[Zawgyi]

ၿပီးခဲ့တဲ့ရက္က ျပဳလုပ္ခဲ့တဲ့ F8 Developer Conference မွာ Facebook ဟာ Messenger ကို ေျပာင္းလဲမႈေတြ အေတာ္မ်ားမ်ား ျပဳလုပ္မယ္လို႔ ဆိုသြားခဲ့ပါတယ္။ အဓိကေျပာင္းလဲမွာကေတာ့ လာမယ့္ Messenger အသစ္ဟာ လုံးလုံးလ်ားလ်ား ေသးငယ္သြားမယ္ ဆိုတာနဲ႔ Desktop အတြက္ Messenger ျပဳလုပ္ေပးမယ္ ဆိုတာပါပဲ။

iOS အတြက္ Messenger ကေတာ့ 30MB ေအာက္ ျဖစ္သြားမယ္လို႔ သိရပါတယ္။ ဒါဟာ လက္ရွိပမာဏထက္ ၂၀ ရာခိုင္ႏႈန္းေလာက္ ပိုၿပီး ေသးငယ္သြားတယ္လို႔ ဆိုရမွာပါ။ ဒါေပမယ့္ iOS အတြက္ Messenger ဗားရွင္းသစ္ကို ဒီႏွစ္ကုန္ပိုင္းေလာက္မွ ျမင္ေတြ႕ရဖြယ္ ရွိတယ္လို႔ ကုမၸဏီက ေျပာပါတယ္။ Android ကေတာ့ ၂၀၁၅ ကတည္းက Messenger Lite ရွိေနတာေၾကာင့္ ဒီအစီအစဥ္ထဲမွာ ပါလာမွာမဟုတ္ပါဘူး။

အျခားတစ္ဘက္မွာေတာ့ Mac နဲ႔ Windows ေတြအတြက္ Messenger Desktop App ကို ဖန္တီးသြားမယ္လို႔ F8 မွာ ေၾကညာသြားပါတယ္။ Messenger အသုံးျပဳမႈမွာ စမတ္ဖုန္းနဲ႔အသုံးျပဳၾကတာပိုမ်ားေပမယ့္လည္း Desktop အသုံးျပဳသူေတြအတြက္ ပိုၿပီး အဆင္ေျပလြယ္ကူေစဖို႔ ထည့္သြင္းစဥ္းစားၿပီး ျပဳလုပ္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Desktop App ကို ျပဳလုပ္လိုက္ျခင္းအားျဖင့္ အသုံးျပဳသူေတြအတြက္ ပိုၿပီးအဆင္ေျပလြယ္ကူလာမွာျဖစ္သလို ကုမၸဏီအေနနဲ႔လည္း ေၾကာ္ျငာေတြကိုျပသရာမွာ ပိုၿပီးတြင္တြင္က်ယ္က်ယ္လုပ္ကိုင္လာႏိုင္မွာ ျဖစ္ပါတယ္။ အထူးသျဖင့္ ရည္႐ြယ္ထားတာက စီးပြားေရးလုပ္ငန္းေတြကို Messenger မွာေၾကာ္ျငာေတြထည့္သြင္းလာေစခ်င္တာပါပဲ။

Facebook ရဲ႕ ေျပာဆိုမႈအရ Desktop App မွာ Audio Calls, Group Video Calls ေတြပါဝင္လာမွာ ျဖစ္တယ္လို႔ သိရပါတယ္။ အသစ္ထြက္လာမယ့္ Messenger Desktop App ကေတာ့ Messenger.com အျဖစ္ခြဲထြက္သြားမယ္လို႔လည္း သိရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဒီ Desktop App ကို စမ္းသပ္ေနတုန္းျဖစ္ၿပီး ႏွစ္ကုန္ပိုင္းေလာက္မွ ျဖန႔္ခ်ိေပးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Ref: The Verge

[Unicode]

နှစ်ကုန်ပိုင်းမှာ ပြောင်းလဲမှုတွေနဲ့ Messenger ကို မိတ်ဆက်ပေးမယ်လို့ Facebook ကြေညာ

ပြီးခဲ့တဲ့ရက်က ပြုလုပ်ခဲ့တဲ့ F8 Developer Conference မှာ Facebook ဟာ Messenger ကို ပြောင်းလဲမှုတွေ အတော်များများ ပြုလုပ်မယ်လို့ ဆိုသွားခဲ့ပါတယ်။ အဓိကပြောင်းလဲမှာကတော့ လာမယ့် Messenger အသစ်ဟာ လုံးလုံးလျားလျား သေးငယ်သွားမယ် ဆိုတာနဲ့ Desktop အတွက် Messenger ပြုလုပ်ပေးမယ် ဆိုတာပါပဲ။

iOS အတွက် Messenger ကတော့ 30MB အောက် ဖြစ်သွားမယ်လို့ သိရပါတယ်။ ဒါဟာ လက်ရှိပမာဏထက် ၂၀ ရာခိုင်နှုန်းလောက် ပိုပြီး သေးငယ်သွားတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် iOS အတွက် Messenger ဗားရှင်းသစ်ကို ဒီနှစ်ကုန်ပိုင်းလောက်မှ မြင်တွေ့ရဖွယ် ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Android ကတော့ ၂၀၁၅ ကတည်းက Messenger Lite ရှိနေတာကြောင့် ဒီအစီအစဉ်ထဲမှာ ပါလာမှာမဟုတ်ပါဘူး။

အခြားတစ်ဘက်မှာတော့ Mac နဲ့ Windows တွေအတွက် Messenger Desktop App ကို ဖန်တီးသွားမယ်လို့ F8 မှာ ကြေညာသွားပါတယ်။ Messenger အသုံးပြုမှုမှာ စမတ်ဖုန်းနဲ့အသုံးပြုကြတာပိုများပေမယ့်လည်း Desktop အသုံးပြုသူတွေအတွက် ပိုပြီး အဆင်ပြေလွယ်ကူစေဖို့ ထည့်သွင်းစဉ်းစားပြီး ပြုလုပ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Desktop App ကို ပြုလုပ်လိုက်ခြင်းအားဖြင့် အသုံးပြုသူတွေအတွက် ပိုပြီးအဆင်ပြေလွယ်ကူလာမှာဖြစ်သလို ကုမ္ပဏီအနေနဲ့လည်း ကြော်ငြာတွေကိုပြသရာမှာ ပိုပြီးတွင်တွင်ကျယ်ကျယ်လုပ်ကိုင်လာနိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ရည်ရွယ်ထားတာက စီးပွားရေးလုပ်ငန်းတွေကို Messenger မှာကြော်ငြာတွေထည့်သွင်းလာစေချင်တာပါပဲ။

Facebook ရဲ့ ပြောဆိုမှုအရ Desktop App မှာ Audio Calls, Group Video Calls တွေပါတင်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသစ်ထွက်လာမယ့် Messenger Desktop App ကတော့ Messenger.com အဖြစ်ခွဲထွက်သွားမယ်လို့လည်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ ဒီ Desktop App ကို စမ်းသပ်နေတုန်းဖြစ်ပြီး နှစ်ကုန်ပိုင်းလောက်မှ ဖြန့်ချိပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref: The Verge