[Zawgyi]

Bloomberg နဲ႔ ျပဳလုပ္ခဲ့တဲ့ ေတြ႕ဆုံေမးျမန္းခန္းမွာ Apple ရဲ႕ ပူးတြဲတည္ေထာင္သူ Steve Wozniak က Foldable ဖုန္းေတြနဲ႔ ပတ္သက္တဲ့ သူ႔ရဲ႕အေတြးအခ်ိဳ႕ကို ထုတ္ေဖာ္ေျပာဆိုသြားပါတယ္။ Samsung နဲ႔ Huawei တို႔ရဲ႕ တီထြင္ဆန္းသစ္မႈနဲ႔အတူ ေဈးကြက္ကို ဦးေဆာင္ေနမႈေနာက္မွာ iPhone ေတြ က်ဆုံးသြားမွာကို Wozniak က ေတြးပူေနတာ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားနဲ႔ တ႐ုတ္တို႔ရဲ႕ ထိပ္တန္းနည္းပညာကုမၸဏီႀကီးႏွစ္ခုဟာ တီထြင္ဆန္းသစ္မႈေရွ႕ေရာက္ေနၾကတဲ့ ကုမၸဏီႀကီးေတြျဖစ္ၿပီး စမတ္ဖုန္းေဈးကြက္ရဲ႕ ေဝစုေတြကိုလည္း အေတာ္မ်ားမ်ား ပိုင္ဆိုင္ထားၾကပါတယ္။ Samsung ဟာ Galaxy Fold သာမက 5G စမတ္ဖုန္းကိုလည္း ထုတ္လုပ္ၿပီး နည္းပညာေခတ္သစ္ကို ဦးေဆာင္ေနပါတယ္။

အလားတူပဲ Huawei ကလည္း Mate X အပါအဝင္ နည္းပညာေခတ္သစ္မွာ ေနာက္မက်တဲ့ စမတ္ဖုန္းေတြကို ထုတ္လုပ္ၿပီး ႏိုင္ငံတကာေဈးကြက္မွာ ေနရာတစ္ခုကိုအခိုင္အမာ ရယူထားတာျဖစ္ပါတယ္။ ဒီအခ်ိန္မွာ Apple ကေတာ့ Foldable ဖုန္းလည္း မထုတ္လုပ္ႏိုင္ေသးသလို 5G iPhone ေတြကိုလည္း ၂၀၂၀ မွသာ ေရာင္းခ်ႏိုင္မယ့္ အေနအထား ျဖစ္ပါတယ္။

Foldable ဖုန္းေတြဟာ ေၾကးရတတ္ေတြသာ တတ္ႏိုင္တဲ့ တန္ဖိုးေတြျဖစ္တယ္ဆိုေပမယ့္ iPhone ေတြကလည္း ဘယ္တုန္းကမွ အလယ္အလတ္တန္းေဈးကြက္ထဲကို ဝင္ေရာက္ခဲ့တာ မဟုတ္ပါဘူး။ iPhone တိုင္းဟာ Flagship ကို ကိုယ္စားျပဳခဲ့ၾကေပမယ့္ အခုအခ်ိန္မွာေတာ့ နည္းပညာနဲ႔တီထြင္ဆန္းသစ္မႈပိုင္းမွာ iPhone ေတြက ေနာက္က်က်န္ခဲ့တဲ့ အေျခအေနတစ္ရပ္ကို ႀကဳံေတြ႕ေနရတာပါ။

“သူတို႔ (Apple) ဟာ ေခါက္ဖုန္းလိုအရာမ်ိဳးမွာ ဦးမေဆာင္ႏိုင္ၾကပါဘူး။ ဒါကို စိုးရိမ္မိပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ဆိုရင္လည္း ေခါက္ဖုန္းကို တကယ္ပဲလိုခ်င္ေနမိပါတယ္။ ဒါဟာ ေနာက္ဆုံးေပၚနည္းပညာ ျဖစ္ၿပီးေတာ့ ကြၽန္ေတာ့္စိတ္ကို ဖမ္းစားႏိုင္ပါတယ္” လို႔ Wozniak က အင္တာဗ်ဴးမွာ ေျပာဆိုခဲ့ပါတယ္။

Apple ဟာ Touch ID, Face ID, Apple Pay စတာေတြအပါအဝင္ နည္းပညာပိုင္းမွာ ဦးေဆာင္ခဲ့ဖူးေပမယ့္ ၂၀၁၉ ေရစီးေၾကာင္းျဖစ္တဲ့ Foldable နဲ႔ 5G ပိုင္းမွာေနာက္က်ေနခဲ့တာကို Wozniak က စိုးရိမ္ေနတာပဲ ျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ Apple ကေတာ့ အၿမဲတမ္းလို “အံ့အားသင္ေအာင္လုပ္ႏိုင္ပါတယ္၊ ဒီလိုလုပ္ဖို႔ သူတို႔ေတြက ေနာက္ကြယ္မွာ အၿမဲတမ္း အလုပ္လုပ္ေနၾကပါတယ္” လို႔လည္း Wozniak က ေျပာသြားပါေသးတယ္။

