ၾကိဳတင္ေၾကျငာထားတဲ့အတုိင္းပဲ S5 Pro နဲ႔ K5 Pro စမတ္ဖုန္းအသစ္မ်ားကို ယေန႔မွာ Lenovo က ေၾကျငာမိတ္ဆက္လိုက္ပါတယ္။ ဖုန္းႏွစ္မ်ဳိးလုံးဟာ Mid-Range ေတြျဖစ္ျပီး တန္ဖိုးအနည္းငယ္ ကြာျခားမႈ ရွိေပမယ့္ တူညီတဲ့ Feature ေတြ ပါဝင္တယ္။

Lenovo S5 Pro

အလယ္အလတ္တန္း ေစ်းႏႈန္းနဲ႔ မိတ္ဆက္လာတဲ့ Lenovo S5 Pro ကေတာ့ တကယ္ကို ေကာင္းမြန္တဲ့ Feature ေတြ ပါဝင္လာပါတယ္။ သတၳဳေပါင္းစပ္ကိုယ္ထည္မွာ 6.2” လက္မအရြယ္ IPS LCD Display ပါဝင္လာျပီး 1080p Resolution ျဖစ္တယ္။ Notch တစ္ခု ပါဝင္ေပမယ့္ 20MP ဆုိနီထုတ္ ဆင္ဆာနဲ႔ ကင္မရာ အျပင္ 3D Infrared Face Scanner ပါ ထည့္သြင္းလာတာ ျဖစ္တယ္။ Infrared Scanner ဟာ ထုံးစံအတုိင္း လုံျခဳံမႈအတြက္ ဆုိေပမယ့္ တကယ္တမ္းမွာ ဆယ္လ္ဖီအရည္အေသြးကိုလည္း တုိးျမွင့္ေပးဖို႔ ျဖစ္ပါတယ္။

ေက်ာဘက္မွာေတာ့ Dual ကင္မရာတစ္စုံပါဝင္ျပီး အဓိက ကင္မရာက 12MP နဲ႔ ဒုတိယကင္မရာက (f/2.6) 20MP ဆင္ဆာ ျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာရဲ႕ စြမ္းအားက 4K ရုပ္ထြက္ကို 30fps နဲ႔ ရုိက္ကူးႏုိင္သလို ေရွ႕ဘက္ ကင္မရာကလည္း 1080p ထိ ရုိက္ကူးမွတ္တမ္းတင္ႏုိင္ပါတယ္။ Fingerprint Reader တစ္ခုလည္း ေက်ာဘက္မွာ ပါဝင္တယ္။

Lenovo S5 Pro ကို Snapdragon 636 ခ်စ္ပ္ဆက္ အသုံးျပဳထားျပီး 6GB RAM မန္မုိရီနဲ႔ Storage မွာေတာ့ 64 / 128 GB ႏွစ္မ်ဳိး ေရြးခ်ယ္ႏုိင္တယ္။ Lenovo ရဲ႕ ကိုယ္ပုိင္ AI အမွတ္တံဆိပ္ ZUI ေဆာ့ဖ္ဝဲလ္ ပါဝင္ျပီး Split Screen Multitasking ကိုလည္း ေထာက္ပံ့ေပးႏုိင္ပါတယ္။

ဘကၳရီအားကေတာ့ 3500 mAh ျဖစ္ျပီး USB-C Type အားသြင္းၾကိဳး ျဖစ္တယ္။ Lenovo ရဲ႕ တရုတ္ဗားရွင္း ဝက္ဘ္ဆုိက္မွာ ေလာေလာဆယ္ ၾကိဳတင္မွာယူႏုိင္ျပီး ေအာက္တုိဘာ ၂၃ က်မွ ေစ်းကြက္ထဲ စတင္တင္ပို႔မွာျဖစ္ပါတယ္။ 6/64GB အေျခခံဗားရွင္းဟာ ေဒၚလာ ၁၉၀ ဝန္းက်င္ က်သင့္ျပီး 128 GB ေမာ္ဒယ္ကို ေစ်းႏႈန္းမသိရေသးဘူး။

