[Zawgyi]

ထိုင္ဝမ္ႏိုင္ငံသား တစ္ဦးဟာ Apple AirPod ကို မေတာ္တဆ မ်ိဴခ်မိခဲ့ပါတယ္။ ထူးျခားတာက အဆိုပါ AirPod ဟာ သူရဲ႕ အစာအိမ္ထဲကို ေရာက္ရွိေနတာေတာင္ အသံျမည္ၿပီး အလုပ္လုပ္ေနဆဲ ျဖစ္ပါတယ္။

Daily Mail က “ ထိုင္ဝမ္ႏိုင္ငံသား Ben Hsu ဟာ ႀကိဳးမဲ့ Headphones ျဖစ္တဲ့ AirPod နားၾကပ္ကို နားထဲမွာ တပ္ဆင္ထားၿပီး ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနခဲ့ပါတယ္။ ဒါေပမယ့္ သူႏိုးလာတဲ့အခါမွာေတာ့ AirPod နားၾကပ္တစ္စုံထဲက တစ္ခုကို ရွာလို႔ မေတြ႕ေတာ့ပါဘူး။ ဒါ့ေၾကာင့္ Ben Hsu က မ်က္စိနဲ႔ ရွာလို႔ မရေတာ့တဲ့အဆုံးမွာ Find My iPhone စနစ္ကို အသုံးျပဳၿပီး သူရဲ႕ ေပ်ာက္ဆုံးေနတဲ့ AirPod တစ္ခုကို ေျခရာခံခဲ့ပါတယ္။ အဲ့ဒီအခါမွာ အဆိုပါ AirPod ဟာ သူရဲ႕ အခန္းထဲမွာပဲ တည္ေနရာျပေနၿပီး၊ အခ်က္ေပးသံေတာင္ ေပၚထြက္လာပါတယ္” လို႔ ေရးသားထားပါတယ္။

Ben Hsu ကေတာ့ “ က်ဴပ္ ေစာင္ေတြလွန္ၿပီး ရွာခဲ့တယ္၊ ၿပီးေတာ့ အိပ္ယာ ေဘးပတ္ပတ္လည္ေတြမွာလည္း ရွာၾကည့္ခဲ့ပါေသးတယ္။ ဒါေပမယ့္ မေတြ႕ပါဘူး။ ေနာက္ဆုံး AirPod ကေန ထြက္ေနတဲ့ အခ်က္ေပးသံကို ေသခ်ာနားေထာင္ၾကည့္လိုက္တဲ့အခါမွာ အသံက က်ဴပ္ခႏၶာကိုယ္ထဲမွာရွိတဲ့ အစာအိမ္ကေန ထြက္လာတယ္ဆိုတာကို သတိထားမိလိုက္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

အဲ့ဒီေနာက္ Ben Hsu ဟာ ေဆး႐ုံကို အေျပးအလႊား သြားၿပီး ဓာတ္မွန္ (X-ray) ႐ိုက္ၾကည့္ခဲ့ပါတယ္။ အေျဖကေတာ့ သူထင္ခဲ့တဲ့အတိုင္းပဲ AirPod တစ္ခုက သူရဲ႕ အစာအိမ္ထဲကို ေရာက္ရွိေနပါတယ္။ ဒါ့ေၾကာင့္ Ben Hsu အေနနဲ႔ AirPod ကို (Plan A) သဘာဝနည္းလမ္းအတိုင္း မထုတ္ႏိုင္ခဲ့ရင္ (Plane B) ခြဲစိတ္ကုသမႈကို ခံယူရေတာ့မွာ ျဖစ္ပါတယ္။ ဒါေပမယ့္ ကံေကာင္းေထာက္မစြာပဲ Plan A အတိုင္း ေအာင္ေအာင္ျမင္ျမင္ ျပန္ထုတ္ႏိုင္ခဲ့ပါတယ္။

အထက္ကေန ျပန္ထုတ္လိုက္သလား ဒါမွမဟုတ္ ေအာက္က ထုတ္လိုက္သလားဆိုတာကိုေတာ့ ကြၽန္ေတာ္လည္း အတိအက် မသိပါဘူး။ အတိအက် သိရတာကေတာ့ အဆိုပါ AirPod ကို ေဆးေၾကာၿပီး ျပန္လည္သန္႔စင္လိုက္တဲ့အခါမွာ ဘက္ထရီက ၄၁% ရွိေနၿပီး အသုံးျပဳလို႔ ရေနဆဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

