[Zawgyi]
Xiaomi ကုမၸဏီရဲ႕ အမႈေဆာင္အရာရွိခ်ဳပ္ Lei Jun ဟာသူ႕ရဲ႕တရုတ္ဆုိရွယ္အေကာင့္မွာ Black Shark Gaming စမတ္ဖုန္း ပရိသတ္ေတြအား ဖန္တီးသူမ်ားဆီက ဘာေတြေမွ်ာ္လင့္ထားလဲ ဆုိၿပီး ေမးခြန္းထုတ္လာခဲ့ပါတယ္။ ထို႔ေနာက္ Xiaomi ရဲ႕ထုတ္ကုန္ပုိင္းဆုိင္ရာ ဒါရုိက္တာ Wang Teng Thomas ကလည္း Black Shark စမတ္ဖုန္းအသစ္ကို ျမင္ေတြ႕ခဲ့ေၾကာင္းနဲ႔ အရမ္းမုိက္တယ္လို႔ Weibo အေကာင့္မွာ ထပ္မံ ေရးသားလာခဲ့တာေၾကာင့္ Black Shark 2 မ်ဳိးဆက္သစ္ Gaming ဖုန္းကေတာ့ ေစ်းကြက္ထဲဝင္ေရာက္လာဖို႔ အသင့္ျပင္ေနၿပီလို႔ ယူဆရေတာ့မွာပါ။
ပထမဆုံး Black Shark ဖုန္းကို ဧၿပီလမွာ မိတ္ဆက္ခဲ့တဲ့အတြက္ သူ႕ရဲ႕ဆက္ခံသူကိုလည္း မတ္လ သို႔မဟုတ္ ဧၿပီလေရာက္မွ ထုတ္ေဖာ္လာႏုိင္ေျခရွိေနပါတယ္။ မူရင္း Black Shark ကို ဧၿပီလမွာ ထုတ္လာခဲ့ၿပီး ဒုတိယေျမာက္ Black Shark Helo ကိုေတာ့ ၂၀၁၈ ေအာက္တိုဘာလမွာ ထပ္မံမိတ္ဆက္လာခဲ့ေသးတယ္။ အဆုိပါ ဖုန္းကို Black Shark 2 လို႔ ထင္ခဲ့ၾကေပမယ့္ Helo ဆုိတဲ့အမည္ကိုသာ ရုတ္တရက္ေပးအပ္ခဲ့ပါတယ္။
Xiaomi အႀကီးအကဲေတြဟာ Black Shark ဖုန္းသစ္ရဲ႕ Specs နဲ႔ပတ္သက္ၿပီး ဘာမွမေျပာခဲ့ေပမယ့္ ဒီႏွစ္အစမွာ Xiaomi Black Shark Skywalker အမည္နဲ႔ ဖုန္းတစ္လုံးဟာ Geekbench ေပၚ တက္ေရာက္ အစမ္းသပ္ခံခဲ့ပါတယ္။
Xiaomi Black Shark Skywalker စမတ္ဖုန္းမွာ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔ 8GB RAM မန္မုိရီ ပါဝင္ၿပီး Android 9 Pie OS ကို အသုံးျပဳထားပါတယ္။ Geekbench စမ္းသပ္မႈမွာ Single-core အတြက္ 3494 ရမွတ္ ရရွိခဲ့ၿပီး Multi-core အတြက္ေတာ့ 11,149 ရရွိခဲ့တယ္။
ဒါေၾကာင့္ Skywalker ဖုန္းဟာ Black Shark 2 ျဖစ္လာႏုိင္ေျခရွိၿပီး ထြက္လာဖို႔ အခ်ိန္အနည္းငယ္ လိုေနေသးတဲ့အတြက္ ေျပာင္းလဲမႈအခ်ဳိ႕လည္း ပါဝင္လာႏုိင္ပါေသးတယ္။ MWC ပြဲမွာျမင္ရဖို႔ေတာ့ မေသခ်ာဘဲ မတ္လ သို႔မဟုတ္ ဧၿပီက်မွ မိတ္ဆက္လာဖို႔ အျဖစ္ႏုိင္ဆုံးပါပဲ။
Ref – Playful Droid
