TikTok ဆိုတာ လူငယ္ႀကိဳက္ Music နဲ႔ Video ကိုေပါင္းစပ္ထားတဲ့ Fancy App ေလးတစ္ခုပါ။ တ႐ုတ္ႏိုင္ငံမွာ စတင္ေရပန္းစားလာၿပီးေတာ့ ကမာၻအႏွံ႔က လူငယ္ေတြဆီ ကူးစက္သြားတာေၾကာင့္ အခ်ိန္တိုအတြင္း ေအာင္ျမင္မႈေတြ ရခဲ့တာပါ။ အခုေတာ့ Facebook ကလည္း TikTok ကို ယွဥ္ၿပိဳင္ဖို႔ Lasso လို႔ အမည္ရတဲ့ App တစ္ခုကို ဖန္တီးေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။
TikTok ဟာ တ႐ုတ္ကုမၸဏီတစ္ခုျဖစ္တဲ့ ByteDance ပိုင္ပါတယ္။ သူတို႔က Musical.ly ကို ေဒၚလာ ၁ ဘီလီယံနဲ႔ ဝယ္ယူခဲ့ၿပီးေတာ့မွ TikTok ကို ဖန္တီးခဲ့တာ ျဖစ္ပါတယ္။ ဒီေနာက္မွာေတာ့ တ႐ုတ္ျပည္တြင္းမွာ လူငယ္ေတြရဲ႕ တစ္ခဲနက္ႏွစ္သက္ျခင္းကို ရရွိခဲ့ၿပီး ကမာၻမွာလည္း လူႀကိဳက္မ်ားခဲ့တာျဖစ္ပါတယ္။ Facebook ရဲ႕ ေျခလွမ္းေတြကို ၾကည့္မယ္ဆိုရင္ သူတို႔လည္း Video ပိုင္းကို အေတာ္ေလး ဦးစားေပးလာသလို၊ လူငယ္ႀကိဳက္ကိုလည္း အာ႐ုံစိုက္သထက္ စိုက္လာတာ ေတြ႕ရမွာပါ။ ဒါေၾကာင့္ Music နဲ႔ Video ကို ေပါင္းစပ္ၿပီး Idea ကို အသုံးခ်ႏိုင္မယ့္ App မ်ိဳးကိုပဲ ဖန္တီးမွာပါ။ Lasso ကလည္း Lip-Syncing လုပ္လို႔ရၿပီး Video ေတြဖန္တီးလို႔ရမယ့္ Standalone App လို႔သိရပါတယ္။
သိပ္မၾကာေသးခင္ရက္ပိုင္းတုန္းကပဲ Facebook က New music features သစ္ကို စတင္ေထာက္ပံ့ေပးခဲ့ ပါေသးတယ္။ Stories ေတြမွာ Music sticker ေတြ၊ Lip Sync Live feature ေတြပါဝင္ပါတယ္။ ဒါကိုၾကည့္ရင္ Facebook ရဲ႕ ေျခလွမ္းေတြက Lasso အတြက္ ေရွ႕ေျပးအစီအစဥ္ေတြလို႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။ အတြင္းသတင္းထြက္ေပၚမႈအရ Lasso အတြက္ အသုံးျပဳမယ့္သီခ်င္းေတြကို လိုင္စင္ဗားရွင္းေတြဝယ္ယူေပးမွာျဖစ္ၿပီး ၁၅ စကၠန႔္ထက္ပိုတဲ့ ဗီဒီယိုဖိုင္ေတြကိုလည္း ဖန္တီးခြင့္ျပဳသြားမယ္လို႔ သိရပါတယ္။ ဒီအခ်က္ကေတာ့ TikTok ကို ေကာင္းေကာင္းႀကီး စိန္ေခၚႏိုင္မယ့္ အခ်က္ပါပဲ။
Facebook ဟာ Lasso ဖန္တီးမယ့္ အစီအစဥ္ကို ၂၀၁၆ သုေတသနရလဒ္ေပၚအေျခခံၿပီး ျပဳလုပ္တာလည္း ျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သုေတသနအရ ဆယ္ေက်ာ္သက္ေတြဟာ ဂီတကို အ႐ူးအမူးႏွစ္သက္ၾကတာကို သိရွိခဲ့လို႔ပါပဲ။ လူငယ္ထုၾကားထဲမွာ ေအာင္ျမင္ေနတဲ့ Musical.ly က TikTok နဲ႔ပူးေပါင္းလိုက္တာကလည္း ျမင္းကို ခ်ိဳတပ္ေပးလိုက္သလို ျဖစ္သြားတာပါပဲ။ ဒါေၾကာင့္ ၂၀၁၈ ဇူလိုင္လ စာရင္းအရ တစ္ကမာၻလုံးအတိုင္းအတာအရ TikTok ကို လစဥ္အသုံးျပဳသူေပါင္း သန္း၅၀၀ ေက်ာ္သြားခဲ့ရတာပါ။ ဒီကိန္းဂဏန္းအေရအတြက္က Facebook ရဲ႕ Video and watch team ကလည္း Lasso ကို ဖန္တီးၿပီး TikTok ကို ယွဥ္ၿပိဳင္ဖို႔ ႀကိဳးစားေနရတဲ့အေၾကာင္းအရင္းပါပဲ။
Ref: The Verge
[Unicode]
