[Zawgyi]

One UI ဟာ Flagship စမတ္ဖုန္းအေတာ္မ်ားမ်ားမွာ သုံးႏိုင္ေနၿပီး လက္ရွိစစ္တမ္းေတြအရလည္း ႏွစ္သက္မႈပမာဏ ျမင့္တက္ေနတာကို ေတြ႕ရပါတယ္။ ေတာင္ကိုရီးယားရဲ႕ နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Samsung ဟာ သူတို႔ရဲ႕ Smart Wearable ေတြမွာပါ One UI သုံးႏိုင္ေအာင္လို႔ အာ႐ုံစိုက္ေနတာလည္း ျဖစ္ပါတယ္။

Samsung ဟာ ၿပီးခဲ့တဲ့ႏွစ္ကတည္းက Galaxy စမတ္ဖုန္းေတြမွာ Android 9 Pie Update ေပးခဲ့ၿပီး One UI ကို မိတ္ဆက္ခဲ့တာပါ။ One UI ဟာ Samsung ရဲ႕ UI ေတြထဲမွာ လူႀကိဳက္အမ်ားဆုံးျဖစ္လာႏိုင္တဲ့ ေျပာင္းလဲမႈေတြနဲ႔လို႔ ဆိုရမွာပါ။ Dark Theme, One Hand Usage စတာေတြက အထင္ရွားဆုံးပါပဲ။

ဒီေနာက္မွာေတာ့ Samsung ဟာ One UI ကို စမတ္ဖုန္းမဟုတ္တဲ့ အျခားထုတ္ကုန္ေတြမွာလည္း သုံးစြဲႏိုင္ေအာင္လို႔ ပို႔ေဆာင္ေပးလိုက္ပါၿပီ။ Samsung Galaxy Smart Wearable ေတြျဖစ္တဲ့ Samsung Galaxy Watch, Galaxy Gear Sport နဲ႔ Gear S3 ေတြမွာ One UI Update ေတြ ရရွိေနၿပီျဖစ္ပါတယ္။

ဒီလိုမ်ိဳး One UI ရရွိတဲ့ Smart Watch ေတြထဲမွာ Galaxy Gear S3 ဟာ သက္တမ္းအရင့္ဆုံးျဖစ္ၿပီး လြန္ခဲ့တဲ့ သုံးႏွစ္ေလာက္ကတည္းက မိတ္ဆက္ထားတာလည္း ျဖစ္ပါတယ္။ One UI Update မွာ Watch Face အသစ္ေတြ ပါဝင္လာတဲ့အျပင္ Quick Panel Feature, Quick Access နဲ႔ Setting Menu ေတြဟာ ပိုၿပီး ရွင္းလင္းလြယ္ကူတဲ့ ပုံစံေတြ ျဖစ္သြားမယ္လို႔ သိရပါတယ္။

One UI Update ေတြထဲမွာ စိတ္ဝင္စားဖို႔အေကာင္းဆုံးအခ်က္ကေတာ့ ဘက္ထရီသက္တမ္းကိုလည္း ပိုၿပီးၾကာရွည္ေအာင္လို႔ စြမ္းေဆာင္ေပးႏိုင္တယ္ဆိုတဲ့ အခ်က္ျဖစ္ပါတယ္။ ဒါ့အျပင္ Sleep, Exercise tracking ကလည္း အရင္ကထက္ ပိုၿပီးေတာ့ ျမန္ဆန္တိက်စြာလုပ္ေဆာင္လာေတာ့မယ္လို႔ သိရပါတယ္။

Ref: GSMArena

[Unicode]

Galaxy Watch, Gear S3 နဲ့ Gear Sport တွေမှာလည်း One UI ထောက်ပံ့ပေးလိုက်တဲ့ Samsung

One UI ဟာ Flagship စမတ်ဖုန်းအတော်များများမှာ သုံးနိုင်နေပြီး လက်ရှိစစ်တမ်းတွေအရလည်း နှစ်သက်မှုပမာဏ မြင့်တက်နေတာကို တွေ့ရပါတယ်။ တောင်ကိုရီးယားရဲ့ နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung ဟာ သူတို့ရဲ့ Smart Wearable တွေမှာပါ One UI သုံးနိုင်အောင်လို့ အာရုံစိုက်နေတာလည်း ဖြစ်ပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက Galaxy စမတ်ဖုန်းတွေမှာ Android 9 Pie Update ပေးခဲ့ပြီး One UI ကို မိတ်ဆက်ခဲ့တာပါ။ One UI ဟာ Samsung ရဲ့ UI တွေထဲမှာ လူကြိုက်အများဆုံးဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေနဲ့လို့ ဆိုရမှာပါ။ Dark Theme, One Hand Usage စတာတွေက အထင်ရှားဆုံးပါပဲ။

ဒီနောက်မှာတော့ Samsung ဟာ One UI ကို စမတ်ဖုန်းမဟုတ်တဲ့ အခြားထုတ်ကုန်တွေမှာလည်း သုံးစွဲနိုင်အောင်လို့ ပို့ဆောင်ပေးလိုက်ပါပြီ။ Samsung Galaxy Smart Wearable တွေဖြစ်တဲ့ Samsung Galaxy Watch, Galaxy Gear Sport နဲ့ Gear S3 တွေမှာ One UI Update တွေ ရရှိနေပြီဖြစ်ပါတယ်။

ဒီလိုမျိုး One UI ရရှိတဲ့ Smart Watch တွေထဲမှာ Galaxy Gear S3 ဟာ သက်တမ်းအရင့်ဆုံးဖြစ်ပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက မိတ်ဆက်ထားတာလည်း ဖြစ်ပါတယ်။ One UI Update မှာ Watch Face အသစ်တွေ ပါဝင်လာတဲ့အပြင် Quick Panel Feature, Quick Access နဲ့ Setting Menu တွေဟာ ပိုပြီး ရှင်းလင်းလွယ်ကူတဲ့ ပုံစံတွေ ဖြစ်သွားမယ်လို့ သိရပါတယ်။

One UI Update တွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးအချက်ကတော့ ဘက်ထရီသက်တမ်းကိုလည်း ပိုပြီးကြာရှည်အောင်လို့ စွမ်းဆောင်ပေးနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒါ့အပြင် Sleep, Exercise tracking ကလည်း အရင်ကထက် ပိုပြီးတော့ မြန်ဆန်တိကျစွာလုပ်ဆောင်လာတော့မယ်လို့ သိရပါတယ်။

Ref: GSMArena