HMD Global ကုမၸဏီက သူတုိ႔ရဲ႕ Mid-Range ထုတ္ကုန္အသစ္ Nokia 7.1 ကိုမိတ္ဆက္ခဲ့ျပီး သပ္ရပ္ေက်ာ့ရွင္းတဲ့ ဒီဇုိင္းနဲ႔ သင့္တင့္တဲ့ေစ်းႏႈန္းတုိ႔က အဓိကဆြဲေဆာင္မႈျဖစ္ပါတယ္။

5.84” လက္မအရြယ္ PureDisplay အသုံးျပဳထားျပီး 1080x 2280p Resolution ပုိင္ဆုိင္တဲ့ဖုန္းမွာ Gorilla Glass 3 ကိုအသုံးျပဳထားျပီး မုိဘုိင္းဖုန္းေတြမွာ ေတြ႕ရခဲ့ေသးတဲ့ HDR10 ေထာက္ပံ့မႈ ပါဝင္ပါတယ္။ ဒါ့အျပင္ Display က HDR ကေန SDR ဗီဒီယုိအျဖစ္ Real-time ေျပာင္းလဲေပးႏုိင္တယ္။

Nokia 7.1 အတြင္းမွာေတာ့ Qualcomm ရဲ႕ Snapdragon 636 SoC ကိုအသုံးျပဳထားကာ RAM မန္မုိရီ ပမာဏ 3GB သုိ႔ 4GB ကို ေရြးခ်ယ္ႏုိင္မွာျဖစ္ျပီး Storage ကလည္း 32GB နဲ႔ 64GB အသီးသီးျဖစ္ပါတယ္။ Storage ပမာဏနည္းတယ္လုိ႔ ထင္ရရင္လည္း ထပ္တုိးခ်ဲ႕ဖို႔ MicroSD Slot တစ္ခုပါဝင္တယ္။

ေရွ႕ဘက္ဆယ္လ္ဖီကင္မရာက 8MP f/2.0 ဆင္ဆာျဖစ္ျပီး AI စနစ္တုိးျမွင့္ေပးထားတဲ့ Face Unlock စနစ္ ပါဝင္ပါတယ္။ ေက်ာဘက္ကေတာ့ 12MP အဓိကကင္မရာနဲ႔ 5MP အျဖဴအမည္းကင္မရာငယ္တုိ႔ အတြဲပါ။ ေက်ာဘက္ကင္မရာေတြမွာ Zeiss အျမင္ပုိင္းစနစ္နဲ႔ ေဆာ့ဖ္ဝဲလ္ေတြပါဝင္တဲ့အျပင္ Bothie Mode လို Feature က ပုံရိပ္ေသ သုိ႔မဟုတ္ ဗီဒီယုိ ရုိက္ကူးတဲ့အခါ ေရွ႕ေနာက္ကင္မရာႏွစ္လုံးကို တျပဳိင္တည္း အသုံးျပဳလို႔ ရေစတဲ့ စြမ္းအားမ်ဳိး ေပးပါတယ္။

ဘကၳရီကေတာ့ 3060 mAh ျဖစ္ျပီး USB-C ေပါက္မွတဆင့္ လွ်င္ျမန္စြာအားသြင္းႏုိင္တဲ့ စနစ္ကို ေထာက္ပံ့ေပးတယ္။ ႏုိကီရာကေတာ့ ဖုန္းအား 50% ကုိ နာရီဝက္နဲ႔ သြင္းႏုိင္တယ္လို႔ ဆုိပါတယ္။ စက္ႏွင္စနစ္ အေနနဲ႔ Android 8.1 Oreo ပါဝင္ျပီး Android One ပရုိဂရမ္ရဲ႕ တစ္စိတ္တပုိင္းျဖစ္တယ္။ ႏုိဝင္ဘာမွာ 9.0 Pie Update ရမယ္လို႔ အာမခံထားသလို Major Update သက္တမ္းႏွစ္ႏွစ္နဲ႔ လစဥ္ Security Patch ကို သုံးႏွစ္ထိ ထုတ္ေပးမွာ ျဖစ္ပါတယ္။

Nokia 7.1 ဟန္းဆက္ဟာ ေအာက္တုိဘာ ၅ ရက္ေန႔မွာ အၾကိဳမွာယူမႈ စတင္ႏုိင္ျပီး ၂၈ ရက္ေန႔မွ ေစ်းကြက္ထဲ ျဖန္႔ခ်ိမွာပါ။ Gloss Midnight Blue နဲ႔ Gloss Steel ကာလာေတြ ေရြးခ်ယ္ႏုိင္ျပီး 3GB/32GB ေမာ္ဒယ္က ယူရုိ ၃၂၀ နဲ႔ 4GB/62GB ဗားရွင္းကေတာ့ ယူရုိ ၃၅၀ ဝန္းက်င္ျဖစ္ပါတယ္။