[Unicode]
Xiaomi ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Lei Jun ဟာသူ့ရဲ့တရုတ်ဆိုရှယ်အကောင့်မှာ Black Shark Gaming စမတ်ဖုန်း ပရိသတ်တွေအား ဖန်တီးသူများဆီက ဘာတွေမျှော်လင့်ထားလဲ ဆိုပြီး မေးခွန်းထုတ်လာခဲ့ပါတယ်။ ထို့နောက် Xiaomi ရဲ့ထုတ်ကုန်ပိုင်းဆိုင်ရာ ဒါရိုက်တာ Wang Teng Thomas ကလည်း Black Shark စမတ်ဖုန်းအသစ်ကို မြင်တွေ့ခဲ့ကြောင်းနဲ့ အရမ်းမိုက်တယ်လို့ Weibo အကောင့်မှာ ထပ်မံ ရေးသားလာခဲ့တာကြောင့် Black Shark 2 မျိုးဆက်သစ် Gaming ဖုန်းကတော့ ဈေးကွက်ထဲဝင်ရောက်လာဖို့ အသင့်ပြင်နေပြီလို့ ယူဆရတော့မှာပါ။
ပထမဆုံး Black Shark ဖုန်းကို ဧပြီလမှာ မိတ်ဆက်ခဲ့တဲ့အတွက် သူ့ရဲ့ဆက်ခံသူကိုလည်း မတ်လ သို့မဟုတ် ဧပြီလရောက်မှ ထုတ်ဖော်လာနိုင်ခြေရှိနေပါတယ်။ မူရင်း Black Shark ကို ဧပြီလမှာ ထုတ်လာခဲ့ပြီး ဒုတိယမြောက် Black Shark Helo ကိုတော့ ၂၀၁၈ အောက်တိုဘာလမှာ ထပ်မံမိတ်ဆက်လာခဲ့သေးတယ်။ အဆိုပါ ဖုန်းကို Black Shark 2 လို့ ထင်ခဲ့ကြပေမယ့် Helo ဆိုတဲ့အမည်ကိုသာ ရုတ်တရက်ပေးအပ်ခဲ့ပါတယ်။
Xiaomi အကြီးအကဲတွေဟာ Black Shark ဖုန်းသစ်ရဲ့ Specs နဲ့ပတ်သက်ပြီး ဘာမှမပြောခဲ့ပေမယ့် ဒီနှစ်အစမှာ Xiaomi Black Shark Skywalker အမည်နဲ့ ဖုန်းတစ်လုံးဟာ Geekbench ပေါ် တက်ရောက် အစမ်းသပ်ခံခဲ့ပါတယ်။
Xiaomi Black Shark Skywalker စမတ်ဖုန်းမှာ Snapdragon 855 ချစ်ပ်ဆက်နဲ့ 8GB RAM မန်မိုရီ ပါဝင်ပြီး Android 9 Pie OS ကို အသုံးပြုထားပါတယ်။ Geekbench စမ်းသပ်မှုမှာ Single-core အတွက် 3494 ရမှတ် ရရှိခဲ့ပြီး Multi-core အတွက်တော့ 11,149 ရရှိခဲ့တယ်။
ဒါကြောင့် Skywalker ဖုန်းဟာ Black Shark 2 ဖြစ်လာနိုင်ခြေရှိပြီး ထွက်လာဖို့ အချိန်အနည်းငယ် လိုနေသေးတဲ့အတွက် ပြောင်းလဲမှုအချို့လည်း ပါဝင်လာနိုင်ပါသေးတယ်။ MWC ပွဲမှာမြင်ရဖို့တော့ မသေချာဘဲ မတ်လ သို့မဟုတ် ဧပြီကျမှ မိတ်ဆက်လာဖို့ အဖြစ်နိုင်ဆုံးပါပဲ။
Ref – Playful Droid