Zawgyi

Xiaomi ဟာ သူတုိ႔ရဲ႕ထုတ္ကုန္သစ္ Mi CC9 ကုိ ေနာက္အပတ္ထဲမွာ ေၾကျငာမိတ္ဆက္ေတာ့မွာျဖစ္ၿပီး ၄င္းမွာ 48MP အဓိကကင္မရာနဲ႔ 32MP ဆယ္ဖီကင္မရာတုိ႔လို Specs ေတြပါဝင္မယ္ဆုိတာလည္း သိခဲ့ရၿပီးပါၿပီ။

ယေန႔မွာေတာ့ Mi CC9 ရဲ႕ ပထမဆုံးတရားဝင္ပုံရိပ္ေတြ ထြက္ေပၚလာခဲ့ပါၿပီ။ ျမင္ရသေလာက္ေတာ့ ဒီလအေစာပိုင္းမွာ TENAA ေပၚေရာက္ရွိခဲ့တဲ့ အခ်က္အလက္ေတြနဲ႔ တူညီေနကာ ေနာက္ဘက္ကင္မရာသုံးလုံးကို ေဒါင္လိုက္ပဲ တပ္ဆင္ထားၿပီး လွပတဲ့ Glacier Ice White ေက်ာဘက္ကိုပါ ျမင္ေတြ႕ခြင့္ရခဲ့ပါတယ္။

ဟန္းဆက္ရဲ႕ပုံရိပ္ကေတာ့ တကယ္ပဲ လွပတာပါ။ သူ႕ရဲ႕ ပုံစံဟာ Vivo iQOO Feather White ဗားရွင္း၊ Huawei P30 Pro ရဲ႕ Pearl White ကာလာနဲ႔ Samsung Galaxy S10 ရဲ႕ Prism White တုိ႔လုိ အေရာင္မ်ဳိး ျဖစ္ၿပီး ဓါတ္ပုံထဲမွာ အေရာင္ေျပးေလးနဲ႔ သန္႔ျပန္႔ေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။

ဒီပုံထဲမွာပဲ ဖုန္းရဲ႕ေအာက္ေျခမွာ USB-C Port နဲ႔အတူ စပီကာေပါက္ငယ္မ်ား၊ 3.5mm Audio Jack စတာေတြကိုလည္း ေတြ႕ရပါတယ္။ ပါဝါခလုတ္နဲ႔ အသံတုိးခ်ဲ႕ခလုတ္ေတြကေတာ့ ေဘးဘက္မွာပါပဲ။

Xiaomi ကုမၸဏီဟာ ဇူလိုင္လ ၂ ရက္ေန႔မွာ က်င္းပမယ့္ မိတ္ဆက္ပြဲအတြက္ ဖိတ္ၾကားလႊာေတြကို ပို႔ေဆာင္ေနပါၿပီ။ ဖိတ္စာေတြေပၚမွာ Xiaomi နဲ႔ သူတုိ႔မႏွစ္ကဝယ္ယူထားတဲ့ Meitu တုိ႔ရဲ႕ လုိဂုိေတြကို အတူတကြ ေတြ႕ရွိရပါတယ္။

Ref – GSM Arena

Unicode

Xiaomi ဟာ သူတို့ရဲ့ထုတ်ကုန်သစ် Mi CC9 ကို နောက်အပတ်ထဲမှာ ကြေငြာမိတ်ဆက်တော့မှာဖြစ်ပြီး ၎င်းမှာ 48MP အဓိကကင်မရာနဲ့ 32MP ဆယ်ဖီကင်မရာတို့လို Specs တွေပါဝင်မယ်ဆိုတာလည်း သိခဲ့ရပြီးပါပြီ။

ယနေ့မှာတော့ Mi CC9 ရဲ့ ပထမဆုံးတရားဝင်ပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါပြီ။ မြင်ရသလောက်တော့ ဒီလအစောပိုင်းမှာ TENAA ပေါ်ရောက်ရှိခဲ့တဲ့ အချက်အလက်တွေနဲ့ တူညီနေကာ နောက်ဘက်ကင်မရာသုံးလုံးကို ဒေါင်လိုက်ပဲ တပ်ဆင်ထားပြီး လှပတဲ့ Glacier Ice White ကျောဘက်ကိုပါ မြင်တွေ့ခွင့်ရခဲ့ပါတယ်။

ဟန်းဆက်ရဲ့ပုံရိပ်ကတော့ တကယ်ပဲ လှပတာပါ။ သူ့ရဲ့ ပုံစံဟာ Vivo iQOO Feather White ဗားရှင်း၊ Huawei P30 Pro ရဲ့ Pearl White ကာလာနဲ့ Samsung Galaxy S10 ရဲ့ Prism White တို့လို အရောင်မျိုး ဖြစ်ပြီး ဓါတ်ပုံထဲမှာ အရောင်ပြေးလေးနဲ့ သန့်ပြန့်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီပုံထဲမှာပဲ ဖုန်းရဲ့အောက်ခြေမှာ USB-C Port နဲ့အတူ စပီကာပေါက်ငယ်များ၊ 3.5mm Audio Jack စတာတွေကိုလည်း တွေ့ရပါတယ်။ ပါဝါခလုတ်နဲ့ အသံတိုးချဲ့ခလုတ်တွေကတော့ ဘေးဘက်မှာပါပဲ။

Xiaomi ကုမ္ပဏီဟာ ဇူလိုင်လ ၂ ရက်နေ့မှာ ကျင်းပမယ့် မိတ်ဆက်ပွဲအတွက် ဖိတ်ကြားလွှာတွေကို ပို့ဆောင်နေပါပြီ။ ဖိတ်စာတွေပေါ်မှာ Xiaomi နဲ့ သူတို့မနှစ်ကဝယ်ယူထားတဲ့ Meitu တို့ရဲ့ လိုဂိုတွေကို အတူတကွ တွေ့ရှိရပါတယ်။

Ref – GSM Arena