Zawgyi Font Version

Huawei ရဲ႕ P20 Pro ဟာ ေနာက္ေက်ာဘက္ ကင္မရာ သံုးလံုးပါဝင္တဲ့ ပထမဆံုး ဖုန္းတစ္လံုးအျဖစ္ စံခ်ိန္တင္ခဲ့ပါတယ္။ Samsung A7 (2018) မွာလဲ ေနာက္ေက်ာဘက္ ကင္မရာသံုးလံုးပါဝင္လာမွာျဖစ္ျပီး ေနာက္ေက်ာဘက္ ကင္မရာအမ်ားၾကီးထည့္သြင္းလာၾကတာဟာ စမတ္ဖုန္းေလာကမွာ အရမ္းေရပန္းစားလာပါတယ္။ Lenovo ကေတာ့ သူ႔ရဲ႕ ေနာက္ထုတ္မယ့္ ဖုန္းျဖစ္တဲ့ Z5 Pro မွာ ေနာက္ေက်ာဘက္ ကင္မရာ ေလးလံုးထိ တပ္ဆင္ေပးျပီး ေနာက္ေက်ာဘက္ ကင္မရာအမ်ားဆံုး စံခ်ိန္ခ်ိဳးေတာ့မွာပါ။

မၾကာေသးခင္ကပဲ Lenovo ရဲ႕ Vice President ျဖစ္တဲ့ Chang Cheng ဟာ တရုတ္ Social Platform တစ္ခုျဖစ္တဲ့ Weibo မွာ ကင္မရာေလးလံုးကိုေပါင္းစပ္ထားတဲ့ Quad Camera Setup ကိုေဖာ္ျပထားတဲ့ ပိုစတာ တစ္ခုကို တင္ခဲ့ပါတယ္။ ကင္မရာ ေလးခုကို မၾကာခင္မိတ္ဆက္ေတာ့မယ့္ Huawei Mate 20 Series ေတြအတိုင္းပဲ ေလးေထာင့္ ဖရိန္ထဲမွာထည့္ေဆာက္ထားတာျဖစ္ပါတယ္။ ကင္မရာေလးလံုးရဲ႕ အလယ္တည့္တည့္မွာေတာ့ LED Flash မီးလံုးေသးေသးေလးကိုထည့္သြင္းေပးထားပါတယ္။

အဆိုပါ ပိုစတာအရ Z5 Pro ကို ေအာက္တိုဘာလအတြင္း မိတ္ဆက္မယ္လို႔သိရေပမယ့္ ဘယ္ေန႔မွာမိတ္ဆက္မလဲဆိုတာကိုေတာ့ မသိရေသးပါဘူး။ ကင္မရာေလးလံုးကို AI ေထာက္ပံ့စနစ္နဲ႔ အားျဖည့္ေပးမယ္လို႔လည္းသိရပါတယ္။ Lenovo Z5 Pro ကိုအရင္အပတ္ကတည္းက Tease လုပ္ခဲ့တာပါ။ Oppo Find X လို Bezel-less Display နဲ႔လာမွာျဖစ္ျပီး Camera ရိုက္ေတာ့မွ Slider ေလးကိုအေပၚကိုတြန္းလိုက္ရမွာပါ။ Oppo Find X နဲ႔ မတူတဲ့အခ်က္ကေတာ့ Camera ရိုက္ေတာ့မယ္ဆိုရင္ Slider ကေမာ္တာနဲ႔ အလိုလိုတက္လာမွာမဟုတ္ပဲ အရင္တုန္းက Sony Erricsson Cybershot ဖုန္းေတြလိုမ်ိဳး လက္နဲ႔ တြန္းဖြင့္ရမွာပါ။

Ref: Gizmo China

Unicode Version

Huawei ရဲ့ P20 Pro ဟာ နောက်ကျောဘက် ကင်မရာ သုံးလုံးပါဝင်တဲ့ ပထမဆုံး ဖုန်းတစ်လုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ Samsung A7 (2018) မှာလဲ နောက်ကျောဘက် ကင်မရာသုံးလုံးပါဝင်လာမှာဖြစ်ပြီး နောက်ကျောဘက် ကင်မရာအများကြီးထည့်သွင်းလာကြတာဟာ စမတ်ဖုန်းလောကမှာ အရမ်းရေပန်းစားလာပါတယ်။ Lenovo ကတော့ သူ့ရဲ့ နောက်ထုတ်မယ့် ဖုန်းဖြစ်တဲ့ Z5 Pro မှာ နောက်ကျောဘက် ကင်မရာ လေးလုံးထိ တပ်ဆင်ပေးပြီး နောက်ကျောဘက် ကင်မရာအများဆုံး စံချိန်ချိုးတော့မှာပါ။

မကြာသေးခင်ကပဲ Lenovo ရဲ့ Vice President ဖြစ်တဲ့ Chang Cheng ဟာ တရုတ် Social Platform တစ်ခုဖြစ်တဲ့ Weibo မှာ ကင်မရာလေးလုံးကိုပေါင်းစပ်ထားတဲ့ Quad Camera Setup ကိုဖော်ပြထားတဲ့ ပိုစတာ တစ်ခုကို တင်ခဲ့ပါတယ်။ ကင်မရာ လေးခုကို မကြာခင်မိတ်ဆက်တော့မယ့် Huawei Mate 20 Series တွေအတိုင်းပဲ လေးထောင့် ဖရိန်ထဲမှာထည့်ဆောက်ထားတာဖြစ်ပါတယ်။ ကင်မရာလေးလုံးရဲ့ အလယ်တည့်တည့်မှာတော့ LED Flash မီးလုံးသေးသေးလေးကိုထည့်သွင်းပေးထားပါတယ်။

အဆိုပါ ပိုစတာအရ Z5 Pro ကို အောက်တိုဘာလအတွင်း မိတ်ဆက်မယ်လို့သိရပေမယ့် ဘယ်နေ့မှာမိတ်ဆက်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ကင်မရာလေးလုံးကို AI ထောက်ပံ့စနစ်နဲ့ အားဖြည့်ပေးမယ်လို့လည်းသိရပါတယ်။ Lenovo Z5 Pro ကိုအရင်အပတ်ကတည်းက Tease လုပ်ခဲ့တာပါ။ Oppo Find X လို Bezel-less Display နဲ့လာမှာဖြစ်ပြီး Camera ရိုက်တော့မှ Slider လေးကိုအပေါ်ကိုတွန်းလိုက်ရမှာပါ။ Oppo Find X နဲ့ မတူတဲ့အချက်ကတော့ Camera ရိုက်တော့မယ်ဆိုရင် Slider ကမော်တာနဲ့ အလိုလိုတက်လာမှာမဟုတ်ပဲ အရင်တုန်းက Sony Erricsson Cybershot ဖုန်းတွေလိုမျိုး လက်နဲ့ တွန်းဖွင့်ရမှာပါ။

Ref: Gizmo China