[Zawgyi]

ဒီေန႔မွာေတာ့ Sony ဟာ Flagship စမတ္ဖုန္းျဖစ္တဲ့ Xperia 1 နဲ႔အတူ Xperia 10 နဲ႔ Xperia 10 Plus (Mid-Range) စမတ္ဖုန္းေတြကို MWC 2019 မွာ တရားဝင္ မိတ္ဆက္သြားပါၿပီ။ Xperia 1 ဟာ Resolution 1644 x 3840 pixels ရွိတဲ့ 6.5” 4K HDR OLED Display ႀကီးနဲ႔ ပြဲထြက္လာတာျဖစ္ၿပီး Aspect Ratio က 21:9 ျဖစ္ပါတယ္။

21:9 Aspect Ratio Display အမ်ိဴးအစားကို အသုံးျပဳထားတာေၾကာင့္ Xperia 1 ဟာ သာမန္ စမတ္ဖုန္းေတြထက္ အနည္းငယ္ ပိုရွည္ေနမွာ ျဖစ္ပါတယ္။ Sony ကေတာ့ ဗီဒီယိုၾကည့္တဲ့အခါမွာ ပိုမိုေကာင္းမြန္တဲ့ အရည္အေသြးကို ရရွိေအာင္ 4K HDR OLED Display နဲ႔အတူ 21:9 Aspect Ratio ကို အသုံးျပဳထားတယ္လို႔ ေျပာၾကားထားပါတယ္။ ဒါ့အျပင္ Xperia 1 မွာ ၾကည့္သမွ် ဗီဒီယိုတိုင္းကို 4K Resolution အထိရေအာင္ ခ်ဲ႕ေပးႏိုင္တဲ့ BRAVIA 4K နည္းပညာလည္း ပါဝင္တယ္လို႔ သိရပါတယ္။

Aluminum Frame ကိုအသုံးျပဳထားၿပီး Corning Gorilla Glass 6 ကို ေရွ႕/ေနာက္ ဖုံးအုပ္ေပးထားပါတယ္။ ဒါ့အျပင္ Dust/Water Resistance မွာလည္း IP65/IP68 ရရွိထားပါေသးတယ္။ Processor အပိုင္းအတြက္ Snapdragon 855 (7nm) SoC ကို အသုံးျပဳထားတာျဖစ္ၿပီး RAM အေနနဲ႔ 6GB ပါဝင္မွာပါ။ Memory Storage ကိုေတာ့ 64GB နဲ႔ 128GB ဆိုၿပီး ၂မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မယ္လို႔ သိရပါတယ္။

ေက်ာဘက္ကင္မရာ အပိုင္းအတြက္ 12MP (f/1.6) Wide + 12MP (f/2.4, 2x Optical Zoom) Telephoto + 12MP (f/2.4) Ultra-wide Sensor ေတြကို ေဒါင္လိုက္ တပ္ဆင္ထားၿပီး ေရွ႕ဘက္မ်က္ႏွာျပင္မွာေတာ့ 8MP (f/2.0) Sensor ကို တပ္ဆင္ထားပါတယ္။ ေက်ာက္ဘက္ကင္မရာေတြမွာ RAW Noise Reduction, Eye AF (Auto Focus), AF/AE (Auto Focus/Auto Exposure) တို႔ပါဝင္ၿပီး 10fps (Frame per Second) နဲ႔ ႐ိုက္ကူးႏိုင္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ 4K HDR ဗီဒီယိုေတြလည္း ႐ိုက္ကူးႏိုင္ဦးမွာပါ။

အသံစနစ္အတြက္ Dolby Atmos က အသိအမွတ္ျပဳ Stereo Speakers ေတြကို အသုံးျပဳထားမွာျဖစ္ၿပီး Sony ရဲ႕ Dynamic Vibration System လည္း ပါဝင္တယ္လို႔ သိရပါတယ္။ In-Display Fingerprint Sensor မပါဝင္ေပမယ့္ ေဘးဘက္မွာ တပ္ဆင္ေပးထားတဲ့ Side-mounted Fingerprint Sensor ကို အသုံးျပဳႏိုင္မွာပါ။ ဘက္ထရီ သိုေလွာင္မႈ ပမာဏ 3330mAh ထည့္သြင္းေပထားၿပီး USB Type-C ကေန တစ္ဆင့္ 18W အျမန္အားသြင္းစနစ္ကို အသုံးျပဳႏိုင္ပါတယ္။ ႀကိဳးမဲ့ အားသြင္းစနစ္လည္း အသုံးျပဳႏိုင္ပါတယ္။ Headphone Jack ေတာ့ ပါဝင္မွာ မဟုတ္ပါဘူး။

Sony Xperia 1 ကို အေရာင္ေတြ အေနနဲ႔ Black , Gray, Purple, White ဆိုၿပီး အေရာင္ ၄မ်ိဴး ေ႐ြးခ်ယ္ဝယ္ယူႏိုင္မွာ ျဖစ္ပါတယ္။ စိတ္မေကာင္းစြာဘဲ ေစ်းႏႈန္းနဲ႔ စတင္ေရာင္းခ်မယ့္ရက္ကိုေတာ့ Sony ဘက္က ထုတ္ေဖာ္ေျပာၾကားသြားျခင္း မရွိေသးပါဘူး။

