[Zawgyi]
ေဖေဖာ္ဝါရီလကုန္ပိုင္းတုန္းက Business Insider နဲ႔ ျပဳလုပ္ခဲ့တဲ့ ေတြ႕ဆုံေမးျမန္းမႈမွာ Huawei ရဲ႕ Mobile Business CEO Richard Yu က Huawei Mate X ရဲ႕ ဒီဇိုင္းဟာ Samsung Galaxy Fold ထက္ ပိုၿပီးေကာင္းမြန္တယ္လို႔ ေျပာဆိုသြားခဲ့ပါတယ္။
Yu က Huawei ဟာ ေရွ႕ေျပးပုံစံဒီဇိုင္းေတြ ျပဳလုပ္တုန္းက Galaxy Fold နဲ႔ ခပ္ဆင္ဆင္ ဒီဇိုင္းတစ္ခုလည္း ျပဳလုပ္ခဲ့ေသးေၾကာင္း၊ ဒါေပမယ့္ အဆိုပါဒီဇိုင္းမ်ိဳးက အေလးခ်ိန္ပိုေစၿပီး ထူလည္းထူေစတာေၾကာင့္ မေကာင္းဘူးလို႔ ယူဆၿပီး လက္ရွိ Mate X ဒီဇိုင္းကိုသာ အေကာင္အထည္ေဖာ္ ထုတ္လုပ္ခဲ့တာလို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
ဒီတစ္ပါတ္မွာေတာ့ Samsung ရဲ႕ သုေတသနနဲ႔ ဖြံ႕ၿဖိဳးေရး တာဝန္ခံအလုပ္အမႈေဆာင္ ဒုတိယဥကၠ႒က Huawei ရဲ႕ အဆိုကို ျပန္လည္ေခ်ပတိုက္ခိုက္ခဲ့ပါတယ္။ Huawei ရဲ႕ Foldable ဒီဇိုင္းဟာ အျပင္ဘက္ကို ေခါက္သိမ္းႏိုင္တာေၾကာင့္ ပိုၿပီးပါးလႊာတဲ့ ကိုယ္ထည္တည္ေဆာက္ပုံကို ရရွိေပမယ့္ တစ္ခ်ိန္တည္းမွာပဲ မ်က္ႏွာျပင္ဟာ ပြန္းရာစင္းရာေတြ အလြယ္တကူ ရႏိုင္ၿပီး ျပင္းထန္တဲ့ထိခိုက္မႈကိုႀကဳံေတြ႕ႏိုင္တယ္လို႔ Samsung က ေျပာဆိုလိုက္ပါတယ္။
Samsung ရဲ႕ ျပန္လည္ေခ်ပ ေျပာဆိုခ်က္ကို ေလ့လာသုံးသပ္သူေတြနဲ႔ မီဒီယာေတြကလည္း ေမးခြန္းထုတ္ခဲ့ဖူးပါတယ္။ တကယ္လည္း Huawei Mate X ရဲ႕ အျပင္ဘက္ေခါက္သိမ္းတဲ့ ဒီဇိုင္းဟာ မ်က္ႏွာျပင္ထိခိုက္မႈအတြက္ အလားအလာအမ်ားႀကီးရွိေနတဲ့ ဒီဇိုင္း ျဖစ္ပါတယ္။ အကယ္၍ အသုံးျပဳသူကိုယ္တိုင္ေၾကာင့္ပဲျဖစ္ျဖစ္၊ အျခားတစ္စုံတစ္ေယာက္ေၾကာင့္ပဲျဖစ္ျဖစ္ ထိခိုက္မိတဲ့အခါ မ်က္ႏွာျပင္ရဲ႕ ႀကံ့ခိုင္မႈဟာ ဘယ္ေလာက္ထိရွိေနမလဲဆိုတာက တကယ့္ေမးခြန္းျဖစ္ပါတယ္။
Samsung ရဲ႕ Galaxy Fold ကေတာ့ မ်က္ႏွာျပင္ကို အတြင္းဘက္ေခါက္သိမ္းထားတာေၾကာင့္ အျပင္က ကိုယ္ထည္က ကာကြယ္ၿပီးျဖစ္တဲ့အတြက္ ပိုၿပီးလုံၿခဳံစိတ္ခ်ရတယ္လို႔ ဆိုႏိုင္ပါတယ္။ ဒါေပမယ့္ Huawei ကေျပာထားသလိုပဲ အေလးခ်ိန္ ပိုသလို၊ ေခါက္ထားခ်ိန္မွာလည္း ပိုၿပီးထူထဲတာက အမွန္ပါ။
Samsung ကေတာ့ သူတို႔ရဲ႕ Galaxy Fold ဒီဇိုင္းအတြက္ ကုမၸဏီတြင္းသာမက ျပင္ပမွာပါ စစ္တမ္းေကာက္ယူၿပီးမွ ေသခ်ာေ႐ြးခ်ယ္ဆုံးျဖတ္ခဲ့တာ ျဖစ္တယ္လို႔ အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ Samsung ဟာ Galaxy Fold ရဲ႕ မ်က္ႏွာျပင္နဲ႔ပတ္သက္ၿပီး ျပႆနာအခ်ိဳ႕ ႀကဳံေတြ႕ေနရသလို၊ အျခားဒီဇိုင္းႏွစ္မ်ိဳးနဲ႔ Foldable ေတြကိုလည္း ထုတ္လုပ္သြားဦးမယ္လို႔ သိရပါတယ္။ ဒီဇိုင္းသစ္ႏွစ္မ်ိဳးအနက္ တစ္မ်ိဳးက Mate X လို အျပင္ဘက္ကို ေခါက္သိမ္းတဲ့ ဒီဇိုင္းျဖစ္တယ္လို႔လည္း သိရပါတယ္။
Ref: GSMArena
[Unicode]
Galaxy Fold ဒီဇိုင်းက Huawei Mate X ထက်ပိုကောင်းတယ်လို့ Samsung က အခိုင်အမာပြောဆို
ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက Business Insider နဲ့ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းမှုမှာ Huawei ရဲ့ Mobile Business CEO Richard Yu က Huawei Mate X ရဲ့ ဒီဇိုင်းဟာ Samsung Galaxy Fold ထက် ပိုပြီးကောင်းမွန်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။
Yu က Huawei ဟာ ရှေ့ပြေးပုံစံဒီဇိုင်းတွေ ပြုလုပ်တုန်းက Galaxy Fold နဲ့ ခပ်ဆင်ဆင် ဒီဇိုင်းတစ်ခုလည်း ပြုလုပ်ခဲ့သေးကြောင်း၊ ဒါပေမယ့် အဆိုပါဒီဇိုင်းမျိုးက အလေးချိန်ပိုစေပြီး ထူလည်းထူစေတာကြောင့် မကောင်းဘူးလို့ ယူဆပြီး လက်ရှိ Mate X ဒီဇိုင်းကိုသာ အကောင်အထည်ဖော် ထုတ်လုပ်ခဲ့တာလို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီတစ်ပါတ်မှာတော့ Samsung ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေး တာဝန်ခံအလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌက Huawei ရဲ့ အဆိုကို ပြန်လည်ချေပတိုက်ခိုက်ခဲ့ပါတယ်။ Huawei ရဲ့ Foldable ဒီဇိုင်းဟာ အပြင်ဘက်ကို ခေါက်သိမ်းနိုင်တာကြောင့် ပိုပြီးပါးလွှာတဲ့ ကိုယ်ထည်တည်ဆောက်ပုံကို ရရှိပေမယ့် တစ်ချိန်တည်းမှာပဲ မျက်နှာပြင်ဟာ ပွန်းရာစင်းရာတွေ အလွယ်တကူ ရနိုင်ပြီး ပြင်းထန်တဲ့ထိခိုက်မှုကိုကြုံတွေ့နိုင်တယ်လို့ Samsung က ပြောဆိုလိုက်ပါတယ်။
Samsung ရဲ့ ပြန်လည်ချေပ ပြောဆိုချက်ကို လေ့လာသုံးသပ်သူတွေနဲ့ မီဒီယာတွေကလည်း မေးခွန်းထုတ်ခဲ့ဖူးပါတယ်။ တကယ်လည်း Huawei Mate X ရဲ့ အပြင်ဘက်ခေါက်သိမ်းတဲ့ ဒီဇိုင်းဟာ မျက်နှာပြင်ထိခိုက်မှုအတွက် အလားအလာအများကြီးရှိနေတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အကယ်၍ အသုံးပြုသူကိုယ်တိုင်ကြောင့်ပဲဖြစ်ဖြစ်၊ အခြားတစ်စုံတစ်ယောက်ကြောင့်ပဲဖြစ်ဖြစ် ထိခိုက်မိတဲ့အခါ မျက်နှာပြင်ရဲ့ ကြံ့ခိုင်မှုဟာ ဘယ်လောက်ထိရှိနေမလဲဆိုတာက တကယ့်မေးခွန်းဖြစ်ပါတယ်။
Samsung ရဲ့ Galaxy Fold ကတော့ မျက်နှာပြင်ကို အတွင်းဘက်ခေါက်သိမ်းထားတာကြောင့် အပြင်က ကိုယ်ထည်က ကာကွယ်ပြီးဖြစ်တဲ့အတွက် ပိုပြီးလုံခြုံစိတ်ချရတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် Huawei ကပြောထားသလိုပဲ အလေးချိန် ပိုသလို၊ ခေါက်ထားချိန်မှာလည်း ပိုပြီးထူထဲတာက အမှန်ပါ။
Samsung ကတော့ သူတို့ရဲ့ Galaxy Fold ဒီဇိုင်းအတွက် ကုမ္ပဏီတွင်းသာမက ပြင်ပမှာပါ စစ်တမ်းကောက်ယူပြီးမှ သေချာရွေးချယ်ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် Samsung ဟာ Galaxy Fold ရဲ့ မျက်နှာပြင်နဲ့ပတ်သက်ပြီး ပြဿနာအချို့ ကြုံတွေ့နေရသလို၊ အခြားဒီဇိုင်းနှစ်မျိုးနဲ့ Foldable တွေကိုလည်း ထုတ်လုပ်သွားဦးမယ်လို့ သိရပါတယ်။ ဒီဇိုင်းသစ်နှစ်မျိုးအနက် တစ်မျိုးက Mate X လို အပြင်ဘက်ကို ခေါက်သိမ်းတဲ့ ဒီဇိုင်းဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: GSMArena