Ref : 9To5Mac

[Unicode]

မတော်တဆ မျိူချမိခဲ့တဲ့ Apple AirPod ဟာ အစာအိမ်ထဲမှာတောင် ကောင်းစွာ အလုပ်လုပ်

ထိုင်ဝမ်နိုင်ငံသား တစ်ဦးဟာ Apple AirPod ကို မတော်တဆ မျိူချမိခဲ့ပါတယ်။ ထူးခြားတာက အဆိုပါ AirPod ဟာ သူရဲ့ အစာအိမ်ထဲကို ရောက်ရှိနေတာတောင် အသံမြည်ပြီး အလုပ်လုပ်နေဆဲ ဖြစ်ပါတယ်။

Daily Mail က “ ထိုင်ဝမ်နိုင်ငံသား Ben Hsu ဟာ ကြိုးမဲ့ Headphones ဖြစ်တဲ့ AirPod နားကြပ်ကို နှားထဲမှာ တပ်ဆင်ထားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ပါတယ်။ ဒါပေမယ့် သူနိုးလာတဲ့အခါမှာတော့ AirPod နားကြပ်တစ်စုံထဲက တစ်ခုကို ရှာလို့ မတွေ့တော့ပါဘူး။ ဒါ့ကြောင့် Ben Hsu က မျက်စိနဲ့ ရှာလို့ မရတော့တဲ့အဆုံးမှာ Find My iPhone စနစ်ကို အသုံးပြုပြီး သူရဲ့ ပျောက်ဆုံးနေတဲ့ AirPod တစ်ခုကို ခြေရာခံခဲ့ပါတယ်။ အဲ့ဒီအခါမှာ အဆိုပါ AirPod ဟာ သူရဲ့ အခန်းထဲမှာပဲ တည်နေရာပြနေပြီး၊ အချက်ပေးသံတောင် ပေါ်ထွက်လာပါတယ်” လို့ ရေးသားထားပါတယ်။

Ben Hsu ကတော့ “ ကျူပ် စောင်တွေလှန်ပြီး ရှာခဲ့တယ်၊ ပြီးတော့ အိပ်ယာ ဘေးပတ်ပတ်လည်တွေမှာလည်း ရှာကြည့်ခဲ့ပါသေးတယ်။ ဒါပေမယ့် မတွေ့ပါဘူး။ နောက်ဆုံး AirPod ကနေ ထွက်နေတဲ့ အချက်ပေးသံကို သေချာနားထောင်ကြည့်လိုက်တဲ့အခါမှာ အသံက ကျူပ်ခန္ဓာကိုယ်ထဲမှာရှိတဲ့ အစာအိမ်ကနေ ထွက်လာတယ်ဆိုတာကို သတိထားမိလိုက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် Ben Hsu ဟာ ဆေးရုံကို အပြေးအလွှား သွားပြီး ဓာတ်မှန် (X-ray) ရိုက်ကြည့်ခဲ့ပါတယ်။ အဖြေကတော့ သူထင်ခဲ့တဲ့အတိုင်းပဲ AirPod တစ်ခုက သူရဲ့ အစာအိမ်ထဲကို ရောက်ရှိနေပါတယ်။ ဒါ့ကြောင့် Ben Hsu အနေနဲ့ AirPod ကို (Plan A) သဘာဝနည်းလမ်းအတိုင်း မထုတ်နိုင်ခဲ့ရင် (Plane B) ခွဲစိတ်ကုသမှုကို ခံယူရတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းထောက်မစွာပဲ Plan A အတိုင်း အောင်အောင်မြင်မြင် ပြန်ထုတ်နိုင်ခဲ့ပါတယ်။

အထက်ကနေ ပြန်ထုတ်လိုက်သလား ဒါမှမဟုတ် အောက်က ထုတ်လိုက်သလားဆိုတာကိုတော့ ကျွန်တော်လည်း အတိအကျ မသိပါဘူး။ အတိအကျ သိရတာကတော့ အဆိုပါ AirPod ကို ဆေးကြောပြီး ပြန်လည်သန့်စင်လိုက်တဲ့အခါမှာ ဘက်ထရီက ၄၁% ရှိနေပြီး အသုံးပြုလို့ ရနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref : 9To5Mac