Ref : Android Authority

[Unicode]

ကမ္ဘာ့ပထမဦးဆုံး 4K OLED Display ကြီးပါတဲ့ Sony Xperia 1 ကို တရားဝင် မိတ်ဆက်သွားပြီဟေ့

ဒီနေ့မှာတော့ Sony ဟာ Flagship စမတ်ဖုန်းဖြစ်တဲ့ Xperia 1 နဲ့အတူ Xperia 10 နဲ့ Xperia 10 Plus (Mid-Range) စမတ်ဖုန်းတွေကို MWC 2019 မှာ တရားဝင် မိတ်ဆက်သွားပါပြီ။ Xperia 1 ဟာ Resolution 1644 x 3840 pixels ရှိတဲ့ 6.5” 4K HDR OLED Display ကြီးနဲ့ ပွဲထွက်လာတာဖြစ်ပြီး Aspect Ratio က 21:9 ဖြစ်ပါတယ်။

21:9 Aspect ratio Display အမျိူးအစားကို အသုံးပြုထားတာကြောင့် Xperia 1 ဟာ သာမန် စမတ်ဖုန်းတွေထက် အနည်းငယ် ပိုရှည်နေမှာ ဖြစ်ပါတယ်။ Sony ကတော့ ဗီဒီယိုကြည့်တဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးကို ရရှိအောင် 4K HDR OLED Display နဲ့အတူ 21:9 Aspect ratio ကို အသုံးပြုထားတယ်လို့ ပြောကြားထားပါတယ်။ ဒါ့အပြင် Xperia 1 မှာ ကြည့်သမျှ ဗီဒီယိုတိုင်းကို 4K Resolution အထိရအောင် ချဲ့ပေးနိုင်တဲ့ BRAVIA 4K နည်းပညာလည်း ပါဝင်တယ်လို့ သိရပါတယ်။

Aluminum Frame ကိုအသုံးပြုထားပြီး Corning Gorilla Glass 6 ကို ရှေ့/နောက် ဖုံးအုပ်ပေးထားပါတယ်။ ဒါ့အပြင် Dust/Water Resistance မှာလည်း IP65/IP68 ရရှိထားပါသေးတယ်။ Processor အပိုင်းအတွက် Snapdragon 855 (7nm) SoC ကို အသုံးပြုထားတာဖြစ်ပြီး RAM အနေနဲ့ 6GB ပါဝင်မှာပါ။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိူး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။

ကျောဘက်ကင်မရာ အပိုင်းအတွက် 12MP (f/1.6) Wide + 12MP (f/2.4, 2x Optical Zoom) Telephoto + 12MP (f/2.4) Ultra-wide Sensor တွေကို ဒေါင်လိုက် တပ်ဆင်ထားပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 8MP (f/2.0) Sensor ကို တပ်ဆင်ထားပါတယ်။ ကျောက်ဘက်ကင်မရာတွေမှာ RAW Noise Reduction, Eye AF (Auto Focus), AF/AE (Auto Focus/Auto Exposure) တို့ပါဝင်ပြီး 10fps (Frame per second) နဲ့ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် 4K HDR ဗီဒီယိုတွေလည်း ရိုက်ကူးနိုင်ဦးမှာပါ။

အသံစနစ်အတွက် Dolby Atmos က အသိအမှတ်ပြု Stereo Speakers တွေကို အသုံးပြုထားမှာဖြစ်ပြီး Sony ရဲ့ Dynamic Vibration System လည်း ပါဝင်တယ်လို့ သိရပါတယ်။ In-display Fingerprint Sensor မပါဝင်ပေမယ့် ဘေးဘက်မှာ တပ်ဆင်ပေးထားတဲ့ Side-mounted Fingerprint Sensor ကို အသုံးပြုနိုင်မှာပါ။ ဘက်ထရီ သိုလှောင်မှု ပမာဏ 3330mAh ထည့်သွင်းပေထားပြီး USB Type-C ကနေ တစ်ဆင့် 18W အမြန်အားသွင်းစနစ်ကို အသုံးပြုနိုင်ပါတယ်။ ကြိုးမဲ့ အားသွင်းစနစ်လည်း အသုံးပြုနိုင်ပါတယ်။ Headphone Jack တော့ ပါဝင်မှာ မဟုတ်ပါဘူး။

Sony Xperia 1 ကို အရောင်တွေ အနေနဲ့ Black , Gray, Purple, White ဆိုပြီး အရောင် ၄မျိူး ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ စိတ်မကောင်းစွာဘဲ ဈေးနှုန်းနဲ့ စတင်ရောင်းချမယ့်ရက်ကိုတော့ Sony ဘက်က ထုတ်ဖော်ပြောကြားသွားခြင်း မရှိသေးပါဘူး။

Ref : Android Authority