုးေပါ့။ ဒီတစ္ေခါက္မွာေတာ့ ပိုေကာင္းလာတဲ့ကင္မရာ၊ စပီကာနဲ႔ Android 9 Pie အျပင္ စိတ္အဝင္စားဆံုးက ဒီဇုိင္းပါ။
ခုခ်ိန္ထိ ထြက္ခဲ့ျပီးသမွ် Leak ပံုေတြထဲမွာ Google Pixel 3XL က ထိပ္ဖက္ Notch ၾကိီးပါလာတာေတြ႔ရပါတယ္။ notch ထဲမွာေတာ့ ညဘက္ေတြေတာင္ေကာင္းေကာင္း Lock ဖြင့္လို႔ရတဲ့ Infrared-Sensor ပါလာႏုိင္ျပီး ေဘာင္ေလးေတြလည္း ေတာ္ေတာ္ပါးလာတာေတြ႔ရပါတယ္။ ေအာက္ဘက္ chin ေလးကေတာ့ နည္းနည္းေလးၾကီးေနဆဲပါပဲ။
Display လည္းနည္းနည္းပိုၾကီးလာျပီး P-OLED panel ကလည္း မႏွစ္ကထက္ပိုေကာင္းလာမယ္ထင္ပါတယ္။ မႏွစ္က Pixel 2XL ေတြတုန္းက စပီကာျပႆနာ၊ Display burn-in ျဖစ္တာေတြ၊ဘက္ထရီအားကုန္ျမန္တာေတြနဲ႔ မိုက္ခရိုဖုန္းျပႆနာေတြရိွခဲ့ေပမယ့္ ဒီတစ္ေခါက္ 3XL ေတြကေတာ့ ဘာ Hardware error မွ မရိွဘဲ ထြက္လာမယ္လို႔ေတာ့ ေမွ်ာ္လင့္မိပါတယ္။ ကင္မရာကေတာ့ အေကာင္းဆံုးလို႔တင္စားၾကတဲ့ Pixel 2XL ထက္ေတာင္ ပိုေကာင္းေနမယ္ဆိုရင္ နာမည္ၾကီးဦးမွာ အေသအခ်ာပါပဲ။
ဘယ္အပိုင္းေတြမွာ ပိုေကာင္းလာမလဲ ထြက္လာခဲ့တဲ့ Leak ေတြအတုိင္းပဲ ျဖစ္မလားဆိုတာကိုေတာ့ လာမယ့္ ေအာက္တိုဘာ၉ရက္ေန႔က်ရင္ သိရေတာ့မွာပါ။ ဒီၾကားထဲမွာလည္း Rumors ေတြထြက္လာရင္ ထပ္တင္ေပးသြားဦးမွာမုိ႔ေစာင့္ေမွ်ာ္ၾကည့္လိုက္ရေအာင္.
[Unicode]
မကြာတော့မယ့်ကာလအတွင်းမှာပဲ Google ရဲ့ စပါယ်ရှယ်ပွဲကြီးလာပါတော့မယ်။ အားလုံးသိတဲ့အတိုင်း Pixel 3 နဲ့ Pixel 3 XL တွေကို မိတ်ဆက်တော့မယ့်ပွဲကြီးပါ။ လာမယ့် အောက်တိုဘာ ၉ရက်နေ့ရောက်ရင်တော့ Google ကမိတ်ဆက်လာတော့မှာဖြစ်ပြီး Pixel 2/ 2XL တို့တုန်းက အရှိန်အဝါကြီးခဲ့တာကြောင့် ဒီတစ်ခေါက် 3XL တွေကလည်း အားလုံးမျှော်လင့်တကြီးစောင့်စားနေတဲ့ဖုန်းတစ်လုံးဖြစ်နေပါပြီ။
Pixel 2/ 2XL တွေတုန်းက ကင်မရာတွေ၊ ဆော့ဖ်ဝဲလ်တွေ၊ Stereo Speaker တွေနဲ့ ကိုင်ရတဲ့ ဖီလင်တွေကြောင့် အရမ်းကြွေခဲ့ကြတာပါ။ ပြောရရင် ကင်မရာကတော့ အကောင်းဆုံးပေါ့။ ဒီတစ်ခေါက်မှာတော့ ပိုကောင်းလာတဲ့ကင်မရာ၊ စပီကာနဲ့ Android 9 Pie အပြင် စိတ်အဝင်စားဆုံးက ဒီဇိုင်းပါ။
ခုချိန်ထိ ထွက်ခဲ့ပြီးသမျှ Leak ပုံတွေထဲမှာ Google Pixel 3XL က ထိပ်ဖက် Notch ကြီးပါလာတာတွေ့ရပါတယ်။ notch ထဲမှာတော့ ညဘက်တွေတောင်ကောင်းကောင်း Lock ဖွင့်လို့ရတဲ့ Infrared-Sensor ပါလာနိုင်ပြီး ဘောင်လေးတွေလည်း တော်တော်ပါးလာတာတွေ့ရပါတယ်။ အောက်ဘက် chin လေးကတော့ နည်းနည်းလေးကြီးနေဆဲပါပဲ။
Display လည်းနည်းနည်းပိုကြီးလာပြီး P-OLED Panel ကလည်း မနှစ်ကထက်ပိုကောင်းလာမယ်ထင်ပါတယ်။ မနှစ်က Pixel 2XL တွေတုန်းက စပီကာပြဿနာ၊ Display burn-in ဖြစ်တာတွေ၊ဘက်ထရီအားကုန်မြန်တာတွေနဲ့ မိုက်ခရိုဖုန်းပြဿနာတွေရှိခဲ့ပေမယ့် ဒီတစ်ခေါက် 3XL တွေကတော့ ဘာ Hardware Error မှ မရှိဘဲ ထွက်လာမယ်လို့တော့ မျှော်လင့်မိပါတယ်။ ကင်မရာကတော့ အကောင်းဆုံးလို့တင်စားကြတဲ့ Pixel 2XL ထက်တောင် ပိုကောင်းနေမယ်ဆိုရင် နာမည်ကြီးဦးမှာ အသေအချာပါပဲ။
ဘယ်အပိုင်းတွေမှာ ပိုကောင်းလာမလဲ ထွက်လာခဲ့တဲ့ Leak တွေအတိုင်းပဲ ဖြစ်မလားဆိုတာကိုတော့ လာမယ့် အောက်တိုဘာ၉ရက်နေ့ကျရင် သိရတော့မှာပါ။ ဒီကြားထဲမှာလည်း Rumors တွေထွက်လာရင် ထပ်တင်ပေးသွားဦးမှာမို့စောင့်မျှော်ကြည့်လိုက်ရအောင်.