Ref: 9To5Mac

[Unicode]

Foldable ဖုန်းတွေကြောင့် iPhone ကျဆုံးမှာကို စိုးရိမ်နေတဲ့ Apple ပူးတွဲတည်ထောင်သူ

Bloomberg နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းမှာ Apple ရဲ့ ပူးတွဲတည်ထောင်သူ Steve Wozniak က Foldable ဖုန်းတွေနဲ့ ပတ်သက်တဲ့ သူ့ရဲ့အတွေးအချို့ကို ထုတ်ဖော်ပြောဆိုသွားပါတယ်။ Samsung နဲ့ Huawei တို့ရဲ့ တီထွင်ဆန်းသစ်မှုနဲ့အတူ ဈေးကွက်ကို ဦးဆောင်နေမှုနောက်မှာ iPhone တွေ ကျဆုံးသွားမှာကို Wozniak က တွေးပူနေတာ ဖြစ်ပါတယ်။

တောင်ကိုရီးယားနဲ့ တရုတ်တို့ရဲ့ ထိပ်တန်းနည်းပညာကုမ္ပဏီကြီးနှစ်ခုဟာ တီထွင်ဆန်းသစ်မှုရှေ့ရောက်နေကြတဲ့ ကုမ္ပဏီကြီးတွေဖြစ်ပြီး စမတ်ဖုန်းဈေးကွက်ရဲ့ ဝေစုတွေကိုလည်း အတော်များများ ပိုင်ဆိုင်ထားကြပါတယ်။ Samsung ဟာ Galaxy Fold သာမက 5G စမတ်ဖုန်းကိုလည်း ထုတ်လုပ်ပြီး နည်းပညာခေတ်သစ်ကို ဦးဆောင်နေပါတယ်။

အလားတူပဲ Huawei ကလည်း Mate X အပါအဝင် နည်းပညာခေတ်သစ်မှာ နောက်မကျတဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်ပြီး နိုင်ငံတကာဈေးကွက်မှာ နေရာတစ်ခုကိုအခိုင်အမာ ရယူထားတာဖြစ်ပါတယ်။ ဒီအချိန်မှာ Apple ကတော့ Foldable ဖုန်းလည်း မထုတ်လုပ်နိုင်သေးသလို 5G iPhone တွေကိုလည်း ၂၀၂၀ မှသာ ရောင်းချနိုင်မယ့် အနေအထား ဖြစ်ပါတယ်။

Foldable ဖုန်းတွေဟာ ကြေးရတတ်တွေသာ တတ်နိုင်တဲ့ တန်ဖိုးတွေဖြစ်တယ်ဆိုပေမယ့် iPhone တွေကလည်း ဘယ်တုန်းကမှ အလယ်အလတ်တန်းဈေးကွက်ထဲကို ဝင်ရောက်ခဲ့တာ မဟုတ်ပါဘူး။ iPhone တိုင်းဟာ Flagship ကို ကိုယ်စားပြုခဲ့ကြပေမယ့် အခုအချိန်မှာတော့ နည်းပညာနဲ့တီထွင်ဆန်းသစ်မှုပိုင်းမှာ iPhone တွေက နောက်ကျကျန်ခဲ့တဲ့ အခြေအနေတစ်ရပ်ကို ကြုံတွေ့နေရတာပါ။

“သူတို့ (Apple) ဟာ ခေါက်ဖုန်းလိုအရာမျိုးမှာ ဦးမဆောင်နိုင်ကြပါဘူး။ ဒါကို စိုးရိမ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ဆိုရင်လည်း ခေါက်ဖုန်းကို တကယ်ပဲလိုချင်နေမိပါတယ်။ ဒါဟာ နောက်ဆုံးပေါ်နည်းပညာ ဖြစ်ပြီးတော့ ကျွန်တော့်စိတ်ကို ဖမ်းစားနိုင်ပါတယ်” လို့ Wozniak က အင်တာဗျူးမှာ ပြောဆိုခဲ့ပါတယ်။

Apple ဟာ Touch ID, Face ID, Apple Pay စတာတွေအပါအဝင် နည်းပညာပိုင်းမှာ ဦးဆောင်ခဲ့ဖူးပေမယ့် ၂၀၁၉ ရေစီးကြောင်းဖြစ်တဲ့ Foldable နဲ့ 5G ပိုင်းမှာနောက်ကျနေခဲ့တာကို Wozniak က စိုးရိမ်နေတာပဲ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Apple ကတော့ အမြဲတမ်းလို “အံ့အားသင်အောင်လုပ်နိုင်ပါတယ်၊ ဒီလိုလုပ်ဖို့ သူတို့တွေက နောက်ကွယ်မှာ အမြဲတမ်း အလုပ်လုပ်နေကြပါတယ်” လို့လည်း Wozniak က ပြောသွားပါသေးတယ်။

Ref: 9To5Mac