[Zawgyi]

၂၀၁၉ ရဲ႕ ေဖေဖာ္ဝါရီလမွာ ေျပာစရာ ေခါင္းစဥ္က MWC 2019 နဲ႔အတူ အၿပိဳင္အဆိုင္ျပသခဲ့ၾကတဲ့ 5G စမတ္ဖုန္းေတြ၊ Foldable စမတ္ဖုန္းေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ေတြ႕မွာ တကယ္ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈကို စတင္ေနၾကတာကေတာ့ Samsung နဲ႔ Huawei တို႔ပဲ ျဖစ္ပါတယ္။

Samsung Galaxy Fold နဲ႔ Huawei Mate X တို႔ဟာ မတူညီတဲ့ ေခါက္ခ်ိဳးမႈပုံသ႑ာန္နဲ႔ အယူအဆကို ကိုယ္စားျပဳေနတဲ့ Foldable ဖုန္းေတြပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ Huawei ရဲ႕ Mobile Business CEO ျဖစ္သူ Richard Yu ကေတာ့ ဒီဇိုင္းပိုင္းမွာ သူတို႔ကပဲ ပိုသာတယ္လို႔ ယုံၾကည္ေနပါတယ္။

Business Insider နဲ႔ ေတြ႕ဆုံေမးျမန္းမႈမွာ Yu က Huawei Mate X ေရွ႕ေျပးပုံစံ ဒီဇိုင္းေဟာင္းဟာ Galaxy Fold ရဲ႕ ဒီဇိုင္းနဲ႔ ခပ္ဆင္ဆင္ျဖစ္ၿပီး Huawei က အဆိုပါဒီဇိုင္းက သိပ္မေကာင္းဘူးလို႔ ယူဆတာေၾကာင့္ ဖ်က္သိမ္းခဲ့ၿပီး လက္ရွိဒီဇိုင္းအတိုင္း ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ သူတို႔ ပယ္ဖ်က္ခဲ့တဲ့ ေရွ႕ေျပးပုံစံဒီဇိုင္းေဟာင္းက ဖုန္းကို ေလးလံေစတယ္လို႔လည္း Yu က ေျပာခဲ့ပါေသးတယ္။ Huawei ဟာ ဒီလုပ္ငန္းစဥ္မွာ သုံးေခါက္ခ်ိဳးဒီဇိုင္းကိုလည္း အေကာင္အထည္ေဖာ္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။ အဆိုပါ ပယ္ဖ်က္ခဲ့ရတဲ့ ဒီဇိုင္းေတြထဲက တစ္ခုကေတာင္ Samsung Galaxy Fold ထက္ပိုၿပီး ေကာင္းတယ္လို႔ ဆိုပါတယ္။

ဒါေပမယ့္လည္း CEO ဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဆိုပါဒီဇိုင္းေတြကို မေကာင္းဘူးလို႔ ယူဆၿပီး ပယ္ဖ်က္ဖို႔ ဆုံးျဖတ္ခဲ့ရေၾကာင္း ေျပာပါတယ္။ ေနာက္ဆုံးမွာေတာ့ လက္ရွိျပသခဲ့တဲ့ ဒီဇိုင္းကသာ အေကာင္းဆုံးျဖစ္တယ္လို႔ ယုံၾကည္ၿပီး Huawei Mate X ကို ထုတ္လုပ္ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Huawei Mate X ဟာ မ်က္ႏွာျပင္က်ယ္ကို အတြင္းဘက္ေခါက္သိမ္းတဲ့ ပုံစံမဟုတ္ဘဲ အျပင္ဘက္မွာ ထားရွိၿပီး ေခါက္သိမ္းတဲ့ ပုံစံျဖစ္ပါတယ္။ ဒါေပမယ့္ ေက်ာဘက္ျခမ္းမွာလည္း မ်က္ႏွာျပင္တစ္ခု ထပ္မံတပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။

Huawei Mate X ကို ေခါက္ထားခ်ိန္မွာ အဓိက မ်က္ႏွာျပင္ဟာ အျပင္ဘက္မွာ ရွိေနတာေၾကာင့္ ေရရွည္မွာ ပြန္းရာ၊ စင္းရာေတြ ျဖစ္ေပၚႏိုင္ၿပီး အၾကမ္းခံႏိုင္ပါ့မလားလို႔ ေမးခြန္းထုတ္စရာ ျဖစ္ေပမယ့္ Huawei ကေတာ့ စိုင္းစိုင္းတို႔ သီခ်င္းထဲကလို “မင္းဖုန္းထက္ ငါ့ဖုန္းက ပိုမိုက္တယ္၊ ေဟ့ေကာင္ ငါ့ဖုန္းပိုမိုက္တယ္” လို႔ ေျပာေနတာပဲ ျဖစ္ပါတယ္။

