Zawgyi
အေမရိကန္ကုမၸဏီေတြရဲ႕ ပိတ္ဆုိ႔မႈကို ခံေနရတဲ့ Huawei အတြက္ေတာ့ ေနာက္ထပ္ ထိုးႏွက္ခ်က္ တစ္ခုပါပဲ။ Facebook ကုမၸဏီဟာ သူတုိ႔ပုိင္ဆုိင္တဲ့ မုိဘုိင္း App ေတြကို တရုတ္အေျခစိုက္ထုတ္လုပ္သူရဲ႕ ဖုန္းေတြမွာ Pre-install ထည့္သြင္းခြင့္ မျပဳေတာ့ဘူးလို႔ ရုိက္တာသတင္းဌာနက ေဖာ္ျပလာပါတယ္။
ဒါေပမယ့္ Huawei ဖုန္းအသစ္ဝယ္ယူမယ့္သူေတြဟာ Facebook လုံးဝ မသုံးရဘူးလို႔ေတာ့ မဆုိလုိပါဘူး။ Facebook ပိုင္တဲ့ WhatsApp, Instagram နဲ႔ Facebook အက္ပလီေကးရွင္းေတြကို Play Store ကေန အရင္အတုိင္းပဲ ကိုယ့္ဘာသာ ေဒါင္းလုပ္ဆြဲယူသုံးစြဲလို႔ရေနဦးမွာပါ။ ဒါ့အျပင္ Update ေတြကိုလဲ ပုံမွန္ရေနမွာ ျဖစ္ပါတယ္။ Huawei ကုမၸဏီက သူတုိ႔ကို ဖုန္းအသစ္တစ္လုံး ပါကင္ဖြင့္ဖြင့္ခ်င္း တန္းသုံးႏုိင္ေအာင္သာ ၾကဳိထည့္ထားေပးခြင့္ မရွိေတာ့တာပါ။
Google ကုမၸဏီက လက္ရွိ Huawei ဖုန္းေတြအတြက္ Security Update ေတြ ဆက္ထုတ္ေပးဖို႔ ယာယီ လုိင္စင္အတည္ျပဳထားေပးၿပီး လက္ရွိထုတ္လုပ္တင္ပုိ႔ျခင္းျပဳေနတဲ့ ဖုန္းေတြကအစ Google ရဲ႕ ဝန္ေဆာင္မႈေတြ အျပည့္အဝ ရရွိေနဆဲျဖစ္ပါတယ္။ ဒါေပမယ့္ Facebook ကေတာ့ စက္ရုံထဲကေန မထြက္ရေသးတဲ့ မည္သည့္ Huawei ဖုန္းကိုမဆုိ သူတုိ႔ App မ်ားကို Pre-install လုပ္ခြင့္ပိတ္လိုက္တာျဖစ္တယ္လို႔ ရုိက္တာက ဆုိပါတယ္။
ဘာပဲျဖစ္ျဖစ္ ဒီပိတ္ပင္မႈက အျခား Google နဲ႔ ARM တုိ႔လို မရွိမျဖစ္နီးပါး အေရးပါတဲ့သူေတြရဲ႕ ပိတ္ပင္မႈနဲ႔ ယွဥ္ရင္ေတာ့ အေသးအဖြဲပါပဲ။ Facebook App ဟာ တစ္ခါတည္းမပါလာေပမယ့္ အလြယ္တကူ ရယူသုံးစြဲႏုိင္ဆဲ ျဖစ္ေနလို႔ပါ။ ဒါေပမယ့္ Huawei ကသာ ကိုယ္ပိုင္ App Store နဲ႔ သုံးစြဲလာရေတာ့မယ္ ဆုိတဲ့အခ်ိန္ကို ေရာက္လာရင္ေတာ့ ဒီကိစၥဟာ အခုထက္ပိုႀကီးလာႏုိင္တာကို သတိထားရပါမယ္။
Ref – The Verge
Unicode
အမေရိကန်ကုမ္ပဏီတွေရဲ့ ပိတ်ဆို့မှုကို ခံနေရတဲ့ Huawei အတွက်တော့ နောက်ထပ် ထိုးနှက်ချက် တစ်ခုပါပဲ။ Facebook ကုမ္ပဏီဟာ သူတို့ပိုင်ဆိုင်တဲ့ မိုဘိုင်း App တွေကို တရုတ်အခြေစိုက်ထုတ်လုပ်သူရဲ့ ဖုန်းတွေမှာ Pre-install ထည့်သွင်းခွင့် မပြုတော့ဘူးလို့ ရိုက်တာသတင်းဌာနက ဖော်ပြလာပါတယ်။
ဒါပေမယ့် Huawei ဖုန်းအသစ်ဝယ်ယူမယ့်သူတွေဟာ Facebook လုံးဝ မသုံးရဘူးလို့တော့ မဆိုလိုပါဘူး။ Facebook ပိုင်တဲ့ WhatsApp, Instagram နဲ့ Facebook အက်ပလီကေးရှင်းတွေကို Play Store ကနေ အရင်အတိုင်းပဲ ကိုယ့်ဘာသာ ဒေါင်းလုပ်ဆွဲယူသုံးစွဲလို့ရနေဦးမှာပါ။ ဒါ့အပြင် Update တွေကိုလဲ ပုံမှန်ရနေမှာ ဖြစ်ပါတယ်။ Huawei ကုမ္ပဏီက သူတို့ကို ဖုန်းအသစ်တစ်လုံး ပါကင်ဖွင့်ဖွင့်ချင်း တန်းသုံးနိုင်အောင်သာ ကြိုထည့်ထားပေးခွင့် မရှိတော့တာပါ။
Google ကုမ္ပဏီက လက်ရှိ Huawei ဖုန်းတွေအတွက် Security Update တွေ ဆက်ထုတ်ပေးဖို့ ယာယီ လိုင်စင်အတည်ပြုထားပေးပြီး လက်ရှိထုတ်လုပ်တင်ပို့ခြင်းပြုနေတဲ့ ဖုန်းတွေကအစ Google ရဲ့ ဝန်ဆောင်မှုတွေ အပြည့်အဝ ရရှိနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် Facebook ကတော့ စက်ရုံထဲကနေ မထွက်ရသေးတဲ့ မည်သည့် Huawei ဖုန်းကိုမဆို သူတို့ App များကို Pre-install လုပ်ခွင့်ပိတ်လိုက်တာဖြစ်တယ်လို့ ရိုက်တာက ဆိုပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီပိတ်ပင်မှုက အခြား Google နဲ့ ARM တို့လို မရှိမဖြစ်နီးပါး အရေးပါတဲ့သူတွေရဲ့ ပိတ်ပင်မှုနဲ့ ယှဉ်ရင်တော့ အသေးအဖွဲပါပဲ။ Facebook App ဟာ တစ်ခါတည်းမပါလာပေမယ့် အလွယ်တကူ ရယူသုံးစွဲနိုင်ဆဲ ဖြစ်နေလို့ပါ။ ဒါပေမယ့် Huawei ကသာ ကိုယ်ပိုင် App Store နဲ့ သုံးစွဲလာရတော့မယ် ဆိုတဲ့အချိန်ကို ရောက်လာရင်တော့ ဒီကိစ္စဟာ အခုထက်ပိုကြီးလာနိုင်တာကို သတိထားရပါမယ်။
Ref – The Verge