Lenovo K5 Pro

Lenovo K5 Pro ကေတာ့ S5 Pro ရဲ႕ ပိုေစ်းခ်ဳိတဲ့ ဗားရွင္းလို႔ ေျပာႏုိင္တယ္။ သူ႕မွာ ေျခာက္လက္မအရြယ္ 1080p+ Screen ပါဝင္ေပမယ့္ Notch မပါတဲ့အတြက္ အသုံးျပဳရတဲ့ အက်ယ္အဝန္းက အတူတူေလာက္ပဲ။ ဒ့ါျပင္ Snapdragon 636 Chipset ကုိပဲ သုံးစြဲထားျပီး မန္မုိရီေရြးခ်ယ္ႏုိင္မႈမွာ 4GB / 6GB RAM နဲ႔ 64GB / 128GB Storage ၾကိဳက္ရာ ေရြးခ်ယ္ႏုိင္တယ္။

ေရွ႕ဘက္မွာ ဆယ္လ္ဖီကင္မရာတစ္စုံ 16MP + 5MP ပါဝင္ျပီး ေက်ာဘက္မွာလည္း တူညီတဲ့ ကင္မရာ ပါပဲ။ သူ႕ရဲ႕ S – စီးရီး ညီေနာင္လိုပဲ K5 Pro မွာလည္း ေဘးဘက္ စတီရီယုိ စပီကာအစုံ ပါဝင္တယ္။ သူ႕မွာလည္း USB-C ပဲျဖစ္ျပီး 3.5mm Headphone ေပါက္က Audio အတြက္ ပါဝင္တယ္။

ဘကၳရီကေတာ့ ပိုၾကီးမားျပီး 4050mAh ျဖစ္ကာ 18W QuickCharge 3.0 စနစ္ ပါဝင္တယ္။ ဒါေပမယ့္ ဒီဖုန္းၾကီးနဲ႔ တျခားဖုန္းေတြကိုေတာ့ အားသြင္းမေပးႏုိင္ပါဘူး။ Lenovo K5 Pro ကေတာ့ ေစ်းကြက္ထဲကို အနည္းငယ္ ေနာက္က်ျပီး ေရာက္လာမွာျဖစ္ကာ ေအာက္တုိဘာ ၂၅ ရက္မွ ေတြ႕ရမွာ ျဖစ္ပါတယ္။ အေျခခံ 4/64GB ေမာ္ဒယ္က ေဒၚလာ ၁၄၅ ဝန္းက်င္ က်သင့္မွာျဖစ္ျပီး အျမင့္ဆုံး 6GB/128GB ကေတာ့ S5 Pro ရဲ႕ အေျခခံေမာ္ဒယ္နဲ႔ ေစ်းႏႈန္းအတူတူပါ။

Unicode

ကြိုတင်ကြေငြာထားတဲ့အတိုင်းပဲ S5 Pro နဲ့ K5 Pro စမတ်ဖုန်းအသစ်များကို ယနေ့မှာ Lenovo က ကြေငြာမိတ်ဆက်လိုက်ပါတယ်။ ဖုန်းနှစ်မျိုးလုံးဟာ Mid-Range တွေဖြစ်ပြီး တန်ဖိုးအနည်းငယ် ကွာခြားမှု ရှိပေမယ့် တူညီတဲ့ Feature တွေ ပါဝင်တယ်။

Lenovo S5 Pro

အလယ်အလတ်တန်း ဈေးနှုန်းနဲ့ မိတ်ဆက်လာတဲ့ Lenovo S5 Pro ကတော့ တကယ်ကို ကောင်းမွန်တဲ့ Feature တွေ ပါဝင်လာပါတယ်။ သတ္ထုပေါင်းစပ်ကိုယ်ထည်မှာ 6.2” လက်မအရွယ် IPS LCD Display ပါဝင်လာပြီး 1080p Resolution ဖြစ်တယ်။ Notch တစ်ခု ပါဝင်ပေမယ့် 20MP ဆိုနီထုတ် ဆင်ဆာနဲ့ ကင်မရာ အပြင် 3D Infrared Face Scanner ပါ ထည့်သွင်းလာတာ ဖြစ်တယ်။ Infrared Scanner ဟာ ထုံးစံအတိုင်း လုံခြုံမှုအတွက် ဆိုပေမယ့် တကယ်တမ်းမှာ ဆယ်လ်ဖီအရည်အသွေးကိုလည်း တိုးမြှင့်ပေးဖို့ ဖြစ်ပါတယ်။

