[Zawgyi]

Xiaomi ရဲ႕ မဟာဗ်ဴဟာႀကီးကေတာ့ တန္ဖိုးနည္း စမတ္ဖုန္းေတြကို လတိုင္း လတိုင္း မိတ္ဆက္ထုတ္လုပ္ေပးတာျဖစ္ၿပီး၊ ထုတ္လုပ္လိုက္တဲ့ စမတ္ဖုန္းေတြကိုလည္း ေပးရတဲ့ေစ်းနဲ႔ ျပန္ရလိုက္တဲ့ အရည္အေသြး အတတ္ႏိုင္ဆုံး မွ်တေအာင္ ျပဳလုပ္ေပးတာ ျဖစ္ပါတယ္။ ဒီလိုလုပ္ျခင္းအားျဖင့္ အသုံးျပဳသူေတြအေနနဲ႔ Xiaomi အမွတ္တံဆိပ္ထဲမွာ ေ႐ြးခ်ယ္စရာ ပိုမ်ားလာသလို၊ ကြၽန္ေတာ္တို႔လို စာေရးသူေတြအေနနဲ႔လည္း Xiaomi စမတ္ဖုန္း မိတ္ဆက္ပြဲအေၾကာင္းေတြကို လစဥ္ လတိုင္း ေရးသားေပးေနရတဲ့အတြက္ “Xiaomi” ဆိုတဲ့ စာသား နဲ႔ အသံေတြကို ေန႔စဥ္နဲ႔အမွ် ျမင္ေတြ႕ ၾကားသိေနရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ “Xiaomi” ဆိုတဲ့ ပုံရိပ္က အသုံးျပဳသူေတြရဲ႕ တခဲနက္အားေပးမႈနဲ႔အတူ စမတ္ဖုန္းေလာကႀကီးကို တျဖည္းျဖည္း လႊမ္းမိုးလာတာ ျဖစ္ပါတယ္။

Xiaomi ရဲ႕ မဟာဗ်ဴဟာႀကီးဟာ တကယ္အလုပ္ျဖစ္တယ္ဆိုတာ သိရွိသြားတဲ့ Samsung ကေတာ့ Xiaomi ရဲ႕ လမ္းစဥ္အတိုင္း လုပ္ေဆာင္ဖို႔ ႀကံ႐ြယ္ေနပုံ ေပၚပါတယ္။ Samsung India မွာ Chief Marketing Officer (CMO) ျဖစ္သူ Ranjiv Singh က သူတို႔အေနနဲ႔ မ်ိဴးဆက္သစ္ Galaxy A စီးရီး စမတ္ဖုန္းေတြကို ၂၀၁၉ခုႏွစ္ ဇြန္လအထိ လတိုင္း လတိုင္း မိတ္ဆက္သြားမွာ ျဖစ္ေၾကာင္း The Economic Times ကို ထုတ္ေဖာ္ေျပာၾကားလာပါတယ္။ ထုတ္ေဖာ္ေျပာၾကားလာသူက အိႏၵိယႏိုင္ငံအတြက္ ရည္႐ြယ္ေျပာဆိုတာျဖစ္ေပမယ့္ မိတ္ဆက္သြားမယ့္ စမတ္ဖုန္းေတြက Galaxy A စီးရီးေတြျဖစ္ေနတာေၾကာင့္ အဆိုပါစမတ္ဖုန္းေတြကို အိႏၵိယႏိုင္ငံအျပင္ တျခားႏိုင္ငံေတြမွာလည္း မိတ္ဆက္လာႏိုင္ပါတယ္။

Ranjiv Singh ကေတာ့ ဒီႏွစ္ ၂၀၁၉ခုႏွစ္မွာ မ်ိဴးဆက္သစ္ Samsung Galaxy A စီးရီးေတြကေန ကန္ေဒၚလာ ၄ ဘီလီယံ ဝင္ေငြရရွိေအာင္ ႀကိဳးပမ္းသြားမယ္လို႔ ေျပာၾကားထားပါတယ္။ အိႏၵိယႏိုင္ငံမွာ မိတ္ဆက္ေရာင္းခ်သြားမယ့္ Galaxy A စီးရီးေတြမွာ အနည္းဆုံး အိႏၵိယေငြ ၁၀,၀၀၀ ႐ူပီး ( ျမန္မာေငြ ၂ သိန္း ဝန္းက်င္ ) ကေန အမ်ားဆုံး အိႏၵိယေငြ ၅၀,၀၀၀ ႐ူပီး (ျမန္မာေငြ ၁၀သိန္း ဝန္းက်င္) အထိ တန္ေၾကးရွိတဲ့ စမတ္ဖုန္းေတြ ပါဝင္တယ္လို႔ သိရပါတယ္။