TikTok ဆိုတာ လူငယ်ကြိုက် Music နဲ့ Video ကိုပေါင်းစပ်ထားတဲ့ Fancy App လေးတစ်ခုပါ။ တရုတ်နိုင်ငံမှာ စတင်ရေပန်းစားလာပြီးတော့ ကမ္ဘာအနှံ့က လူငယ်တွေဆီ ကူးစက်သွားတာကြောင့် အချိန်တိုအတွင်း အောင်မြင်မှုတွေ ရခဲ့တာပါ။ အခုတော့ Facebook ကလည်း TikTok ကို ယှဉ်ပြိုင်ဖို့ Lasso လို့ အမည်ရတဲ့ App တစ်ခုကို ဖန်တီးနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
TikTok ဟာ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ByteDance ပိုင်ပါတယ်။ သူတို့က Musical.ly ကို ဒေါ်လာ ၁ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီးတော့မှ TikTok ကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ ဒီနောက်မှာတော့ တရုတ်ပြည်တွင်းမှာ လူငယ်တွေရဲ့ တစ်ခဲနက်နှစ်သက်ခြင်းကို ရရှိခဲ့ပြီး ကမ္ဘာမှာလည်း လူကြိုက်များခဲ့တာဖြစ်ပါတယ်။ Facebook ရဲ့ ခြေလှမ်းတွေကို ကြည့်မယ်ဆိုရင် သူတို့လည်း Video ပိုင်းကို အတော်လေး ဦးစားပေးလာသလို၊ လူငယ်ကြိုက်ကိုလည်း အာရုံစိုက်သထက် စိုက်လာတာ တွေ့ရမှာပါ။ ဒါကြောင့် Music နဲ့ Video ကို ပေါင်းစပ်ပြီး Idea ကို အသုံးချနိုင်မယ့် App မျိုးကိုပဲ ဖန်တီးမှာပါ။ Lasso ကလည်း Lip-Syncing လုပ်လို့ရပြီး Video တွေဖန်တီးလို့ရမယ့် Standalone App လို့သိရပါတယ်။
သိပ်မကြာသေးခင်ရက်ပိုင်းတုန်းကပဲ Facebook က New music features သစ်ကို စတင်ထောက်ပံ့ပေးခဲ့ ပါသေးတယ်။ Stories တွေမှာ Music sticker တွေ၊ Lip Sync Live feature တွေပါဝင်ပါတယ်။ ဒါကိုကြည့်ရင် Facebook ရဲ့ ခြေလှမ်းတွေက Lasso အတွက် ရှေ့ပြေးအစီအစဉ်တွေလို့ ကောက်ချက်ချနိုင်ပါတယ်။ အတွင်းသတင်းထွက်ပေါ်မှုအရ Lasso အတွက် အသုံးပြုမယ့်သီချင်းတွေကို လိုင်စင်ဗားရှင်းတွေဝယ်ယူပေးမှာဖြစ်ပြီး ၁၅ စက္ကန့်ထက်ပိုတဲ့ ဗီဒီယိုဖိုင်တွေကိုလည်း ဖန်တီးခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ဒီအချက်ကတော့ TikTok ကို ကောင်းကောင်းကြီး စိန်ခေါ်နိုင်မယ့် အချက်ပါပဲ။
Facebook ဟာ Lasso ဖန်တီးမယ့် အစီအစဉ်ကို ၂၀၁၆ သုတေသနရလဒ်ပေါ်အခြေခံပြီး ပြုလုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သုတေသနအရ ဆယ်ကျော်သက်တွေဟာ ဂီတကို အရူးအမူးနှစ်သက်ကြတာကို သိရှိခဲ့လို့ပါပဲ။ လူငယ်ထုကြားထဲမှာ အောင်မြင်နေတဲ့ Musical.ly က TikTok နဲ့ပူးပေါင်းလိုက်တာကလည်း မြင်းကို ချိုတပ်ပေးလိုက်သလို ဖြစ်သွားတာပါပဲ။ ဒါကြောင့် ၂၀၁၈ ဇူလိုင်လ စာရင်းအရ တစ်ကမ္ဘာလုံးအတိုင်းအတာအရ TikTok ကို လစဉ်အသုံးပြုသူပေါင်း သန်း၅၀၀ ကျော်သွားခဲ့ရတာပါ။ ဒီကိန်းဂဏန်းအရေအတွက်က Facebook ရဲ့ Video and watch team ကလည်း Lasso ကို ဖန်တီးပြီး TikTok ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေရတဲ့အကြောင်းအရင်းပါပဲ။
Ref: The Verge