ကျောဘက်မှာတော့ Dual ကင်မရာတစ်စုံပါဝင်ပြီး အဓိက ကင်မရာက 12MP နဲ့ ဒုတိယကင်မရာက (f/2.6) 20MP ဆင်ဆာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာရဲ့ စွမ်းအားက 4K ရုပ်ထွက်ကို 30fps နဲ့ ရိုက်ကူးနိုင်သလို ရှေ့ဘက် ကင်မရာကလည်း 1080p ထိ ရိုက်ကူးမှတ်တမ်းတင်နိုင်ပါတယ်။ Fingerprint Reader တစ်ခုလည်း ကျောဘက်မှာ ပါဝင်တယ်။

Lenovo S5 Pro ကို Snapdragon 636 ချစ်ပ်ဆက် အသုံးပြုထားပြီး 6GB RAM မန်မိုရီနဲ့ Storage မှာတော့ 64 / 128 GB နှစ်မျိုး ရွေးချယ်နိုင်တယ်။ Lenovo ရဲ့ ကိုယ်ပိုင် AI အမှတ်တံဆိပ် ZUI ဆော့ဖ်ဝဲလ် ပါဝင်ပြီး Split Screen Multitasking ကိုလည်း ထောက်ပံ့ပေးနိုင်ပါတယ်။

ဘက္ထရီအားကတော့ 3500 mAh ဖြစ်ပြီး USB-C Type အားသွင်းကြိုး ဖြစ်တယ်။ Lenovo ရဲ့ တရုတ်ဗားရှင်း ဝက်ဘ်ဆိုက်မှာ လောလောဆယ် ကြိုတင်မှာယူနိုင်ပြီး အောက်တိုဘာ ၂၃ ကျမှ ဈေးကွက်ထဲ စတင်တင်ပို့မှာဖြစ်ပါတယ်။ 6/64GB အခြေခံဗားရှင်းဟာ ဒေါ်လာ ၁၉၀ ဝန်းကျင် ကျသင့်ပြီး 128 GB မော်ဒယ်ကို ဈေးနှုန်းမသိရသေးဘူး။

Lenovo K5 Pro

Lenovo K5 Pro ကတော့ S5 Pro ရဲ့ ပိုဈေးချိုတဲ့ ဗားရှင်းလို့ ပြောနိုင်တယ်။ သူ့မှာ ခြောက်လက်မအရွယ် 1080p+ Screen ပါဝင်ပေမယ့် Notch မပါတဲ့အတွက် အသုံးပြုရတဲ့ အကျယ်အဝန်းက အတူတူလောက်ပဲ။ ဒ့ါပြင် Snapdragon 636 Chipset ကိုပဲ သုံးစွဲထားပြီး မန်မိုရီရွေးချယ်နိုင်မှုမှာ 4GB / 6GB RAM နဲ့ 64GB / 128GB Storage ကြိုက်ရာ ရွေးချယ်နိုင်တယ်။

ရှေ့ဘက်မှာ ဆယ်လ်ဖီကင်မရာတစ်စုံ 16MP + 5MP ပါဝင်ပြီး ကျောဘက်မှာလည်း တူညီတဲ့ ကင်မရာ ပါပဲ။ သူ့ရဲ့ S – စီးရီး ညီနောင်လိုပဲ K5 Pro မှာလည်း ဘေးဘက် စတီရီယို စပီကာအစုံ ပါဝင်တယ်။ သူ့မှာလည်း USB-C ပဲဖြစ်ပြီး 3.5mm Headphone ပေါက်က Audio အတွက် ပါဝင်တယ်။

ဘက္ထရီကတော့ ပိုကြီးမားပြီး 4050mAh ဖြစ်ကာ 18W QuickCharge 3.0 စနစ် ပါဝင်တယ်။ ဒါပေမယ့် ဒီဖုန်းကြီးနဲ့ တခြားဖုန်းတွေကိုတော့ အားသွင်းမပေးနိုင်ပါဘူး။ Lenovo K5 Pro ကတော့ ဈေးကွက်ထဲကို အနည်းငယ် နောက်ကျပြီး ရောက်လာမှာဖြစ်ကာ အောက်တိုဘာ ၂၅ ရက်မှ တွေ့ရမှာ ဖြစ်ပါတယ်။ အခြေခံ 4/64GB မော်ဒယ်က ဒေါ်လာ ၁၄၅ ဝန်းကျင် ကျသင့်မှာဖြစ်ပြီး အမြင့်ဆုံး 6GB/128GB ကတော့ S5 Pro ရဲ့ အခြေခံမော်ဒယ်နဲ့ ဈေးနှုန်းအတူတူပါ။