[Zawgyi]

Facebook ဟာ ကမာၻတစ္ဝန္းလုံးမွာ အၾကမ္းဖက္မႈျဖစ္ေပၚေစဖို႔အတြက္ အေကာင္းဆုံးအသုံးခ်ခံပလက္ေဖာင္း တစ္ခုလိုျဖစ္ေနခဲ့ပါတယ္။ ဒါေၾကာင့္ Facebook ရဲ႕ တာဝန္ရွိသူေတြက သူတို႔ပလက္ေဖာင္းကိုအသုံးခ်ၿပီး အၾကမ္းဖက္မႈေတြ မျဖစ္ေပၚေစဖို႔ တစ္ဆင့္ၿပီးတစ္ဆင့္ ႀကိဳးပမ္းသြားမယ္လို႔ ထုတ္ျပန္ေၾကညာခဲ့ဖူးပါတယ္။

အခုလည္း သီရိလကၤာနဲ႔ ျမန္မာႏိုင္ငံတို႔မွာ အမုန္းစကားေတြျဖန႔္ေဝေနမႈ အရွိန္ေလ်ာ့က်သြားေအာင္ ေနာက္ထပ္ေျခလွမ္းသစ္တစ္ခု လွမ္းလိုက္ၿပီလို႔ ဆိုပါတယ္။ ကုမၸဏီရဲ႕ ထုတ္ျပန္မႈမွာ ဒီႏွစ္ႏိုင္ငံလုံးဟာ လူမႈကြန္ရက္မွာ လႈံ႕ေဆာ္မႈေတြျပဳလုပ္ေနၿပီး ပဋိပကၡေတြကို ျဖစ္ပြားေစေနတယ္လို႔ ပါရွိပါတယ္။

သီရိလကၤာကေတာ့ လူမႈကြန္ရက္ကိုအသုံးခ်ၿပီး မူဆလင္ဆန႔္က်င္ေရး ဝါဒေတြ ျဖန႔္ခ်ိေနတာ ျဖစ္ပါတယ္။ Facebook ကေတာ့ အသုံးျပဳသူအေနနဲ႔ သတင္းအခ်က္အလက္ဆက္လက္မွ်ေဝခြင့္အေရအတြက္ကို ကန႔္သတ္ထားရွိတယ္လို႔ ဆိုပါတယ္။ ဒါမ်ိဳးကို WhatsApp မွာလည္း ျပဳလုပ္ခဲ့ဖူးပါတယ္။ အဆိုပါႏိုင္ငံအတြင္းမွာ သတင္းအခ်က္အလက္ဆက္လက္မွ်ေဝျခင္းကို တစ္ႀကိမ္မွာ ငါးဦးအထိပဲ ခြင့္ျပဳထားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ Facebook ဟာ သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို တိုက္႐ိုက္ခ်ိဳးေဖာက္ျခင္းမရွိေပမယ့္ ခ်ိဳးေဖာက္ႏိုင္ေျခရွိတဲ့ “အဓိပၸါယ္ ႏွစ္ခြရတဲ့စာသားမ်ိဳး” ကိုလည္း အထူးပဲ ဂ႐ုစိုက္ေစာင့္ၾကည့္ေနတယ္လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံမွာလည္း လူနည္းစုျဖစ္တဲ့ “႐ိုဟင္ဂ်ာ” (ဘဂၤလီ) ေတြကို ဖိႏွိပ္မႈနဲ႔ပတ္သက္ၿပီးအားေပးေစတဲ့ အေၾကာင္းအရာေတြ ျဖန႔္ေဝမႈကိုလည္း ေလ်ာ့က်သြားေအာင္ ျပဳလုပ္မယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အၾကမ္းဖက္မႈေတြကို ျဖစ္ေပၚေစေအာင္ လႈံ႕ေဆာ္တဲ့သူေတြကိုလည္း ပိတ္ပင္သြားမယ္လို႔ ဆိုပါတယ္။ ဒီလိုမ်ိဳး အေၾကာင္းအရာျဖန႔္ေဝမႈကို ေလ်ာ့က်သြားေအာင္ လုပ္ေဆာင္ျခင္းက အမုန္းစကားျဖန႔္ေဝမႈေတြ၊ ထိခိုက္နာက်င္ေစတဲ့ အေၾကာင္းအရာျဖန႔္ေတြမႈေတြကို ေလ်ာ့က်သြားေအာင္ အရွိန္ျမႇင့္လုပ္ေဆာင္ႏိုင္တာပဲျဖစ္တယ္လို႔ ကုမၸဏီက ေျပာပါတယ္။

