[Zawgyi]
၂၀၁၉ ခုႏွစ္ရဲ႕ Foldable စမတ္ဖုန္း ၿပိဳင္ပြဲထဲကို ေနာက္ထပ္ဝင္ေရာက္လာမယ့္ ကုမၸဏီက တ႐ုတ္နည္းပညာကုမၸဏီတစ္ခုျဖစ္တဲ့ ZTE ပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ MWC 2019 မွာ Axon 10 Pro 5G စမတ္ဖုန္းကို မိတ္ဆက္ခဲ့တဲ့ ဒီကုမၸဏီဟာ Foldable ဖုန္းအတြက္လည္း လႈပ္ရွားေနတာပါ။
ၿပီးခဲ့တဲ့ရက္တုန္းက ZTE ကေန ဒီဇိုင္းမူပိုင္ခြင့္တင္လိုက္တဲ့ Foldable ပုံစံကို ျမင္ေတြ႕လိုက္ရပါတယ္။ ဒီပုံစံဟာ Motorola ရဲ႕ 2019 RAZR နဲ႔ ဆင္တူတယ္လို႔ ဆိုရမွာပါ။ ဘာေၾကာင့္လဲဆိုေတာ့ ZTE ရဲ႕ဒီဇိုင္းဟာ Galaxy Fold, Mate X တို႔လို အလ်ားလိုက္ ေခါက္သိမ္းတာမဟုတ္ဘဲ ေခတ္ေဟာင္းေခါက္ဖုန္းေတြလိုပဲ ခါးလယ္ကေန ေဒါင္လိုက္ေခါက္သိမ္းတဲ့ ပုံစံျဖစ္လို႔ပါပဲ။
လက္ရွိထြက္ေပၚလာတဲ့ ခန႔္မွန္းပုံၾကမ္းအရ ZTE ရဲ႕ Foldable ဖုန္းဟာ ခါးလယ္ကေန ေခါက္ခ်လိုက္မယ္ဆိုေပမယ့္ အလယ္တည့္တည့္မဟုတ္ဘဲ ေအာက္ဘက္ျခမ္းကေတာ့ အစြန္းထြက္ေနတဲ့ ပုံစံကို ေတြ႕ျမင္ရမွာ ျဖစ္ပါတယ္။ အစြန္းထြက္ေနတဲ့ ေနရာက ေခါက္သိမ္းထားခ်ိန္မွာလည္း အလုပ္လုပ္ေပးေနမယ့္ မ်က္ႏွာျပင္ အစိတ္အပိုင္း ျဖစ္ႏိုင္ဖြယ္ ရွိပါတယ္။
ဒါ့အျပင္ ဖုန္းရဲ႕ အထပ္ပိုင္းအျခမ္းကလည္း ေအာက္ပိုင္းအျခမ္းထက္ သိသာစြာ ပါးေနတာကို ျမင္ေတြ႕ရပါတယ္။ ဒါေၾကာင့္ အေပၚပိုင္းအျခမ္းမွာ အေရးႀကီးတဲ့ အစိတ္အပိုင္းေတြ မရွိဘဲ ေအာက္ဘက္အျခမ္းကသာ ဘက္ထရီအပါအဝင္ အျခားအေရးႀကီးတဲ့ အစိတ္အပိုင္းေတြကို ထည့္သြင္းတပ္ဆင္မယ့္ ေနရာျဖစ္ဖြယ္ ရွိပါတယ္။ ဒါကလည္း ေခတ္ေဟာင္း ေခါက္ဖုန္းေတြနဲ႔ အယူအဆခ်င္း တူတယ္လို႔ဆိုရမွာပါ။
ဖုန္းရဲ႕ အျပင္ဘက္အျခမ္း၊ တနည္းအားျဖင့္ ထူတဲ့အပိုင္းရဲ႕ ေက်ာဘက္အျခမ္းမွာေတာ့ ကင္မရာႏွစ္လုံးနဲ႔ LED Flash ေတြ တပ္ဆင္ထားတာကို ေတြ႕ျမင္ရပါတယ္။ အထက္ပိုင္းလို႔ ဆိုရမယ့္ ပါးလႊာတဲ့အပိုင္းျဖစ္တဲ့ ဘယ္ဘက္ထိပ္ဆုံးမွာေတာ့ တစ္စုံတစ္ခုအတြက္ ေနရာခ်ထားတဲ့ အဝိုင္းပုံစံႏွစ္ခုကိုသာ ေတြ႕ရၿပီး ဘာအတြက္ျဖစ္မယ္ဆိုတာေတာ့ တိတိက်က် မေျပာႏိုင္ေသးပါဘူး။
ဖုန္းရဲ႕ေအာက္ေျခမွာေတာ့ USB-C နဲ႔ စပီကာအတြက္ တစ္ဘက္တစ္ခ်က္စီမွာ ေဖာက္ထားတာကို ေတြ႕ရပါတယ္။ ေဘးဘက္မွာေတာ့ အသံအတိုးအခ်ဲ႕ခလုတ္နဲ႔ အဖြင့္အပိတ္ခလုတ္တို႔ကို တပ္ဆင္ထားတာ ျဖစ္ပါတယ္။
Ref: GSMArena
[Unicode]
ဒေါင်လိုက်ခေါက်ချိုး Foldable ဖုန်းဒီဇိုင်းကို ZTE က မူပိုင်ခွင့်တင်ခဲ့
၂၀၁၉ ခုနှစ်ရဲ့ Foldable စမတ်ဖုန်း ပြိုင်ပွဲထဲကို နောက်ထပ်ဝင်ရောက်လာမယ့် ကုမ္ပဏီက တရုတ်နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ ZTE ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ MWC 2019 မှာ Axon 10 Pro 5G စမတ်ဖုန်းကို မိတ်ဆက်ခဲ့တဲ့ ဒီကုမ္ပဏီဟာ Foldable ဖုန်းအတွက်လည်း လှုပ်ရှားနေတာပါ။
ပြီးခဲ့တဲ့ရက်တုန်းက ZTE ကနေ ဒီဇိုင်းမူပိုင်ခွင့်တင်လိုက်တဲ့ Foldable ပုံစံကို မြင်တွေ့လိုက်ရပါတယ်။ ဒီပုံစံဟာ Motorola ရဲ့ 2019 RAZR နဲ့ ဆင်တူတယ်လို့ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ ZTE ရဲ့ဒီဇိုင်းဟာ Galaxy Fold, Mate X တို့လို အလျားလိုက် ခေါက်သိမ်းတာမဟုတ်ဘဲ ခေတ်ဟောင်းခေါက်ဖုန်းတွေလိုပဲ ခါးလယ်ကနေ ဒေါင်လိုက်ခေါက်သိမ်းတဲ့ ပုံစံဖြစ်လို့ပါပဲ။
လက်ရှိထွက်ပေါ်လာတဲ့ ခန့်မှန်းပုံကြမ်းအရ ZTE ရဲ့ Foldable ဖုန်းဟာ ခါးလယ်ကနေ ခေါက်ချလိုက်မယ်ဆိုပေမယ့် အလယ်တည့်တည့်မဟုတ်ဘဲ အောက်ဘက်ခြမ်းကတော့ အစွန်းထွက်နေတဲ့ ပုံစံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အစွန်းထွက်နေတဲ့ နေရာက ခေါက်သိမ်းထားချိန်မှာလည်း အလုပ်လုပ်ပေးနေမယ့် မျက်နှာပြင် အစိတ်အပိုင်း ဖြစ်နိုင်ဖွယ် ရှိပါတယ်။
ဒါ့အပြင် ဖုန်းရဲ့ အထပ်ပိုင်းအခြမ်းကလည်း အောက်ပိုင်းအခြမ်းထက် သိသာစွာ ပါးနေတာကို မြင်တွေ့ရပါတယ်။ ဒါကြောင့် အပေါ်ပိုင်းအခြမ်းမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ မရှိဘဲ အောက်ဘက်အခြမ်းကသာ ဘက်ထရီအပါအဝင် အခြားအရေးကြီးတဲ့ အစိတ်အပိုင်းတွေကို ထည့်သွင်းတပ်ဆင်မယ့် နေရာဖြစ်ဖွယ် ရှိပါတယ်။ ဒါကလည်း ခေတ်ဟောင်း ခေါက်ဖုန်းတွေနဲ့ အယူအဆချင်း တူတယ်လို့ဆိုရမှာပါ။
ဖုန်းရဲ့ အပြင်ဘက်အခြမ်း၊ တနည်းအားဖြင့် ထူတဲ့အပိုင်းရဲ့ ကျောဘက်အခြမ်းမှာတော့ ကင်မရာနှစ်လုံးနဲ့ LED Flash တွေ တပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။ အထက်ပိုင်းလို့ ဆိုရမယ့် ပါးလွှာတဲ့အပိုင်းဖြစ်တဲ့ ဘယ်ဘက်ထိပ်ဆုံးမှာတော့ တစ်စုံတစ်ခုအတွက် နေရာချထားတဲ့ အဝိုင်းပုံစံနှစ်ခုကိုသာ တွေ့ရပြီး ဘာအတွက်ဖြစ်မယ်ဆိုတာတော့ တိတိကျကျ မပြောနိုင်သေးပါဘူး။
ဖုန်းရဲ့အောက်ခြေမှာတော့ USB-C နဲ့ စပီကာအတွက် တစ်ဘက်တစ်ချက်စီမှာ ဖောက်ထားတာကို တွေ့ရပါတယ်။ ဘေးဘက်မှာတော့ အသံအတိုးအချဲ့ခလုတ်နဲ့ အဖွင့်အပိတ်ခလုတ်တို့ကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။
Ref: GSMArena