[Zawgyi]

Facebook အသံုးျပဳသူေတြအေနနဲ႔  Facebook ကိုအခ်ိန္ဘယ္ေလာက္ၾကာၾကာ အသံုးျပဳေနလဲဆိုတာ သိႏုိင္မယ့္ Feature တစ္ခုကို မိတ္ဆက္မယ္လို႔ ေျပာခဲ့တာ ၃လေလာက္ေတာ့ရိွပါျပီ။

အခုေတာ့ ဒီ Feature ကို ျမင္ရေတာ့မယ့္အခ်ိန္ ေရာက္လာျပီထင္ပါတယ္။ Tech Crunch ကေတာ့ Facebook ကေန “Your Time on Facebook” Feature ကို တစ္ကမာၻလံုးအတြက္ ထြက္ရိွလာေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပသြားခဲ့ပါျပီ။

သူ႕ရဲ႕ ဒီ Feature ေလးကေတာ့ Facebook ကို စြဲစြဲလမ္းလမ္းသံုးတတ္ၾကတဲ့သူေတြအတြက္ ကူညီေပးႏုိင္မယ့္ Feature ေလးတစ္ခု ျဖစ္လာမွာပါ။ Facebook ကို အခ်ိန္တိုင္းလိုလိုသံုးၾကတဲ့သူေတြအတြက္ “Your Time on Facebook” Feature က အရင္တစ္ပတ္အတြင္း တစ္ရက္ကို ဘယ္နွစ္နာရီ ဘယ္ႏွစ္မိနစ္ေလာက္သံုးခဲ့တယ္ဆိုတာကို ျပေပးမွာျဖစ္ျပီး  ပ်မ္းမွ်သံုးတဲ့အခ်ိန္ပမာဏကိုပါ တြက္ခ်က္ေပးမွာျဖစ္ပါတယ္။

တစ္ပတ္လံုးသံုးခဲ့တဲ့ အခ်ိန္ပမာဏကို ျပေပးတာအျပင္ တစ္ရက္ကို ဘယ္ႏွစ္နာရီပဲ သံုးမယ္ဆိုျပီးေတာ့လည္း ကန္႔သတ္ခ်က္ထားလို႔ရပါတယ္။ အဲဒီအတြက္ကေတာ့ ကိုယ့္ Facebook Notification, News Feed နဲ႔ Friend Request Setting ေတြကို Access လုပ္ခြင့္ေပးထားရမွာျဖစ္ပါတယ္။ တစ္ေန႔တာသံုးရမယ့္ ကန္႔သတ္ခ်ိန္ေက်ာ္သြားရင္ေတာ့ Facebook သံုးတာရပ္ဖို႔ သတိေပးခ်က္ေပးပို႔လာပါလိမ့္မယ္။

ဒီ Feature ေလးကို တစ္ခ်ိဳ႕လူေတြဆီမွာေတာ့ ရေနပါျပီ။ Globally အေနနဲ႔ မထြက္ေသးေတာ့ လူတိုင္းမွာ ရခ်င္မွရႏုိင္ပါဦးမယ္။ ရမရ စမ္းၾကည့္ခ်င္ရင္ေတာ့ Facebook App ရဲ႕ More> Setting & Privacy မွာ အဲဒီ Feature ေလးကို ရွာၾကည့္လို႔ ရႏုိင္ပါတယ္။

Ref: PhoneArena

[Unicode]

Facebook အသုံးပြုသူတွေအနေနဲ့  Facebook ကိုအချိန်ဘယ်လောက်ကြာကြာ အသုံးပြုနေလဲဆိုတာ သိနိုင်မယ့် Feature တစ်ခုကို မိတ်ဆက်မယ်လို့ ပြောခဲ့တာ ၃လလောက်တော့ရှိပါပြီ။

အခုတော့ ဒီ Feature ကို မြင်ရတော့မယ့်အချိန် ရောက်လာပြီထင်ပါတယ်။ Tech Crunch ကတော့ Facebook ကနေ “Your Time on Facebook” Feature ကို တစ်ကမ္ဘာလုံးအတွက် ထွက်ရှိလာတော့မှာဖြစ်ကြောင်း ဖော်ပြသွားခဲ့ပါပြီ။

သူ့ရဲ့ ဒီ Feature လေးကတော့ Facebook ကို စွဲစွဲလမ်းလမ်းသုံးတတ်ကြတဲ့သူတွေအတွက် ကူညီပေးနိုင်မယ့် Feature လေးတစ်ခု ဖြစ်လာမှာပါ။ Facebook ကို အချိန်တိုင်းလိုလိုသုံးကြတဲ့သူတွေအတွက် “Your Time on Facebook” Feature က အရင်တစ်ပတ်အတွင်း တစ်ရက်ကို ဘယ်နှစ်နာရီ ဘယ်နှစ်မိနစ်လောက်သုံးခဲ့တယ်ဆိုတာကို ပြပေးမှာဖြစ်ပြီး  ပျမ်းမျှသုံးတဲ့အချိန်ပမာဏကိုပါ တွက်ချက်ပေးမှာဖြစ်ပါတယ်။

တစ်ပတ်လုံးသုံးခဲ့တဲ့ အချိန်ပမာဏကို ပြပေးတာအပြင် တစ်ရက်ကို ဘယ်နှစ်နာရီပဲ သုံးမယ်ဆိုပြီးတော့လည်း ကန့်သတ်ချက်ထားလို့ရပါတယ်။ အဲဒီအတွက်ကတော့ ကိုယ့် Facebook Notification, News Feed နဲ့ Friend Request Setting တွေကို Access လုပ်ခွင့်ပေးထားရမှာဖြစ်ပါတယ်။ တစ်နေ့တာသုံးရမယ့် ကန့်သတ်ချိန်ကျော်သွားရင်တော့ Facebook သုံးတာရပ်ဖို့ သတိပေးချက်ပေးပို့လာပါလိမ့်မယ်။

ဒီ Feature လေးကို တစ်ချို့လူတွေဆီမှာတော့ ရနေပါပြီ။ Globally အနေနဲ့ မထွက်သေးတော့ လူတိုင်းမှာ ရချင်မှရနိုင်ပါဦးမယ်။ ရမရ စမ်းကြည့်ချင်ရင်တော့ Facebook App ရဲ့ More> Setting & Privacy မှာ အဲဒီ Feature လေးကို ရှာကြည့်လို့ ရနိုင်ပါတယ်။

Ref: PhoneArena