[Zawgyi]

Facebook ဟာ သူ႔ရဲ႕အဓိက လူမႈကြန္ရက္ကို ပိုၿပီးေကာင္းမြန္တဲ့ အသိုက္အဝန္းတစ္ခုျဖစ္ေအာင္ ထိန္းသိမ္းျမႇင့္တင္ေနသလို သူပိုင္ဆိုင္တဲ့ App ေတြအားလုံးကိုလည္း Feature အသစ္ေတြ အၿမဲတမ္းေပးႏိုင္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။ အခုလည္း Messenger app မွာ ကိုယ့္ရဲ႕ မိတ္ေဆြ၊ သူငယ္ခ်င္းကို ကိုယ္နဲ႔အတူတူ ဗီဒီယိုၾကည့္ဖို႔ ခြင့္ျပဳႏိုင္တဲ့ Feature သစ္ကို စမ္းသပ္ေနတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာ Unsend message Feature ကိုပဲ တစ္ကမာၻလုံးသုံးႏိုင္ဖို႔ ျပင္ဆင္ေနတဲ့အေၾကာင္းကေတာ့ သိၿပီးသား ျဖစ္ပါလိမ့္မယ္။ ဒီ Unsend message Feature ကလည္း ဒီႏွစ္အတြက္ Messenger ရဲ႕ အေရးပါတဲ့ အဆင့္ျမႇင့္တင္မႈတစ္ခုလို႔ ေျပာရမွာပါ။

ဒါေပမယ့္ “Watch Videos together” Feature ကလည္း Messenger ရဲ႕ အေရးပါတဲ့ အဆင့္ျမႇင့္တင္မႈစာရင္းထဲမွာ ထည့္သြင္းသင့္တယ္လို႔ ယူဆပါတယ္။ ဒီ Feature မွာ Messenger အသုံးျပဳသူေတြက သူတို႔ရဲ႕ မိတ္ေဆြ သူငယ္ခ်င္းေတြနဲ႔ တူတူၾကည့္ႏိုင္ဖို႔ Chat window မွာ Share လိုက္႐ုံပါပဲလို႔ TechCrunch မွာလည္း ေဖာ္ျပထားပါတယ္။ ဒါ့ျပင္ Chat ထဲက ဘယ္သူမဆို ဗီဒီယိုကို ထိန္းခ်ဳပ္ႏိုင္ၿပီး ဘယ္သူက ၾကည့္ေနတယ္ဆိုတာကိုလည္း သိႏိုင္မယ္လို႔ ဆိုပါတယ္။

Facebook ရဲ႕ ေျပာခြင့္ရ ပုဂၢိဳလ္ကေတာ့ ဒီသတင္းကို အတည္ျပဳခဲ့ေပမယ့္ အခုမွ စမ္းသပ္ေနတုန္းသာ ျဖစ္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။ ဒီ Feature ကို ဘယ္အခ်ိန္မွာ Messenger အသုံးျပဳသူအားလုံးအတြက္ ျဖန႔္ခ်ိမယ္ဆိုတာကိုေတာ့ Facebook ရဲ႕ တရားဝင္ထုတ္ျပန္ေၾကညာခ်က္ကိုပဲ ေစာင့္ဆိုင္းရဖြယ္ရွိပါတယ္။

Ref: Cnet

 

[Unicode]

Facebook ဟာ သူ့ရဲ့အဓိက လူမှုကွန်ရက်ကို ပိုပြီးကောင်းမွန်တဲ့ အသိုက်အဝန်းတစ်ခုဖြစ်အောင် ထိန်းသိမ်းမြှင့်တင်နေသလို သူပိုင်ဆိုင်တဲ့ App တွေအားလုံးကိုလည်း Feature အသစ်တွေ အမြဲတမ်းပေးနိုင်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အခုလည်း Messenger app မှာ ကိုယ့်ရဲ့ မိတ်ဆွေ၊ သူငယ်ချင်းကို ကိုယ်နဲ့အတူတူ ဗီဒီယိုကြည့်ဖို့ ခွင့်ပြုနိုင်တဲ့ Feature သစ်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Unsend message Feature ကိုပဲ တစ်ကမ္ဘာလုံးသုံးနိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းကတော့ သိပြီးသား ဖြစ်ပါလိမ့်မယ်။ ဒီ Unsend message Feature ကလည်း ဒီနှစ်အတွက် Messenger ရဲ့ အရေးပါတဲ့ အဆင့်မြှင့်တင်မှုတစ်ခုလို့ ပြောရမှာပါ။

ဒါပေမယ့် “Watch Videos together” Feature ကလည်း Messenger ရဲ့ အရေးပါတဲ့ အဆင့်မြှင့်တင်မှုစာရင်းထဲမှာ ထည့်သွင်းသင့်တယ်လို့ ယူဆပါတယ်။ ဒီ Feature မှာ Messenger အသုံးပြုသူတွေက သူတို့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ တူတူကြည့်နိုင်ဖို့ Chat window မှာ Share လိုက်ရုံပါပဲလို့ TechCrunch မှာလည်း ဖော်ပြထားပါတယ်။ ဒါ့ပြင် Chat ထဲက ဘယ်သူမဆို ဗီဒီယိုကို ထိန်းချုပ်နိုင်ပြီး ဘယ်သူက ကြည့်နေတယ်ဆိုတာကိုလည်း သိနိုင်မယ်လို့ ဆိုပါတယ်။

Facebook ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ဒီသတင်းကို အတည်ပြုခဲ့ပေမယ့် အခုမှ စမ်းသပ်နေတုန်းသာ ဖြစ်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒီ Feature ကို ဘယ်အချိန်မှာ Messenger အသုံးပြုသူအားလုံးအတွက် ဖြန့်ချိမယ်ဆိုတာကိုတော့ Facebook ရဲ့ တရားဝင်ထုတ်ပြန်ကြေညာချက်ကိုပဲ စောင့်ဆိုင်းရဖွယ်ရှိပါတယ်။

Ref: Cnet