Zawgyi

ၿပီးခဲ့တဲ့ေမလမွာ ZTE ဟာ Flagship အသစ္ျဖစ္တဲ့ Axon 10 Pro ကို တရုတ္ျပည္တြင္းမွာ မိတ္ဆက္ခဲ့ပါတယ္။ အခုအေစာပုိင္းမွာေတာ့ ဒီဖုန္းသစ္ရဲ႕ 5G ဗားရွင္းကို ဇူလိုင္လအတြင္း ျပည္တြင္းမွာပဲ စတင္ ေရာင္းခ်လာမယ္လို႔ ထပ္ဆင့္ထုတ္ျပန္လာခဲ့တယ္။ အခုခ်ိန္မွာေတာ့ Axon 10 5G Pro ဖုန္းသစ္ဟာ တရုတ္ျပည္တြင္းမွာ 3C ေထာက္ခံခ်က္ရရွိခဲ့ပါၿပီ။

Axon 10 Pro 5G စမတ္ဖုန္းဟာ ေမာ္ဒယ္နံပါတ္ ZTE A2020N2 Pro နဲ႔ေလွ်ာက္ထားခဲ့ၿပီး တရုတ္ 3C အာဏာပုိင္ေတြရဲ႕ ေထာက္ခံခ်က္ကို ရရွိခဲ့တာပါ။ တရုတ္ျပည္တြင္းမွာ ေရာင္းခ်မယ့္ စမတ္ဖုန္းေတြဟာ 3C နဲ႔ TENAA ေထာက္ခံခ်က္ေတြကို ရယူရပါတယ္။ ဒါေၾကာင့္မၾကာခင္ TENAA ေထာက္ခံခ်က္ရယူေနတဲ့ ပုံေတြကိုလည္း ျမင္ေတြ႕လာရမယ္လို႔ ယူဆရတယ္။

Axon 10 Pro 5G ဖုန္းဟာ 5G ခ်ိတ္ဆက္မႈအတြက္ X50 5G Modem ကိုအသုံးျပဳလာမွာပါ။ က်န္တဲ့ Specs ေတြကေတာ့ 4G LTE နဲ႔အတူတူပါပဲ။ ဒါေပမယ့္ 5G ဖုန္းျဖစ္ေနတာေတာင္မွ Axon 10 Pro 5G ဟာ မူရင္းမွာပါဝင္တဲ့ 4,000 mAh ဘကၳရီထက္ အနည္းငယ္ပိုေသးတဲ့ ဘကၳရီကို သုံးစြဲလာမွာျဖစ္ပါတယ္။

Axon 10 Pro ဖုန္းမွာ 6.47” လက္မအရြယ္ OLED Display ပါဝင္ၿပီး In-display Fingerprint ထည့္သြင္းထားတယ္။ 6GB RAM နဲ႔ 128GB Storage မန္မုိရီရွိပါတယ္။ ေနာက္ဘက္ကင္မရာက 48MP + 8MP + 20MP Triple-camera ျဖစ္ၿပီး ေရွ႕ဘက္ကေတာ့ 20MP ပါ။

Ref – Playful Droid

Unicode

ပြီးခဲ့တဲ့မေလမှာ ZTE ဟာ Flagship အသစ်ဖြစ်တဲ့ Axon 10 Pro ကို တရုတ်ပြည်တွင်းမှာ မိတ်ဆက်ခဲ့ပါတယ်။ အခုအစောပိုင်းမှာတော့ ဒီဖုန်းသစ်ရဲ့ 5G ဗားရှင်းကို ဇူလိုင်လအတွင်း ပြည်တွင်းမှာပဲ စတင် ရောင်းချလာမယ်လို့ ထပ်ဆင့်ထုတ်ပြန်လာခဲ့တယ်။ အခုချိန်မှာတော့ Axon 10 5G Pro ဖုန်းသစ်ဟာ တရုတ်ပြည်တွင်းမှာ 3C ထောက်ခံချက်ရရှိခဲ့ပါပြီ။

Axon 10 Pro 5G စမတ်ဖုန်းဟာ မော်ဒယ်နံပါတ် ZTE A2020N2 Pro နဲ့လျှောက်ထားခဲ့ပြီး တရုတ် 3C အာဏာပိုင်တွေရဲ့ ထောက်ခံချက်ကို ရရှိခဲ့တာပါ။ တရုတ်ပြည်တွင်းမှာ ရောင်းချမယ့် စမတ်ဖုန်းတွေဟာ 3C နဲ့ TENAA ထောက်ခံချက်တွေကို ရယူရပါတယ်။ ဒါကြောင့်မကြာခင် TENAA ထောက်ခံချက်ရယူနေတဲ့ ပုံတွေကိုလည်း မြင်တွေ့လာရမယ်လို့ ယူဆရတယ်။

Axon 10 Pro 5G ဖုန်းဟာ 5G ချိတ်ဆက်မှုအတွက် X50 5G Modem ကိုအသုံးပြုလာမှာပါ။ ကျန်တဲ့ Specs တွေကတော့ 4G LTE နဲ့အတူတူပါပဲ။ ဒါပေမယ့် 5G ဖုန်းဖြစ်နေတာတောင်မှ Axon 10 Pro 5G ဟာ မူရင်းမှာပါဝင်တဲ့ 4,000 mAh ဘက္ထရီထက် အနည်းငယ်ပိုသေးတဲ့ ဘက္ထရီကို သုံးစွဲလာမှာဖြစ်ပါတယ်။

Axon 10 Pro ဖုန်းမှာ 6.47” လက်မအရွယ် OLED Display ပါဝင်ပြီး In-display Fingerprint ထည့်သွင်းထားတယ်။ 6GB RAM နဲ့ 128GB Storage မန်မိုရီရှိပါတယ်။ နောက်ဘက်ကင်မရာက 48MP + 8MP + 20MP Triple-camera ဖြစ်ပြီး ရှေ့ဘက်ကတော့ 20MP ပါ။

Ref – Playful Droid