Lenovo Z5 ဟာ ျပီးခဲ့တဲ့ဇြန္လတုန္းက တရုတ္ျပည္တြင္းေစ်းကြက္မွာ စတင္ေရာင္းခ်ခဲ့တဲ့ Mid-Range ဖုန္းတစ္လုံးပါ။ ယူရုိႏွစ္ရာနီးပါးသာရွိတဲ့ ဖုန္းဟာ သူ႕ရဲ႕ဆြဲေဆာင္မႈရွိတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ျပည္တြင္းေစ်းကြက္မွာေတာ့ အေျခအေနေကာင္းေနပုံရပါတယ္။ ဒါ့အျပင္ ႏုိင္ငံတကာေစ်းကြက္ကိုလည္း မၾကာခင္ ထြက္လာေတာ့မယ့္ အရိပ္အေယာင္ျပလာခဲ့ပါျပီ။

လာမယ့္ ေအာက္တုိဘာ ၁၆ ရက္ေန႔မွာ Lenovo က က်င္းပမယ့္ မိတ္ဆက္ပြဲတစ္ခုအတြက္ ပုိစတာတစ္ခု ထြက္ေပၚလာခဲ့ျပီး “The Killer Returns” ဆုိတဲ့ စာသားနဲ႔အတူ ေခ်ာမြတ္တဲ့ အနက္ေရာင္ကုိယ္ထည္နဲ႔ Tease လုပ္ထားပါတယ္။ ဒါ့ေၾကာင့္ Z5 ဟာ တရုတ္ျပည္ပေစ်းကြက္ေတြကို ထြက္လာမယ္ဆုိတဲ့ သတင္းကို အတည္ျပဳလိုက္သလိုပါပဲ။

Lenovo ဟာ Flagship အဆင့္ စမတ္ဖုန္းအသစ္ကို မိတ္ဆက္ဖို႔လည္း ၾကိဳးစားေနတာျဖစ္ျပီး ေက်ာဘက္မွာ ကင္မရာေလးလုံးပါဝင္မယ္ဆုိတဲ့ Lenovo Z5 Pro ကို မိတ္ဆက္လာမွာလည္း ျဖစ္ႏုိင္တာပါပဲ။ Slider ဖုန္း ေခတ္သစ္ကို ဦးေဆာင္လာဦးမယ့္ Lenovo Z5 Pro ကိုလည္း အစပုိင္းမွာ တရုတ္ေစ်းကြက္သီးသန္႔ပဲ ျဖန္႔ခ်ိမယ္လို႔ သတင္းထြက္ခဲ့ေသးတာပါ။ ဒါ့ေၾကာင့္ အျဖဴအမည္းသဲကြဲေအာင္ ၁၆ ရက္ေန႔ မိတ္ဆက္ပြဲကုိ ေစာင့္ၾကည့္ၾကရမွာပါပဲ။

Ref – GSM Arena

Unicode

Lenovo Z5 ဟာ ပြီးခဲ့တဲ့ဇွန်လတုန်းက တရုတ်ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချခဲ့တဲ့ Mid-Range ဖုန်းတစ်လုံးပါ။ ယူရိုနှစ်ရာနီးပါးသာရှိတဲ့ ဖုန်းဟာ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့ စွမ်းဆောင်ရည်ကြောင့် ပြည်တွင်းဈေးကွက်မှာတော့ အခြေအနေကောင်းနေပုံရပါတယ်။ ဒါ့အပြင် နိုင်ငံတကာဈေးကွက်ကိုလည်း မကြာခင် ထွက်လာတော့မယ့် အရိပ်အယောင်ပြလာခဲ့ပါပြီ။

လာမယ့် အောက်တိုဘာ ၁၆ ရက်နေ့မှာ Lenovo က ကျင်းပမယ့် မိတ်ဆက်ပွဲတစ်ခုအတွက် ပိုစတာတစ်ခု ထွက်ပေါ်လာခဲ့ပြီး “The Killer Returns” ဆိုတဲ့ စာသားနဲ့အတူ ချောမွတ်တဲ့ အနက်ရောင်ကိုယ်ထည်နဲ့ Tease လုပ်ထားပါတယ်။ ဒါ့ကြောင့် Z5 ဟာ တရုတ်ပြည်ပဈေးကွက်တွေကို ထွက်လာမယ်ဆိုတဲ့ သတင်းကို အတည်ပြုလိုက်သလိုပါပဲ။

Lenovo ဟာ Flagship အဆင့် စမတ်ဖုန်းအသစ်ကို မိတ်ဆက်ဖို့လည်း ကြိုးစားနေတာဖြစ်ပြီး ကျောဘက်မှာ ကင်မရာလေးလုံးပါဝင်မယ်ဆိုတဲ့ Lenovo Z5 Pro ကို မိတ်ဆက်လာမှာလည်း ဖြစ်နိုင်တာပါပဲ။ Slider ဖုန်း ခေတ်သစ်ကို ဦးဆောင်လာဦးမယ့် Lenovo Z5 Pro ကိုလည်း အစပိုင်းမှာ တရုတ်ဈေးကွက်သီးသန့်ပဲ ဖြန့်ချိမယ်လို့ သတင်းထွက်ခဲ့သေးတာပါ။ ဒါ့ကြောင့် အဖြူအမည်းသဲကွဲအောင် ၁၆ ရက်နေ့ မိတ်ဆက်ပွဲကို စောင့်ကြည့်ကြရမှာပါပဲ။

Ref – GSM Arena