[Zawgyi]

ၿပီးခဲ့တဲ့အပတ္တုန္းက Flagship ဖုန္းအသစ္ Z6 Pro ကိုမိတ္ဆက္ခဲ့ၿပီးတဲ့ေနာက္ Lenovo ဟာ Mid-Range ထုတ္ကုန္လိုင္းကို ဆက္ၿပီးအသက္သြင္းဖို႔ ၾကိဳးစားေနဆဲဆုိတာ ေတြ႕ရပါတယ္။ TENAA ဝက္ဆုိက္ေပၚမွာ Lenovo L38111 အမည္နဲ႔ ဖုန္းတစ္လုံးဟာ Triple-Camera နဲ႔ ေရြးခ်ယ္စရာ ကာလာေရာင္စုံတုိ႔ျဖင့္ ေပၚထြက္လာခဲ့တယ္။ Specs ေတြကိုၾကည့္ရင္ေတာ့ ဒီဖုန္းဟာ Lenovo ရဲ႕ K စီးရီး မိသားစုဝင္အသစ္လို႔ ယူဆရပါတယ္။

ဖုန္းအသစ္မွာ 6.3” လက္မအရြယ္ FHD+ IPS Display ပါဝင္ၿပီး Waterdrop Notch ထဲမွာေတာ့ 8MP ဆယ္ဖီကင္မရာ ပါဝင္လာတယ္။ ေနာက္ဘက္မွာ Glass ကိုယ္ထည္လို႔ ထင္ရေပမယ့္ ပလတ္စတစ္ျဖစ္ႏုိင္တဲ့ ကိုယ္ထည္ကို ျမင္ရပါတယ္။ L38111 ရဲ႕အဓိက Feature တစ္ခုက 16MP အဓိက Sensor နဲ႔ ေနာက္ကင္မရာသုံးလုံးတြဲ ျဖစ္တယ္။ Fingerprint ကိုလည္း ေက်ာဘက္မွာပဲ ထည့္လာပါတယ္။

ဖုန္းအတြင္းမွ ပရုိဆက္ဆာကိုေတာ့ အမည္မသိရေပမယ့္ 2.2GHz ျမန္ႏႈန္းရွိတဲ့ 8 Core CPU တစ္ခု သုံးထားတယ္။ မန္မုိရီပိုင္းမွာေတာ့ RAM မန္မုိရီအတြက္ 3 GB / 4 GB / 6 GB ပုံစံသုံးမ်ဳိးနဲ႔ Storage ကိုလည္း 32 / 64 / 128 GB ဆုိၿပီး ခြဲျခားထားတာ ေတြ႕ရတာေၾကာင့္ ဗားရွင္းအနည္းဆုံး သုံးမ်ဳိးရွိမယ္လို႔ ခန္႔မွန္းရပါတယ္။ ဘကၳရီကေတာ့ 3,930 mAh ဘကၳရီႀကီးကိုမွ 18W Fast Charging စနစ္နဲ႔ပါ။

Lenovo L38111 ဟန္းဆက္ဟာ Android 9.0 နဲ႔ပြဲထြက္လာမွာျဖစ္ၿပီး အေရာင္ေတြကေတာ့ Black, White, Gray, Silver, Gold, Green, Red, Purple နဲ႔ Blue ဆုိၿပီး စုံလင္စြာ မွတ္ပုံတင္ထားတာကိုေတြ႕ရပါတယ္။

Ref – GSM Arena

[Unicode]

ပြီးခဲ့တဲ့အပတ်တုန်းက Flagship ဖုန်းအသစ် Z6 Pro ကိုမိတ်ဆက်ခဲ့ပြီးတဲ့နောက် Lenovo ဟာ Mid-range ထုတ်ကုန်လိုင်းကို ဆက်ပြီးအသက်သွင်းဖို့ ကြိုးစားနေဆဲဆိုတာ တွေ့ရပါတယ်။ TENAA ဝက်ဆိုက်ပေါ်မှာ Lenovo L38111 အမည်နဲ့ ဖုန်းတစ်လုံးဟာ Triple-camera နဲ့ ရွေးချယ်စရာ ကာလာရောင်စုံတို့ဖြင့် ပေါ်ထွက်လာခဲ့တယ်။ Specs တွေကိုကြည့်ရင်တော့ ဒီဖုန်းဟာ Lenovo ရဲ့ K စီးရီး မိသားစုဝင်အသစ်လို့ ယူဆရပါတယ်။

ဖုန်းအသစ်မှာ 6.3” လက်မအရွယ် FHD+ IPS Display ပါဝင်ပြီး Waterdrop Notch ထဲမှာတော့ 8MP ဆယ်ဖီကင်မရာ ပါဝင်လာတယ်။ နောက်ဘက်မှာ Glass ကိုယ်ထည်လို့ ထင်ရပေမယ့် ပလတ်စတစ်ဖြစ်နိုင်တဲ့ ကိုယ်ထည်ကို မြင်ရပါတယ်။ L38111 ရဲ့အဓိက Feature တစ်ခုက 16MP အဓိက Sensor နဲ့ နောက်ကင်မရာသုံးလုံးတွဲ ဖြစ်တယ်။ Fingerprint ကိုလည်း ကျောဘက်မှာပဲ ထည့်လာပါတယ်။

ဖုန်းအတွင်းမှ ပရိုဆက်ဆာကိုတော့ အမည်မသိရပေမယ့် 2.2GHz မြန်နှုန်းရှိတဲ့ 8 Core CPU တစ်ခု သုံးထားတယ်။ မန်မိုရီပိုင်းမှာတော့ RAM မန်မိုရီအတွက် 3 GB / 4 GB / 6 GB ပုံစံသုံးမျိုးနဲ့ Storage ကိုလည်း 32 / 64 / 128 GB ဆိုပြီး ခွဲခြားထားတာ တွေ့ရတာကြောင့် ဗားရှင်းအနည်းဆုံး သုံးမျိုးရှိမယ်လို့ ခန့်မှန်းရပါတယ်။ ဘက္ထရီကတော့ 3,930 mAh ဘက္ထရီကြီးကိုမှ 18W Fast Charging စနစ်နဲ့ပါ။

Lenovo L38111 ဟန်းဆက်ဟာ Android 9.0 နဲ့ပွဲထွက်လာမှာဖြစ်ပြီး အရောင်တွေကတော့ Black, White, Gray, Silver, Gold, Green, Red, Purple နဲ့ Blue ဆိုပြီး စုံလင်စွာ မှတ်ပုံတင်ထားတာကိုတွေ့ရပါတယ်။

Ref – GSM Arena