[Zawgyi]

Midrange တန္းဝင္ဟန္းဆက္ေတြျဖစ္တဲ့ V15 နဲ႔ X27 တုိ႔ကို မိတ္ဆက္လာခဲ့ၿပီးတဲ့ေနာက္ Vivo ကုမၸဏီဟာ ဘတ္ဂ်က္တန္းဟန္းဆက္ေတြဘက္ကို လွည့္လာခဲ့ပုံရပါတယ္။ Vivo ဖုန္းအသစ္ႏွစ္မ်ဳိးဟာ Geekbench ေပၚကို ေရာက္လာခဲ့ၿပီး Entry-level Spec ေတြကို ျပသခဲ့ကာ စမ္းသပ္ခံခဲ့ပါတယ္။

ေမာ္ဒယ္နံပါတ္ Vivo 1901 နဲ႔ပထမဖုန္းဟာ ဘတ္ဂ်က္ Helio P22 SoC ကိုသုံးစြဲထားၿပီး 2GB RAM မန္မုိရီနဲ႔ တြဲဖက္ထားပါတယ္။ စက္ႏွင္စနစ္ကိုေတာ့ Android 9.0 Pie ကို အသုံးျပဳထားတာကို ေတြ႕ခဲ့ရၿပီး Single-core ရမွတ္မွာ 811 နဲ႔ Multi-core စမ္းသပ္မႈမွာေတာ့ 2473 ရရွိခဲ့ပါတယ္။ ဒီရလဒ္ေတြဟာ Helio A22 နဲ႔ Redmi 6A နဲ႔ တူညီေနပါတယ္။

ဒုတိယဖုန္းျဖစ္တဲ့ Vivo 1902 ကေတာ့ Helio P35 ခ်စ္ပ္ဆက္ကို အသုံးျပဳထားၿပီး သူလည္း 2GB RAM မန္မုိရီနဲ႔ Android Pie OS တုိ႔ကိုပဲ သုံးစြဲလာတယ္။ သူ႕ရဲ႕ရလဒ္က Vivo 1901 နဲ႔သိပ္မကြာဘဲ Single-core အတြက္ 815 နဲ႔ Multi-core ရမွတ္ 2472 အသီးသီးရရွိခဲ့တာပါ။

ဒီ Spec နဲ႔ဆုိရင္ေတာ့ Vivo ရဲ႕ဘတ္ဂ်က္ဖုန္းအသစ္ေတြဟာ လက္ရွိေစ်းကြက္ထဲကို မိတ္ဆက္ၿပီးတဲ့ Samsung M10 ဖုန္းနဲ႔ Xiaomi ရဲ႕ Redmi 7 တုိ႔ကို ယွဥ္ၿပိဳင္ဖို႔လို႔ ယူဆရပါတယ္။ လက္ရွိမွာ နာမည္ေတြကို မသိရေသးေပမယ့္ Vivo ရဲ႕ဘတ္ဂ်က္စီးရီးေတြျဖစ္တဲ့ V နဲ႔ Y စီးရီးေတြအတြက္ ျဖစ္လာႏုိင္ပါတယ္။

Ref – GSM Arena

[Unicode]

Midrange တန်းဝင်ဟန်းဆက်တွေဖြစ်တဲ့ V15 နဲ့ X27 တို့ကို မိတ်ဆက်လာခဲ့ပြီးတဲ့နောက် Vivo ကုမ္ပဏီဟာ ဘတ်ဂျက်တန်းဟန်းဆက်တွေဘက်ကို လှည့်လာခဲ့ပုံရပါတယ်။ Vivo ဖုန်းအသစ်နှစ်မျိုးဟာ Geekbench ပေါ်ကို ရောက်လာခဲ့ပြီး Entry-level Spec တွေကို ပြသခဲ့ကာ စမ်းသပ်ခံခဲ့ပါတယ်။

မော်ဒယ်နံပါတ် Vivo 1901 နဲ့ပထမဖုန်းဟာ ဘတ်ဂျက် Helio P22 SoC ကိုသုံးစွဲထားပြီး 2GB RAM မန်မိုရီနဲ့ တွဲဖက်ထားပါတယ်။ စက်နှင်စနစ်ကိုတော့ Android 9.0 Pie ကို အသုံးပြုထားတာကို တွေ့ခဲ့ရပြီး Single-core ရမှတ်မှာ 811 နဲ့ Multi-core စမ်းသပ်မှုမှာတော့ 2473 ရရှိခဲ့ပါတယ်။ ဒီရလဒ်တွေဟာ Helio A22 နဲ့ Redmi 6A နဲ့ တူညီနေပါတယ်။

ဒုတိယဖုန်းဖြစ်တဲ့ Vivo 1902 ကတော့ Helio P35 ချစ်ပ်ဆက်ကို အသုံးပြုထားပြီး သူလည်း 2GB RAM မန်မိုရီနဲ့ Android Pie OS တို့ကိုပဲ သုံးစွဲလာတယ်။ သူ့ရဲ့ရလဒ်က Vivo 1901 နဲ့သိပ်မကွာဘဲ Single-core အတွက် 815 နဲ့ Multi-core ရမှတ် 2472 အသီးသီးရရှိခဲ့တာပါ။

ဒီ Spec နဲ့ဆိုရင်တော့ Vivo ရဲ့ဘတ်ဂျက်ဖုန်းအသစ်တွေဟာ လက်ရှိဈေးကွက်ထဲကို မိတ်ဆက်ပြီးတဲ့ Samsung M10 ဖုန်းနဲ့ Xiaomi ရဲ့ Redmi 7 တို့ကို ယှဉ်ပြိုင်ဖို့လို့ ယူဆရပါတယ်။ လက်ရှိမှာ နာမည်တွေကို မသိရသေးပေမယ့် Vivo ရဲ့ဘတ်ဂျက်စီးရီးတွေဖြစ်တဲ့ V နဲ့ Y စီးရီးတွေအတွက် ဖြစ်လာနိုင်ပါတယ်။

Ref – GSM Arena