[Zawgyi]

ဇန္နဝါရီလကုန္ပိုင္းေလာက္က ထြက္ေပၚလာတဲ့ ေပါက္ၾကားမႈအရ OPPO စမတ္ဖုန္းသစ္တစ္လုံးဟာ 10x Optical Zoom နဲ႔ ျဖစ္တယ္လို႔ သိခဲ့ၾကရပါတယ္။ အခုေတာ့ OPPO ရဲ႕ အသစ္ထြက္လာမယ့္ Flagship ကေတာ့ 10x Optical Zoom အျပင္ 5G ကြန္ရက္နဲ႔လည္း ခ်ိတ္ဆက္ႏိုင္မယ္လို႔ သိလိုက္ရပါၿပီ။


ဒီသတင္းကို OPPO က ထုတ္ျပန္ေၾကညာခဲ့တာမဟုတ္ပါဘူး။ Qualocmm ရဲ႕ ဥကၠ႒ Cristiano R. Amon က ထုတ္ျပန္ေၾကညာခဲ့တာပါ။ သူ႔ရဲ႕ေၾကညာမႈအရ OPPO ရဲ႕ လာမယ့္ Flagship ဖုန္းဟာ Snapdragon 855 Chipset အသုံးျပဳထားမွာျဖစ္ၿပီး 5G ကြန္ရက္ကိုလည္း ခ်ိတ္ဆက္အသုံးျပဳလို႔ရမယ္လို႔ သိရပါတယ္။

OPPO ဟာ လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ကတည္းက 5G သုေတသနလုပ္ငန္းမွာ ပူးေပါင္းပါဝင္ခဲ့တာျဖစ္ၿပီး ကုမၸဏီအမွတ္တံဆိပ္နဲ႔ 5G စမတ္ဖုန္းကို အသုံးျပဳသူေတြလက္ထဲ ပို႔ေဆာင္ဖို႔ ေနာက္ဆုံးအဆင့္ကိုေရာက္ေနၿပီလို႔လည္း သတင္းေတြထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။


Qualcomm ရဲ႕ ေၾကညာခ်က္နဲ႔ပတ္သက္ၿပီး ေနာက္ေၾကာင္းျပန္လိုက္ၾကည့္မယ္ဆိုရင္ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလဆန္းတုန္းက Geekbench မွာ Snapdragon 855 သုံးထားတဲ့ OPPO Find Z ကို ေတြ႕ခဲ့ရတာကို မွတ္မိၾကမယ္ ထင္ပါတယ္။ ဒီတုန္းကတည္းက Find Z မွာ 10x Optical Zoom သုံးမယ္လို႔ သတင္းထြက္ခဲ့တာပါ။

ဒါေပမယ့္ OPPO ဘက္ကေတာ့ ဘာတုံ႔ျပန္မႈမွ မျပဳလုပ္ေသးတာေၾကာင့္ Find Z ျဖစ္လိမ့္မယ္လို႔ အတည္မယူဘဲ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။ အကယ္၍ Find Z သာျဖစ္ခဲ့မယ္ဆိုရင္ေတာ့ ဧရိယာပိုက်ယ္ၿပီး လက္ေခ်ာင္းႏွစ္ေခ်ာင္း(လက္ေဗြႏွစ္ခု) တစ္ၿပိဳက္နက္ ဖတ္ႏိုင္တဲ့ Under-display Fingerprint ပါဝင္လာဖို႔ကိုလည္း ေမွ်ာ္လင့္ႏိုင္မွာပါ။

Ref: GSMArena

[Unicode]

Snapdragon 855 နဲ့ 5G ချိတ်ဆက်နိုင်မယ့် OPPO ရဲ့ Flagship အသစ်ဟာ Find Z လား

ဇန်နဝါရီလကုန်ပိုင်းလောက်က ထွက်ပေါ်လာတဲ့ ပေါက်ကြားမှုအရ OPPO စမတ်ဖုန်းသစ်တစ်လုံးဟာ 10x Optical Zoom နဲ့ ဖြစ်တယ်လို့ သိခဲ့ကြရပါတယ်။ အခုတော့ OPPO ရဲ့ အသစ်ထွက်လာမယ့် Flagship ကတော့ 10x Optical Zoom အပြင် 5G ကွန်ရက်နဲ့လည်း ချိတ်ဆက်နိုင်မယ်လို့ သိလိုက်ရပါပြီ။


ဒီသတင်းကို OPPO က ထုတ်ပြန်ကြေညာခဲ့တာမဟုတ်ပါဘူး။ Qualocmm ရဲ့ ဥက္ကဋ္ဌ Cristiano R. Amon က ထုတ်ပြန်ကြေညာခဲ့တာပါ။ သူ့ရဲ့ကြေညာမှုအရ OPPO ရဲ့ လာမယ့် Flagship ဖုန်းဟာ Snapdragon 855 Chipset အသုံးပြုထားမှာဖြစ်ပြီး 5G ကွန်ရက်ကိုလည်း ချိတ်ဆက်အသုံးပြုလို့ရမယ်လို့ သိရပါတယ်။

OPPO ဟာ လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်ကတည်းက 5G သုတေသနလုပ်ငန်းမှာ ပူးပေါင်းပါဝင်ခဲ့တာဖြစ်ပြီး ကုမ္ပဏီအမှတ်တံဆိပ်နဲ့ 5G စမတ်ဖုန်းကို အသုံးပြုသူတွေလက်ထဲ ပို့ဆောင်ဖို့ နောက်ဆုံးအဆင့်ကိုရောက်နေပြီလို့လည်း သတင်းတွေထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။


Qualcomm ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး နောက်ကြောင်းပြန်လိုက်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းတုန်းက Geekbench မှာ Snapdragon 855 သုံးထားတဲ့ OPPO Find Z ကို တွေ့ခဲ့ရတာကို မှတ်မိကြမယ် ထင်ပါတယ်။ ဒီတုန်းကတည်းက Find Z မှာ 10x Optical Zoom သုံးမယ်လို့ သတင်းထွက်ခဲ့တာပါ။

ဒါပေမယ့် OPPO ဘက်ကတော့ ဘာတုံ့ပြန်မှုမှ မပြုလုပ်သေးတာကြောင့် Find Z ဖြစ်လိမ့်မယ်လို့ အတည်မယူဘဲ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ အကယ်၍ Find Z သာဖြစ်ခဲ့မယ်ဆိုရင်တော့ ဧရိယာပိုကျယ်ပြီး လက်ချောင်းနှစ်ချောင်း(လက်ဗွေနှစ်ခု) တစ်ပြိုက်နက် ဖတ်နိုင်တဲ့ Under-display Fingerprint ပါဝင်လာဖို့ကိုလည်း မျှော်လင့်နိုင်မှာပါ။

Ref: GSMArena