Ref – GSM Arena

Unicode

HMD Global ကုမ္ပဏီက သူတို့ရဲ့ Mid-Range ထုတ်ကုန်အသစ် Nokia 7.1 ကိုမိတ်ဆက်ခဲ့ပြီး သပ်ရပ်ကျော့ရှင်းတဲ့ ဒီဇိုင်းနဲ့ သင့်တင့်တဲ့ဈေးနှုန်းတို့က အဓိကဆွဲဆောင်မှုဖြစ်ပါတယ်။

5.84” လက်မအရွယ် PureDisplay အသုံးပြုထားပြီး 1080x 2280p Resolution ပိုင်ဆိုင်တဲ့ဖုန်းမှာ Gorilla Glass 3 ကိုအသုံးပြုထားပြီး မိုဘိုင်းဖုန်းတွေမှာ တွေ့ရခဲ့သေးတဲ့ HDR10 ထောက်ပံ့မှု ပါဝင်ပါတယ်။ ဒါ့အပြင် Display က HDR ကနေ SDR ဗီဒီယိုအဖြစ် Real-time ပြောင်းလဲပေးနိုင်တယ်။

Nokia 7.1 အတွင်းမှာတော့ Qualcomm ရဲ့ Snapdragon 636 SoC ကိုအသုံးပြုထားကာ RAM မန်မိုရီ ပမာဏ 3GB သို့ 4GB ကို ရွေးချယ်နိုင်မှာဖြစ်ပြီး Storage ကလည်း 32GB နဲ့ 64GB အသီးသီးဖြစ်ပါတယ်။ Storage ပမာဏနည်းတယ်လို့ ထင်ရရင်လည်း ထပ်တိုးချဲ့ဖို့ MicroSD Slot တစ်ခုပါဝင်တယ်။

ရှေ့ဘက်ဆယ်လ်ဖီကင်မရာက 8MP f/2.0 ဆင်ဆာဖြစ်ပြီး AI စနစ်တိုးမြှင့်ပေးထားတဲ့ Face Unlock စနစ် ပါဝင်ပါတယ်။ ကျောဘက်ကတော့ 12MP အဓိကကင်မရာနဲ့ 5MP အဖြူအမည်းကင်မရာငယ်တို့ အတွဲပါ။ ကျောဘက်ကင်မရာတွေမှာ Zeiss အမြင်ပိုင်းစနစ်နဲ့ ဆော့ဖ်ဝဲလ်တွေပါဝင်တဲ့အပြင် Bothie Mode လို Feature က ပုံရိပ်သေ သို့မဟုတ် ဗီဒီယို ရိုက်ကူးတဲ့အခါ ရှေ့နောက်ကင်မရာနှစ်လုံးကို တပြိုင်တည်း အသုံးပြုလို့ ရစေတဲ့ စွမ်းအားမျိုး ပေးပါတယ်။

ဘက္ထရီကတော့ 3060 mAh ဖြစ်ပြီး USB-C ပေါက်မှတဆင့် လျှင်မြန်စွာအားသွင်းနိုင်တဲ့ စနစ်ကို ထောက်ပံ့ပေးတယ်။ နိုကီရာကတော့ ဖုန်းအား 50% ကို နာရီဝက်နဲ့ သွင်းနိုင်တယ်လို့ ဆိုပါတယ်။ စက်နှင်စနစ် အနေနဲ့ Android 8.1 Oreo ပါဝင်ပြီး Android One ပရိုဂရမ်ရဲ့ တစ်စိတ်တပိုင်းဖြစ်တယ်။ နိုဝင်ဘာမှာ 9.0 Pie Update ရမယ်လို့ အာမခံထားသလို Major Update သက်တမ်းနှစ်နှစ်နဲ့ လစဉ် Security Patch ကို သုံးနှစ်ထိ ထုတ်ပေးမှာ ဖြစ်ပါတယ်။

Nokia 7.1 ဟန်းဆက်ဟာ အောက်တိုဘာ ၅ ရက်နေ့မှာ အကြိုမှာယူမှု စတင်နိုင်ပြီး ၂၈ ရက်နေ့မှ ဈေးကွက်ထဲ ဖြန့်ချိမှာပါ။ Gloss Midnight Blue နဲ့ Gloss Steel ကာလာတွေ ရွေးချယ်နိုင်ပြီး 3GB/32GB မော်ဒယ်က ယူရို ၃၂၀ နဲ့ 4GB/62GB ဗားရှင်းကတော့ ယူရို ၃၅၀ ဝန်းကျင်ဖြစ်ပါတယ်။

Ref – GSM Arena