[Zawgyi]

Samsung Galaxy M40 ဟာ M series ေတြထဲမွာေတာ့ စတုတၳေျမာက္မ်ိဳးဆက္အျဖစ္ မၾကာခင္ရက္ပိုင္းအတြက္ အိႏၵိယေဈးကြက္မွာ မိတ္ဆက္ေတာ့မွာျဖစ္ပါတယ္။ Galaxy M40 ဟာ Galaxy A60 အေတာ္ေလးကို ဆင္တူမယ္လို႔ ယခင္အခ်ိန္တုန္းကတည္းက ေကာလာဟလသတင္းထြက္ထားတာပါ။

ၿပီးခဲ့တဲ့ရက္က Android Enterprise မွာ Galaxy M40 နဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကို လႊင့္တင္လိုက္ပါတယ္။ ႀကိဳတင္သတင္းထြက္ထားတဲ့အတိုင္းပဲ မ်က္ႏွာျပင္ထက္ အေပၚဘယ္ဘက္ေထာင့္မွာ Infinity-O ကိုျမင္ေတြ႕လိုက္ရပါတယ္။ အလားတူပဲ Galaxy M40 နဲ႔ပတ္သက္တဲ့ အေျခခံအခ်က္အလက္ေတြကိုလည္း ဝက္ဘ္ဆိုက္ကတစ္ဆင့္ သိရွိလိုက္ရၿပီ ျဖစ္ပါတယ္။

Galaxy M40 ရဲ႕ အေျခခံအခ်က္အလက္ေတြအျဖစ္ မ်က္ႏွာျပင္ဟာ 6.3-inch အ႐ြယ္အစားျဖစ္ေၾကာင္း၊ 6GB of RAM နဲ႔ 128GB သိုေလွာင္မႈပမာဏျဖစ္ေၾကာင္းကိုလည္း ဝက္ဘ္ဆိုက္မွာျမင္ေတြ႕ အတည္ျပဳႏိုင္ၿပီျဖစ္ပါတယ္။ Android 9 version နဲ႔ျဖစ္တာကိုေတြ႕ရေပမယ့္ ေနာက္ဆုံး Version ေတာ့ မျဖစ္ႏိုင္ပါဘူး။ စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္ကေတာ့ တ႐ုတ္ေဈးကြက္မွာ ေပါက္ေနတဲ့ Galaxy A60 နဲ႔ ဆင္တူတာပါပဲ။

ေကာလာဟလေတြကေတာ့ Galaxy M40 ဟာ Snapdragon 675 chipset နဲ႔ျဖစ္သလို 32MP အဓိကကင္မရာ၊ 8MP wide-angle ဒုတိယကင္မရာတို႔နဲ႔ ထြက္လာမယ္လို႔ ဆိုထားပါတယ္။ ထြက္ေပၚလာတဲ့ Galaxy M40 ပုံမွာေတာ့ ေဘးဘက္မွာ Bixby button ပါဝင္ပါတယ္။ ဒါေပမယ့္ Galaxy A60 မွာေတာ့ ဘာခလုတ္မွမပါတာေၾကာင့္ ႐ုပ္ပုံပဲမွားေနတာလား၊ ဒါမွမဟုတ္ ဒီအတိုင္းထြက္လာမွာလားဆိုတာ အေျဖသိရဖို႔ ရက္ပိုင္းပဲ ေစာင့္ဆိုင္းရေတာ့မွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

Galaxy M40 ဟာ Galaxy A60 ကို အနည်းငယ်အပြောင်းအလဲ လုပ်ထားရုံပဲလား

Samsung Galaxy M40 ဟာ M series တွေထဲမှာတော့ စတုတ္ထမြောက်မျိုးဆက်အဖြစ် မကြာခင်ရက်ပိုင်းအတွက် အိန္ဒိယဈေးကွက်မှာ မိတ်ဆက်တော့မှာဖြစ်ပါတယ်။ Galaxy M40 ဟာ Galaxy A60 အတော်လေးကို ဆင်တူမယ်လို့ ယခင်အချိန်တုန်းကတည်းက ကောလာဟလသတင်းထွက်ထားတာပါ။

ပြီးခဲ့တဲ့ရက်က Android Enterprise မှာ Galaxy M40 နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို လွှင့်တင်လိုက်ပါတယ်။ ကြိုတင်သတင်းထွက်ထားတဲ့အတိုင်းပဲ မျက်နှာပြင်ထက် အပေါ်ဘယ်ဘက်ထောင့်မှာ Infinity-O ကိုမြင်တွေ့လိုက်ရပါတယ်။ အလားတူပဲ Galaxy M40 နဲ့ပတ်သက်တဲ့ အခြေခံအချက်အလက်တွေကိုလည်း ဝက်ဘ်ဆိုက်ကတစ်ဆင့် သိရှိလိုက်ရပြီ ဖြစ်ပါတယ်။

Galaxy M40 ရဲ့ အခြေခံအချက်အလက်တွေအဖြစ် မျက်နှာပြင်ဟာ 6.3-inch အရွယ်အစားဖြစ်ကြောင်း၊ 6GB of RAM နဲ့ 128GB သိုလှောင်မှုပမာဏဖြစ်ကြောင်းကိုလည်း ဝက်ဘ်ဆိုက်မှာမြင်တွေ့ အတည်ပြုနိုင်ပြီဖြစ်ပါတယ်။ Android 9 version နဲ့ဖြစ်တာကိုတွေ့ရပေမယ့် နောက်ဆုံး Version တော့ မဖြစ်နိုင်ပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ တရုတ်ဈေးကွက်မှာ ပေါက်နေတဲ့ Galaxy A60 နဲ့ ဆင်တူတာပါပဲ။

ကောလာဟလတွေကတော့ Galaxy M40 ဟာ Snapdragon 675 chipset နဲ့ဖြစ်သလို 32MP အဓိကကင်မရာ၊ 8MP wide-angle ဒုတိယကင်မရာတို့နဲ့ ထွက်လာမယ်လို့ ဆိုထားပါတယ်။ ထွက်ပေါ်လာတဲ့ Galaxy M40 ပုံမှာတော့ ဘေးဘက်မှာ Bixby button ပါဝင်ပါတယ်။ ဒါပေမယ့် Galaxy A60 မှာတော့ ဘာခလုတ်မှမပါတာကြောင့် ရုပ်ပုံပဲမှားနေတာလား၊ ဒါမှမဟုတ် ဒီအတိုင်းထွက်လာမှာလားဆိုတာ အဖြေသိရဖို့ ရက်ပိုင်းပဲ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

Ref: GSMArena