Ref: Android Authority

[Unicode]

Galaxy Fold ရဲ့ ဒီဇိုင်းက မကောင်းဘူးလို့ ယုံကြည်နေတဲ့ Huawei CEO

၂၀၁၉ ရဲ့ ဖေဖော်ဝါရီလမှာ ပြောစရာ ခေါင်းစဉ်က MWC 2019 နဲ့အတူ အပြိုင်အဆိုင်ပြသခဲ့ကြတဲ့ 5G စမတ်ဖုန်းတွေ၊ Foldable စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ တကယ်ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုကို စတင်နေကြတာကတော့ Samsung နဲ့ Huawei တို့ပဲ ဖြစ်ပါတယ်။

Samsung Galaxy Fold နဲ့ Huawei Mate X တို့ဟာ မတူညီတဲ့ ခေါက်ချိုးမှုပုံသဏ္ဍာန်နဲ့ အယူအဆကို ကိုယ်စားပြုနေတဲ့ Foldable ဖုန်းတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် Huawei ရဲ့ Mobile Business CEO ဖြစ်သူ Richard Yu ကတော့ ဒီဇိုင်းပိုင်းမှာ သူတို့ကပဲ ပိုသာတယ်လို့ ယုံကြည်နေပါတယ်။

Business Insider နဲ့ တွေ့ဆုံမေးမြန်းမှုမှာ Yu က Huawei Mate X ရှေ့ပြေးပုံစံ ဒီဇိုင်းဟောင်းဟာ Galaxy Fold ရဲ့ ဒီဇိုင်းနဲ့ ခပ်ဆင်ဆင်ဖြစ်ပြီး Huawei က အဆိုပါဒီဇိုင်းက သိပ်မကောင်းဘူးလို့ ယူဆတာကြောင့် ဖျက်သိမ်းခဲ့ပြီး လက်ရှိဒီဇိုင်းအတိုင်း ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့ ပယ်ဖျက်ခဲ့တဲ့ ရှေ့ပြေးပုံစံဒီဇိုင်းဟောင်းက ဖုန်းကို လေးလံစေတယ်လို့လည်း Yu က ပြောခဲ့ပါသေးတယ်။ Huawei ဟာ ဒီလုပ်ငန်းစဉ်မှာ သုံးခေါက်ချိုးဒီဇိုင်းကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ အဆိုပါ ပယ်ဖျက်ခဲ့ရတဲ့ ဒီဇိုင်းတွေထဲက တစ်ခုကတောင် Samsung Galaxy Fold ထက်ပိုပြီး ကောင်းတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း CEO ဟာ အကြောင်းအမျိုးမျိုးကြောင့် အဆိုပါဒီဇိုင်းတွေကို မကောင်းဘူးလို့ ယူဆပြီး ပယ်ဖျက်ဖို့ ဆုံးဖြတ်ခဲ့ရကြောင်း ပြောပါတယ်။ နောက်ဆုံးမှာတော့ လက်ရှိပြသခဲ့တဲ့ ဒီဇိုင်းကသာ အကောင်းဆုံးဖြစ်တယ်လို့ ယုံကြည်ပြီး Huawei Mate X ကို ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

Huawei Mate X ဟာ မျက်နှာပြင်ကျယ်ကို အတွင်းဘက်ခေါက်သိမ်းတဲ့ ပုံစံမဟုတ်ဘဲ အပြင်ဘက်မှာ ထားရှိပြီး ခေါက်သိမ်းတဲ့ ပုံစံဖြစ်ပါတယ်။ ဒါပေမယ့် ကျောဘက်ခြမ်းမှာလည်း မျက်နှာပြင်တစ်ခု ထပ်မံတပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Huawei Mate X ကို ခေါက်ထားချိန်မှာ အဓိက မျက်နှာပြင်ဟာ အပြင်ဘက်မှာ ရှိနေတာကြောင့် ရေရှည်မှာ ပွန်းရာ၊ စင်းရာတွေ ဖြစ်ပေါ်နိုင်ပြီး အကြမ်းခံနိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာ ဖြစ်ပေမယ့် Huawei ကတော့ စိုင်းစိုင်းတို့ သီချင်းထဲကလို “မင်းဖုန်းထက် ငါ့ဖုန်းက ပိုမိုက်တယ်၊ ဟေ့ကောင် ငါ့ဖုန်းပိုမိုက်တယ်” လို့ ပြောနေတာပဲ ဖြစ်ပါတယ်။

Ref: Android Authority