Ref : Android Authority

[Unicode]

Xiaomi ဆီက ရလိုက်တဲ့ သင်ခန်းစာကြောင့် Galaxy A စီးရီးဖုန်းတွေကို လတိုင်း လတိုင်း မိတ်ဆက်သွားမယ့် Samsung

Xiaomi ရဲ့ မဟာဗျူဟာကြီးကတော့ တန်ဖိုးနည်း စမတ်ဖုန်းတွေကို လတိုင်း လတိုင်း မိတ်ဆက်ထုတ်လုပ်ပေးတာဖြစ်ပြီး၊ ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်းတွေကိုလည်း ပေးရတဲ့စျေးနဲ့ ပြန်ရလိုက်တဲ့ အရည်အသွေး အတတ်နိုင်ဆုံး မျှတအောင် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် အသုံးပြုသူတွေအနေနဲ့ Xiaomi အမှတ်တံဆိပ်ထဲမှာ ရွေးချယ်စရာ ပိုများလာသလို၊ ကျွန်တော်တို့လို စာရေးသူတွေအနေနဲ့လည်း Xiaomi စမတ်ဖုန်း မိတ်ဆက်ပွဲအကြောင်းတွေကို လစဥ် လတိုင်း ရေးသားပေးနေရတဲ့အတွက် “Xiaomi” ဆိုတဲ့ စာသား နဲ့ အသံတွေကို နေ့စဥ်နဲ့အမျှ မြင်တွေ့ ကြားသိနေရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် “Xiaomi” ဆိုတဲ့ ပုံရိပ်က အသုံးပြုသူတွေရဲ့ တခဲနက်အားပေးမှုနဲ့အတူ စမတ်ဖုန်းလောကကြီးကို တဖြည်းဖြည်း လွှမ်းမိုးလာတာ ဖြစ်ပါတယ်။

Xiaomi ရဲ့ မဟာဗျူဟာကြီးဟာ တကယ်အလုပ်ဖြစ်တယ်ဆိုတာ သိရှိသွားတဲ့ Samsung ကတော့ Xiaomi ရဲ့ လမ်းစဥ်အတိုင်း လုပ်ဆောင်ဖို့ ကြံရွယ်နေပုံ ပေါ်ပါတယ်။ Samsung India မှာ Chief Marketing Officer (CMO) ဖြစ်သူ Ranjiv Singh က သူတို့အနေနဲ့ မျိူးဆက်သစ် Galaxy A စီးရီး စမတ်ဖုန်းတွေကို ၂၀၁၉ခုနှစ် ဇွန်လအထိ လတိုင်း လတိုင်း မိတ်ဆက်သွားမှာ ဖြစ်ကြောင်း The Economic Times ကို ထုတ်ဖော်ပြောကြားလာပါတယ်။ ထုတ်ဖော်ပြောကြားလာသူက အိန္ဒိယနိုင်ငံအတွက် ရည်ရွယ်ပြောဆိုတာဖြစ်ပေမယ့် မိတ်ဆက်သွားမယ့် စမတ်ဖုန်းတွေက Galaxy A စီးရီးတွေဖြစ်နေတာကြောင့် အဆိုပါစမတ်ဖုန်းတွေကို အိန္ဒိယနိုင်ငံအပြင် တခြားနိုင်ငံတွေမှာလည်း မိတ်ဆက်လာနိုင်ပါတယ်။

Ranjiv Singh ကတော့ ဒီနှစ် ၂၀၁၉ခုနှစ်မှာ မျိူးဆက်သစ် Samsung Galaxy A စီးရီးတွေကနေ ကန်ဒေါ်လာ ၄ ဘီလီယံ ဝင်ငွေရရှိအောင် ကြိုးပမ်းသွားမယ်လို့ ပြောကြားထားပါတယ်။ အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ရောင်းချသွားမယ့် Galaxy A စီးရီးတွေမှာ အနည်းဆုံး အိန္ဒိယငွေ ၁၀,၀၀၀ ရူပီး ( မြန်မာငွေ ၂ သိန်း ဝန်းကျင် ) ကနေ အများဆုံး အိန္ဒိယငွေ ၅၀,၀၀၀ ရူပီး (မြန်မာငွေ ၁၀သိန်း ဝန်းကျင်) အထိ တန်ကြေးရှိတဲ့ စမတ်ဖုန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

Ref : Android Authority