[Zawgyi]

Asus အေနနဲ႔ သူတို႔ရဲ႕ နာမည္ေက်ာ္ Gaming စမတ္ဖုန္းျဖစ္တဲ့ ROG Phone ရဲ႕ မ်ိဴးဆက္သစ္ စမတ္ဖုန္းကို Tencent Games ကုမၸဏီနဲ႔အတူ ပူးတြဲလုပ္ေဆာင္မွာ ျဖစ္ေၾကာင္း Weibo မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ROG Phone 2 အတြက္ Asus ဘက္က အစစရာရာျပင္ဆင္ထားၿပီး ျဖစ္ေပမယ့္၊ Gaming စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္ေစဖို႔အတြက္ကိုေတာ့ Tencent က မိတ္ဖက္ကုမၸဏီအျဖစ္ ဝင္ေရာက္ကူညီေပးသြားမွာ ျဖစ္ပါတယ္။

ROG Phone 2 ရဲ႕ Specifications ေတြကို လက္ရွိအခ်ိန္ထိ တိတိက်က်မသိရေသးေပမယ့္ အဆိုပါ စမတ္ဖုန္းမွာ Razer Phone 2 လိုမ်ိဴး Refresh Rate 120Hz အထိရွိတဲ့ Display ကို အသုံးျပဳထားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ မႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ မူလပထမ ROG Phone မွာေတာ့ Refresh Rate 90Hz ရွိတဲ့ AMOLED Display ကို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။ အလားတူ မၾကာေသးခင္က မိတ္ဆက္သြားတဲ့ OnePlus 7 Pro မွာလည္း 90Hz Display ကိုပဲ အသုံးျပဳထားပါတယ္။ ဒါေပမယ့္ OnePlus 7 Pro ရဲ႕ Display အရည္အေသြးက ROG Phone ထက္ ပိုေကာင္းသလို Display Resolution လည္း ပိုမ်ားပါတယ္။

ROG Phone 2 မွာ အဆင့္ျမႇင့္တင္ထားတဲ့ Snapdragon 855 SoC ကို အသုံးျပဳထားႏိုင္ၿပီး 8GB ထက္ ပိုမ်ားတဲ့ RAM ပမာဏကို ထည့္သြင္းထားမယ္လို႔ ယူဆရပါတယ္။ တခ်ိဴ႕ေသာ ကြၽမ္းက်င္ပညာရွင္ေတြကေတာ့ Asus ROG Phone 2 ကို ေနာက္လ ဇူလိုင္လထဲမွာ ျမင္ေတြ႕ႏိုင္ၿပီး တ႐ုတ္ႏိုင္ငံမွာ စတင္မိတ္ဆက္သြားႏိုင္ေၾကာင္း ခန္႔မွန္းေျပာဆိုထားၾကပါတယ္။

Ref : GsmArena

[Unicode]

Tencent Games ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ROG Phone 2 မိတ်ဆက်တော့မယ့် Asus

Asus အနေနဲ့ သူတို့ရဲ့ နာမည်ကျော် Gaming စမတ်ဖုန်းဖြစ်တဲ့ ROG Phone ရဲ့ မျိူးဆက်သစ် စမတ်ဖုန်းကို Tencent Games ကုမ္ပဏီနဲ့အတူ ပူးတွဲလုပ်ဆောင်မှာ ဖြစ်ကြောင်း Weibo မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ROG Phone 2 အတွက် Asus ဘက်က အစစရာရာပြင်ဆင်ထားပြီး ဖြစ်ပေမယ့်၊ Gaming စွမ်းဆောင်ရည် ပိုမိုကောင်းမွန်စေဖို့အတွက်ကိုတော့ Tencent က မိတ်ဖက်ကုမ္ပဏီအဖြစ် ဝင်ရောက်ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ROG Phone 2 ရဲ့ Specifications တွေကို လက်ရှိအချိန်ထိ တိတိကျကျမသိရသေးပေမယ့် အဆိုပါ စမတ်ဖုန်းမှာ Razer Phone 2 လိုမျိူး Refresh Rate 120Hz အထိရှိတဲ့ Display ကို အသုံးပြုထားမယ်လို့ မျှော်လင့်ရပါတယ်။ မနှစ်တုန်းက ထွက်ရှိခဲ့တဲ့ မူလပထမ ROG Phone မှာတော့ Refresh Rate 90Hz ရှိတဲ့ AMOLED Display ကို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ အလားတူ မကြာသေးခင်က မိတ်ဆက်သွားတဲ့ OnePlus 7 Pro မှာလည်း 90Hz Display ကိုပဲ အသုံးပြုထားပါတယ်။ ဒါပေမယ့် OnePlus 7 Pro ရဲ့ Display အရည်အသွေးက ROG Phone ထက် ပိုကောင်းသလို Display Resolution လည်း ပိုများပါတယ်။

ROG Phone 2 မှာ အဆင့်မြှင့်တင်ထားတဲ့ Snapdragon 855 SoC ကို အသုံးပြုထားနိုင်ပြီး 8GB ထက် ပိုများတဲ့ RAM ပမာဏကို ထည့်သွင်းထားမယ်လို့ ယူဆရပါတယ်။ တချိူ့သော ကျွမ်းကျင်ပညာရှင်တွေကတော့ Asus ROG Phone 2 ကို နောက်လ ဇူလိုင်လထဲမှာ မြင်တွေ့နိုင်ပြီး တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်သွားနိုင်ကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Ref : GsmArena