[Zawgyi]

OPPO ကုမၸဏီဟာ လာမယ့္ ဧၿပီ ၁၀ ရက္ေန႔မွာ Reno စမတ္ဖုန္းသစ္ကို မိတ္ဆက္လာမွာျဖစ္ၿပီး 10x Zoom စြမ္းအားျမင့္ကင္မရာ ပါလာမယ္လို႔ သိထားရပါတယ္။ Reno ဟန္းဆက္ဟာ ကာလာသုံးမ်ဳိးနဲ႔ ထြက္လာမွာ ျဖစ္ၿပီး အထဲက Hardware ေတြလည္း သတင္းထြက္ထားေပမယ့္ ေရွ႕ဘက္ Panel ကိုေတာ့ မျမင္ခဲ့ရေသးပါဘူး။

ယေန႔ထြက္ေပၚလာတဲ့ ဗီဒီယုိထဲမွာ Hands-on ျပသထားတဲ့ ပုံရိပ္ပါဝင္လာခဲ့ၿပီးေနာက္ OPPO Reno ဖုန္းဟာ Notch မပါ၊ Hole မပါတဲ့ Full Screen ဒီဇုိင္းဆုိတာကို သိခြင့္ရခဲ့ပါၿပီ။ ဒါဆုိရင္ေတာ့ ဆယ္ဖီကင္မရာဟာ အခုတေလာ ေခတ္စားေနတဲ့ Pop-up စတုိင္ပဲ ထြက္လာမယ္လုိ႔ ယူဆရပါတယ္။

ထြက္ရွိဖို႔ ႏွစ္ပတ္ေလာက္လိုေသးေပမယ့္ Reno ဖုန္းမွာ Snapdragon 855 ခ်စ္ပ္ဆက္နဲ႔ 5G ေမာ္ဒယ္ တစ္ခု ပါဝင္လာမယ္လို႔ သိထားရပါတယ္။ အျခားေမာ္ဒယ္မွာေတာ့ Qualcomm ခ်စ္ပ္ဆက္ကိုပဲ သုံးဦးမွာ ျဖစ္ေပမယ့္ Gigabit ျမန္ႏႈန္းအတြက္ Modem ေတာ့ ပါမွာမဟုတ္ပါဘူး။ Reno ဟာ Android Pie ကို အေျခခံထားတဲ့ ColorOS 6 ကို အသုံးျပဳလာမွာျဖစ္ၿပီး ျမင္ကြင္းကို ဆယ္ဆေတာင္ ခ်ဲ႕ေပးမယ့္ Zoom ပါဝင္လာမွာပါ။

ေရွ႕ကထြက္ထားတဲ့ သတင္းေတြအရေတာ့ OPPO Reno မွာ 48 MP ကင္မရာတစ္ခုနဲ႔ 50W Super VOOC အားအျမန္သြင္းစနစ္တုိ႔ ပါဝင္မွာျဖစ္ကာ 12GB RAM မန္မုိရီထိ ထုတ္လုပ္မယ္လို႔ ဆုိပါတယ္။ Display က Dynamic AMOLED မ်က္ႏွာျပင္နဲ႔ In-display Fingerprint လည္း ပါဦးမွာပါ။

Ref – GSM Arena

[Unicode]

OPPO ကုမ္ပဏီဟာ လာမယ့် ဧပြီ ၁၀ ရက်နေ့မှာ Reno စမတ်ဖုန်းသစ်ကို မိတ်ဆက်လာမှာဖြစ်ပြီး 10x Zoom စွမ်းအားမြင့်ကင်မရာ ပါလာမယ်လို့ သိထားရပါတယ်။ Reno ဟန်းဆက်ဟာ ကာလာသုံးမျိုးနဲ့ ထွက်လာမှာ ဖြစ်ပြီး အထဲက Hardware တွေလည်း သတင်းထွက်ထားပေမယ့် ရှေ့ဘက် Panel ကိုတော့ မမြင်ခဲ့ရသေးပါဘူး။

ယနေ့ထွက်ပေါ်လာတဲ့ ဗီဒီယိုထဲမှာ Hands-on ပြသထားတဲ့ ပုံရိပ်ပါဝင်လာခဲ့ပြီးနောက် OPPO Reno ဖုန်းဟာ Notch မပါ၊ Hole မပါတဲ့ Full Screen ဒီဇိုင်းဆိုတာကို သိခွင့်ရခဲ့ပါပြီ။ ဒါဆိုရင်တော့ ဆယ်ဖီကင်မရာဟာ အခုတလော ခေတ်စားနေတဲ့ Pop-up စတိုင်ပဲ ထွက်လာမယ်လို့ ယူဆရပါတယ်။

ထွက်ရှိဖို့ နှစ်ပတ်လောက်လိုသေးပေမယ့် Reno ဖုန်းမှာ Snapdragon 855 ချစ်ပ်ဆက်နဲ့ 5G မော်ဒယ် တစ်ခု ပါဝင်လာမယ်လို့ သိထားရပါတယ်။ အခြားမော်ဒယ်မှာတော့ Qualcomm ချစ်ပ်ဆက်ကိုပဲ သုံးဦးမှာ ဖြစ်ပေမယ့် Gigabit မြန်နှုန်းအတွက် Modem တော့ ပါမှာမဟုတ်ပါဘူး။ Reno ဟာ Android Pie ကို အခြေခံထားတဲ့ ColorOS 6 ကို အသုံးပြုလာမှာဖြစ်ပြီး မြင်ကွင်းကို ဆယ်ဆတောင် ချဲ့ပေးမယ့် Zoom ပါဝင်လာမှာပါ။

ရှေ့ကထွက်ထားတဲ့ သတင်းတွေအရတော့ OPPO Reno မှာ 48 MP ကင်မရာတစ်ခုနဲ့ 50W Super VOOC အားအမြန်သွင်းစနစ်တို့ ပါဝင်မှာဖြစ်ကာ 12GB RAM မန်မိုရီထိ ထုတ်လုပ်မယ်လို့ ဆိုပါတယ်။ Display က Dynamic AMOLED မျက်နှာပြင်နဲ့ In-display Fingerprint လည်း ပါဦးမှာပါ။

Ref – GSM Arena