Zawgyi

Oppo ဟာ ေနာက္ထပ္ Mid-ranger ဟန္းဆက္တစ္ခုကို မိတ္ဆက္ဖို႔ အသင့္ျပင္ေနၿပီျဖစ္ၿပီး ဖုန္းအသစ္ရဲ႕ Spec အျပည့္အစုံဟာ တြစ္တာအေကာင့္တစ္ခုမွတဆင့္ ထြက္ေပၚလာခဲ့ပါတယ္။

ဖုန္းအသစ္ရဲ႕အမည္ဟာ Oppo K3 လို႔ေခၚၿပီး သူ႕ရဲ႕ထူးျခားခ်က္ကေတာ့ တစ္ဖက္ေစာင္းၿပီး ျမင့္တက္လာမယ့္ Selfie ကင္မရာပါဝင္ကာ အဆုိပါကင္မရာကို “Shark Fin” လို႔ပုံပန္းသ႑ာန္ကိုလိုက္ၿပီး အမည္ေျပာင္ေပးထားပါတယ္။ ဒီဆယ္ဖီကင္မရာက 16MP နဲ႔ထြက္လာမွာျဖစ္ၿပီး ေနာက္ဘက္မွာေတာ့ 16 MP အဓိကကင္မရာကို 2MP Depth Sensor တစ္ခုနဲ႔ တြဲထားမွာပါ။

Oppo K3 ဖုန္းမွာ 6.5” လက္မအရြယ္ AMOLED Display ပါဝင္ၿပီး 2340 x 1080p Resolution ရွိပါတယ္။ မ်က္ႏွာျပင္ရဲ႕ေအာက္မွာေတာ့ မ်ဳိးဆက္သစ္ In-display Fingerprint ဆင္ဆာပါဝင္တယ္လို႔ ဆုိထားတယ္။ အတြင္းပိုင္းမွာ Snapdragon 710 ခ်စ္ပ္ဆက္ကို 128GB Storage နဲ႔တြဲထားကာ RAM မန္မုိရီက 6GB / 8GB ႏွစ္မ်ဳိးေရြးခ်ယ္ႏုိင္မွာ ျဖစ္ပါတယ္။

ကိုုယ္ထည္ကို ပလတ္စတစ္နဲ႔ပဲ ျပဳလုပ္ထားၿပီး 3.5mm Audio Jack လည္းပါဝင္တယ္။ ဘကၳရီက 3,700 mAh ျဖစ္ၿပီး 20W VOOC 3.0 အားသြင္းစနစ္ပါဝင္ပါတယ္။ ကိုယ္ထည္အခ်ဳိးအစားက 161.2 x 76 x 9.4mm နဲ႔ အေလးခ်ိန္ကေတာ့ 191g ပါ။

လက္ရွိအခ်ိန္မွာ တရားဝင္အတည္မျပဳရေသးတဲ့ အခ်က္အလက္အျဖစ္သာ ရွိေနေပမယ့္ Oppo K3 ရဲ႕ တည္ရွိမႈကေတာ့ ေသခ်ာသေလာက္ရွိေနပါၿပီ။ လာမယ့္လအနည္းငယ္အတြင္းမွာ မိတ္ဆက္လာမယ့္ရက္ကို ျမင္ေတြ႕ရမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Oppo ဟာ နောက်ထပ် Mid-ranger ဟန်းဆက်တစ်ခုကို မိတ်ဆက်ဖို့ အသင့်ပြင်နေပြီဖြစ်ပြီး ဖုန်းအသစ်ရဲ့ Spec အပြည့်အစုံဟာ တွစ်တာအကောင့်တစ်ခုမှတဆင့် ထွက်ပေါ်လာခဲ့ပါတယ်။

ဖုန်းအသစ်ရဲ့အမည်ဟာ Oppo K3 လို့ခေါ်ပြီး သူ့ရဲ့ထူးခြားချက်ကတော့ တစ်ဖက်စောင်းပြီး မြင့်တက်လာမယ့် Selfie ကင်မရာပါဝင်ကာ အဆိုပါကင်မရာကို “Shark Fin” လို့ပုံပန်းသဏ္ဍာန်ကိုလိုက်ပြီး အမည်ပြောင်ပေးထားပါတယ်။ ဒီဆယ်ဖီကင်မရာက 16MP နဲ့ထွက်လာမှာဖြစ်ပြီး နောက်ဘက်မှာတော့ 16 MP အဓိကကင်မရာကို 2MP Depth Sensor တစ်ခုနဲ့ တွဲထားမှာပါ။

Oppo K3 ဖုန်းမှာ 6.5” လက်မအရွယ် AMOLED Display ပါဝင်ပြီး 2340 x 1080p Resolution ရှိပါတယ်။ မျက်နှာပြင်ရဲ့အောက်မှာတော့ မျိုးဆက်သစ် In-display Fingerprint ဆင်ဆာပါဝင်တယ်လို့ ဆိုထားတယ်။ အတွင်းပိုင်းမှာ Snapdragon 710 ချစ်ပ်ဆက်ကို 128GB Storage နဲ့တွဲထားကာ RAM မန်မိုရီက 6GB / 8GB နှစ်မျိုးရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ်ထည်ကို ပလတ်စတစ်နဲ့ပဲ ပြုလုပ်ထားပြီး 3.5mm Audio Jack လည်းပါဝင်တယ်။ ဘက္ထရီက 3,700 mAh ဖြစ်ပြီး 20W VOOC 3.0 အားသွင်းစနစ်ပါဝင်ပါတယ်။ ကိုယ်ထည်အချိုးအစားက 161.2 x 76 x 9.4mm နဲ့ အလေးချိန်ကတော့ 191g ပါ။

လက်ရှိအချိန်မှာ တရားဝင်အတည်မပြုရသေးတဲ့ အချက်အလက်အဖြစ်သာ ရှိနေပေမယ့် Oppo K3 ရဲ့ တည်ရှိမှုကတော့ သေချာသလောက်ရှိနေပါပြီ။ လာမယ့်လအနည်းငယ်အတွင်းမှာ မိတ်ဆက်လာမယ့်ရက်ကို မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena