[Zawgyi]
ေဈးကြက္ထဲကို စမတ္ဖုန္းကုမၸဏီေတြ အၿပိဳင္အဆိုင္ တိုးဝင္လာမႈရဲ႕ ေနာက္ဆက္တြဲျဖစ္တဲ့ ကုန္ပစၥည္းေတြ လိုတာထက္ပိုမိုလွ်ံပယ္ေနျခင္းက ကိုရီးယား စမတ္ဖုန္းကုမၸဏီေတြအတြက္ေတာ့ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ တစ္ခုျဖစ္ခဲ့ရပါတယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ဟာ ပိုလွ်ံမႈ အမ်ားဆုံး ျဖစ္ခဲ့တယ္လို႔ ဆိုရမွာပါ။
ေတာင္ကိုရီးယားအေျခစိုက္ စမတ္ဖုန္းကုမၸဏီေတြျဖစ္တဲ့ Samsung နဲ႔ LG တို႔ရဲ႕ ၁၂လတာ ကာလအတြက္ အစီရင္ခံစာ ထြက္ေပၚလာခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ အဆိုပါကုမၸဏီေတြဟာ ၁၆ ႏွစ္တာကာလအတြင္း အဆိုး႐ြားဆုံး ထုတ္ကုန္တင္ပို႔မႈနဲ႔ ရင္ဆိုင္ခဲ့ရေၾကာင္း ေတြ႕ရွိရပါတယ္။ အထူးသျဖင့္ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ဟာ အဆိုး႐ြားဆုံးနဲ႔ ႀကဳံေတြ႕ခဲ့ရတာပဲ ျဖစ္ပါတယ္။
သိပၸံနဲ႔ အိုင္စီတီ ဝန္ႀကီးဌာန ၊ ဆက္သြယ္ေရး နည္းပညာ စီမံကိန္းနဲ႔ အကဲျဖတ္သတင္းအခ်က္အလက္မ်ား အင္စတီက်ဳ တို႔က ထုတ္ျပန္တဲ့ အခ်က္အလက္ေတြအရ ၂၀၁၈ ခုႏွစ္ရဲ႕ စုစုေပါင္း ထုတ္ကုန္တင္ပို႔မႈဝင္ေငြဟာ $14.61 ဘီလီယံ ျဖစ္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္နဲ႔ ႏႈိင္းယွဥ္မယ္ဆိုရင္ ၂၃% ျဖစ္တဲ့ $4.4 ဘီလီယံအထိ က်ဆင္းသြားခဲ့တာ ျဖစ္ပါတယ္။
ကိုရီးယားအေျခစိုက္ စမတ္ဖုန္းကုမၸဏီေတြဟာ နည္းပညာပိုင္းမွာ ၿပိဳင္ဘက္ေတြထက္ အလြန္အမင္းေနာက္က်ခဲ့ျခင္းမရွိေပမယ့္ ေဈးႏႈန္းနဲ႔ အမ်ိဳးအစားခြဲျခားမႈအပိုင္းမွာေတာ့ အေတာ္ေလးကို ယွဥ္ၿပိဳင္ရခက္ခဲ ခဲ့တာကိုလည္းေတြ႕ရွိရမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ တ႐ုတ္အေျခစိုက္ စမတ္ဖုန္းကုမၸဏီေတြရဲ႕ တန္ဖိုးသင့္ဖုန္းေဈးကြက္အတြင္း တိုးဝင္လာမႈကို မယွဥ္ၿပိဳင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။
၂၀၁၉ ခုႏွစ္ကေတာ့ ေနာက္ထပ္တစ္ဆင့္ျမင့္တဲ့ နည္းပညာဆီ ကူးေျပာင္းတဲ့ႏွစ္ျဖစ္တာေၾကာင့္ ကိုရီးယားကုမၸဏီေတြအေနနဲ႔ ဘယ္ေလာက္ထိ ေရွ႕ေျပးၿပီး က်ဆင္းသြားတဲ့ ထုတ္ကုန္တင္ပို႔မႈကို ျပန္ဆြဲတင္ႏိုင္မလဲဆိုတာကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။
Ref: GSMArena
[Unicode]
ကိုရီးယားဖုန်းကုမ္ပဏီများ ၁၆ နှစ်အတွင်း အဆိုးရွားဆုံး ထုတ်ကုန်တင်ပို့မှုနဲ့ ရင်ဆိုင်ခဲ့ရ
ဈေးကွက်ထဲကို စမတ်ဖုန်းကုမ္ပဏီတွေ အပြိုင်အဆိုင် တိုးဝင်လာမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ကုန်ပစ္စည်းတွေ လိုတာထက်ပိုမိုလျှံပယ်နေခြင်းက ကိုရီးယား စမတ်ဖုန်းကုမ္ပဏီတွေအတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုဖြစ်ခဲ့ရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဟာ ပိုလျှံမှု အများဆုံး ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
တောင်ကိုရီးယားအခြေစိုက် စမတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Samsung နဲ့ LG တို့ရဲ့ ၁၂လတာ ကာလအတွက် အစီရင်ခံစာ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းမှာတော့ အဆိုပါကုမ္ပဏီတွေဟာ ၁၆ နှစ်တာကာလအတွင်း အဆိုးရွားဆုံး ထုတ်ကုန်တင်ပို့မှုနဲ့ ရင်ဆိုင်ခဲ့ရကြောင်း တွေ့ရှိရပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ဟာ အဆိုးရွားဆုံးနဲ့ ကြုံတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
သိပ္ပံနဲ့ အိုင်စီတီ ဝန်ကြီးဌာန ၊ ဆက်သွယ်ရေး နည်းပညာ စီမံကိန်းနဲ့ အကဲဖြတ်သတင်းအချက်အလက်များ အင်စတီကျု တို့က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ၂၀၁၈ ခုနှစ်ရဲ့ စုစုပေါင်း ထုတ်ကုန်တင်ပို့မှုဝင်ငွေဟာ $14.61 ဘီလီယံ ဖြစ်ခဲ့ပြီး ၂၀၁၇ ခုနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၃% ဖြစ်တဲ့ $4.4 ဘီလီယံအထိ ကျဆင်းသွားခဲ့တာ ဖြစ်ပါတယ်။
ကိုရီးယားအခြေစိုက် စမတ်ဖုန်းကုမ္ပဏီတွေဟာ နည်းပညာပိုင်းမှာ ပြိုင်ဘက်တွေထက် အလွန်အမင်းနောက်ကျခဲ့ခြင်းမရှိပေမယ့် ဈေးနှုန်းနဲ့ အမျိုးအစားခွဲခြားမှုအပိုင်းမှာတော့ အတော်လေးကို ယှဉ်ပြိုင်ရခက်ခဲ ခဲ့တာကိုလည်းတွေ့ရှိရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်အခြေစိုက် စမတ်ဖုန်းကုမ္ပဏီတွေရဲ့ တန်ဖိုးသင့်ဖုန်းဈေးကွက်အတွင်း တိုးဝင်လာမှုကို မယှဉ်ပြိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်ကတော့ နောက်ထပ်တစ်ဆင့်မြင့်တဲ့ နည်းပညာဆီ ကူးပြောင်းတဲ့နှစ်ဖြစ်တာကြောင့် ကိုရီးယားကုမ္ပဏီတွေအနေနဲ့ ဘယ်လောက်ထိ ရှေ့ပြေးပြီး ကျဆင်းသွားတဲ့ ထုတ်ကုန်တင်ပို့မှုကို ပြန်ဆွဲတင်နိုင်မလဲဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Ref: GSMArena