Ref: The Verge

[Unicode]

သီရိလင်္ကာနဲ့ မြန်မာမှာ အမုန်းစကားတွေရပ်တန့်ဖို့ နောက်ထပ်ခြေလှမ်းသစ် စတင်နေတဲ့ Facebook

Facebook ဟာ ကမ္ဘာတစ်ဝန်းလုံးမှာ အကြမ်းဖက်မှုဖြစ်ပေါ်စေဖို့အတွက် အကောင်းဆုံးအသုံးချခံပလက်ဖောင်း တစ်ခုလိုဖြစ်နေခဲ့ပါတယ်။ ဒါကြောင့် Facebook ရဲ့ တာဝန်ရှိသူတွေက သူတို့ပလက်ဖောင်းကိုအသုံးချပြီး အကြမ်းဖက်မှုတွေ မဖြစ်ပေါ်စေဖို့ တစ်ဆင့်ပြီးတစ်ဆင့် ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ဖူးပါတယ်။

အခုလည်း သီရိလင်္ကာနဲ့ မြန်မာနိုင်ငံတို့မှာ အမုန်းစကားတွေဖြန့်ဝေနေမှု အရှိန်လျော့ကျသွားအောင် နောက်ထပ်ခြေလှမ်းသစ်တစ်ခု လှမ်းလိုက်ပြီလို့ ဆိုပါတယ်။ ကုမ္ပဏီရဲ့ ထုတ်ပြန်မှုမှာ ဒီနှစ်နိုင်ငံလုံးဟာ လူမှုကွန်ရက်မှာ လှုံ့ဆော်မှုတွေပြုလုပ်နေပြီး ပဋိပက္ခတွေကို ဖြစ်ပွားစေနေတယ်လို့ ပါရှိပါတယ်။

သီရိလင်္ကာကတော့ လူမှုကွန်ရက်ကိုအသုံးချပြီး မူဆလင်ဆန့်ကျင်ရေး ဝါဒတွေ ဖြန့်ချိနေတာ ဖြစ်ပါတယ်။ Facebook ကတော့ အသုံးပြုသူအနေနဲ့ သတင်းအချက်အလက်ဆက်လက်မျှဝေခွင့်အရေအတွက်ကို ကန့်သတ်ထားရှိတယ်လို့ ဆိုပါတယ်။ ဒါမျိုးကို WhatsApp မှာလည်း ပြုလုပ်ခဲ့ဖူးပါတယ်။ အဆိုပါနိုင်ငံအတွင်းမှာ သတင်းအချက်အလက်ဆက်လက်မျှဝေခြင်းကို တစ်ကြိမ်မှာ ငါးဦးအထိပဲ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် Facebook ဟာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို တိုက်ရိုက်ချိုးဖောက်ခြင်းမရှိပေမယ့် ချိုးဖောက်နိုင်ခြေရှိတဲ့ “အဓိပ္ပါယ် နှစ်ခွရတဲ့စာသားမျိုး” ကိုလည်း အထူးပဲ ဂရုစိုက်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာလည်း လူနည်းစုဖြစ်တဲ့ “ရိုဟင်ဂျာ” (ဘင်္ဂလီ) တွေကို ဖိနှိပ်မှုနဲ့ပတ်သက်ပြီးအားပေးစေတဲ့ အကြောင်းအရာတွေ ဖြန့်ဝေမှုကိုလည်း လျော့ကျသွားအောင် ပြုလုပ်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေကို ဖြစ်ပေါ်စေအောင် လှုံ့ဆော်တဲ့သူတွေကိုလည်း ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။ ဒီလိုမျိုး အကြောင်းအရာဖြန့်ဝေမှုကို လျော့ကျသွားအောင် လုပ်ဆောင်ခြင်းက အမုန်းစကားဖြန့်ဝေမှုတွေ၊ ထိခိုက်နာကျင်စေတဲ့ အကြောင်းအရာဖြန့်တွေမှုတွေကို လျော့ကျသွားအောင် အရှိန်မြှင့်လုပ်ဆောင်နိုင်တာပဲဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Ref: The Verge