[Zawgyi]





[Unicode]

Vivo Myanmar နှင့် PUBG Mobile တို့ ပါတနာအဖြစ်ပူးပေါင်း

PUBG Mobile Club Open 2019 အတွက် Vivo မှ Title Sponsor အဖြစ်ပါဝင်မည်။

Vivo သည် ကမ္ဘာတစ်ဝှမ်းတွင် ဦးဆောင်နေသော Mobile Game တစ်ခုဖြစ်သည့် Player Unknown’s Battlegrounds Mobile (PUBG Mobile) မှ လတ်တလောကျင်းပပြုလုပ်နေသည့် ကမ္ဘာ့အကြီးဆုံး Mobile Game ပြိုင်ပွဲတစ်ခုဖြစ်သော PUBG Club Open 2019 တွင် Title sponsor အဖြစ် ပါဝင်မည်ဖြစ်ကြောင်း တရားဝင်ကြေညာချက်ထုတ်ပြန်ထားပါသည်။ အဆိုပါပြိုင်ပွဲအတွက် Vivo မှ partnership အနေဖြင့် eSports industry တွင် ဆန်းသစ်သော Brand တစ်ခုအဖြစ်နေရာယူနိုင်ရန် Official Smartphones များကိုထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ကမ္ဘာတစ်ဝှမ်းရှိ ဒေသ ၁၀ ခုမှ ကစားသမားများသည် Prize Pool $2.0 Million USD အတွက် နွေဦး နှင့် ဆောင်းရာသီ တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ PUBG Mobile Club Open 2019 ၏ အရည်အချင်းစမ်းသပ်ပွဲကို ၂၀၁၉၊ မတ်လ ၁၁ ရက်နေ့တွင်စတင်ခဲ့သည်။ နွေဦးရာသီ Global Finals ပွဲကို ယခုနှစ် ဇူလိုင်လတွင်ကျင်းပမည် ဖြစ်ပြီး ဆောင်းရာသီ Global Finals ပွဲကို ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ဤ Global partnership တွင် Vivo သည် အခြားဘယ်အရာနှင့်မှမတူညီသော True gaming experience ကို ရရှိစေရန်အတွက် ကိုင်ဆောင်အသုံးပြုသူများ၏ အတွေ့အကြုံ မှတဆင့် ၎င်း၏ Ultra-smooth gaming experience ကို ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။