Zawgyi Font Version
လြန္ခဲ့တဲ့ ရက္ပိုင္းက HUAWEI Mate Series ရဲ႕ ေနာက္ဆံုး Mate 20 ဖုန္းေတြျဖစ္တဲ့ Mate 20 နဲ႔ Mate 20 Pro အေၾကာင္း ေတာ္ေတာ္မ်ားမ်ား ၾကားခဲ့ရပါတယ္။ အခုအခါမွာေတာ့ တတိယေျမာက္ Mate 20 ဖုန္းတစ္လံုးထြက္လာမယ္လို႔ သတင္းေတြၾကားေနရပါျပီ။ HUAWEI Mate 20 Porsche Design ျဖစ္မယ္လို႔ ထင္ခဲ့ေပမယ့္ ကုမၸဏီက ေနာက္ဆံုးျပသလိုက္တဲ့ Teaser အရ ေအာက္တိုဘာ ၁၆ ရက္မွာမိတ္ဆက္မယ့္ အဆိုပါ ဖုန္းဟာ Mate 20X လို႔ ေခၚတဲ့ Gaming ဖုန္းတစ္လံုးျဖစ္ပါတယ္။
တစ္ျခား Teaser Video တစ္ခုအရလည္း ဒီ Mate 20X ဟာ အမွန္တစ္ကယ္ပဲ Gaming ဖုန္းတစ္လံုးျဖစ္ကာ အပူစြန္႔ပစ္တဲ့ ပိုက္လိုင္းေတြ နဲ႔ ၾကီးမားလွတဲ့ ဘက္ထရီေၾကာင့္ အခ်ိန္ၾကာျမင့္စြာ ဂိမ္းကာစားႏိုင္ေစမွာပါ။ HUAWEI ရဲ႕ဒီ Mate 20X ဟာ တစ္ျခား Gaming ဖုန္းေတြျဖစ္တဲ့ Xiaomi Blackshark, ASUS ROG, Rqzer Phone နဲ႔ Nubia Red Magic ဆိုတဲ့ Gaming ဖုန္းေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္ရမွာပါ။
HUAWEI ရဲ႕ ဒီလွုပ္ရွားမွုဟာ ဘာ Leak ဘာ Rumor မွ မထြက္ခဲ့တဲ့အတြက္ လံုးဝထင္မွတ္မထားတဲ့ အရာတစ္ခုပါ။ ဒီဖုန္းနဲ႔ ပက္သက္ျပီး Spec ေတြကေတာ့ အနည္းငယ္သာ သိရပါေသးတယ္။ 7.12-inch ရွိတဲ့ OLED Display ကိုအသံုးျပဳထားျပီး 2240 × 1080p Resolution ရွိတယ္။ HUAWEI ရဲ႕ ေနာက္ဆံုးေပၚ Kirin 980 Chip ကိုအသံုးျပဳေပးထားျပီး RAM 4GB, 6GB နဲ႔ 8GB ေမာ္ဒယ္ေတြထုတ္မွာပါ။
Ref: Giz China
Unicode Version
လွန်ခဲ့တဲ့ ရက်ပိုင်းက HUAWEI Mate Series ရဲ့ နောက်ဆုံး Mate 20 ဖုန်းတွေဖြစ်တဲ့ Mate 20 နဲ့ Mate 20 Pro အကြောင်း တော်တော်များများ ကြားခဲ့ရပါတယ်။ အခုအခါမှာတော့ တတိယမြောက် Mate 20 ဖုန်းတစ်လုံးထွက်လာမယ်လို့ သတင်းတွေကြားနေရပါပြီ။ HUAWEI Mate 20 Porsche Design ဖြစ်မယ်လို့ ထင်ခဲ့ပေမယ့် ကုမ္ပဏီက နောက်ဆုံးပြသလိုက်တဲ့ Teaser အရ အောက်တိုဘာ ၁၆ ရက်မှာမိတ်ဆက်မယ့် အဆိုပါ ဖုန်းဟာ Mate 20X လို့ ခေါ်တဲ့ Gaming ဖုန်းတစ်လုံးဖြစ်ပါတယ်။
တစ်ခြား Teaser Video တစ်ခုအရလည်း ဒီ Mate 20X ဟာ အမှန်တစ်ကယ်ပဲ Gaming ဖုန်းတစ်လုံးဖြစ်ကာ အပူစွန့်ပစ်တဲ့ ပိုက်လိုင်းတွေ နဲ့ ကြီးမားလှတဲ့ ဘက်ထရီကြောင့် အချိန်ကြာမြင့်စွာ ဂိမ်းကာစားနိုင်စေမှာပါ။ HUAWEI ရဲ့ဒီ Mate 20X ဟာ တစ်ခြား Gaming ဖုန်းတွေဖြစ်တဲ့ Xiaomi Blackshark, ASUS ROG, Rqzer Phone နဲ့ Nubia Red Magic ဆိုတဲ့ Gaming ဖုန်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာပါ။
HUAWEI ရဲ့ ဒီလှုပ်ရှားမှုဟာ ဘာ Leak ဘာ Rumor မှ မထွက်ခဲ့တဲ့အတွက် လုံးဝထင်မှတ်မထားတဲ့ အရာတစ်ခုပါ။ ဒီဖုန်းနဲ့ ပက်သက်ပြီး Spec တွေကတော့ အနည်းငယ်သာ သိရပါသေးတယ်။ 7.12-inch ရှိတဲ့ OLED Display ကိုအသုံးပြုထားပြီး 2240 × 1080p Resolution ရှိတယ်။ HUAWEI ရဲ့ နောက်ဆုံးပေါ် Kirin 980 Chip ကိုအသုံးပြုပေးထားပြီး RAM 4GB, 6GB နဲ့ 8GB မော်ဒယ်တွေထုတ်မှာပါ။
Ref: Giz China