[Zawgyi]
လူသားေပါင္း ဘီလီယမ္နဲ႔ခ်ီၿပီး ေန႔စဥ္ အသံုးျပဳေနၾကတဲ့ လူမႈကြန္ရက္မ်ားဟာ ကမာၻအ၀န္းမွာ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ အျခား က႑မ်ားစြာမွာ အေျပာင္းအလဲမ်ားစြာကို ျဖစ္ေပၚေစႏုိင္တဲ့ အတြက္ ႏိုင္ငံအခ်ိဳ႕မွ အစိုးရမ်ားက လူမႈကြန္ရက္မ်ားကုိ ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနၾကပါတယ္။ အေမရိကန္ကေတာ့ အဲဒီ ႏိုင္ငံမ်ားထဲမွာ အေရွ႕ဆံုးကေန တက္တက္ၾကြၾကြ လုပ္ေဆာင္ေနပါတယ္။
အခုလည္း အေမရိကန္ သမၼတ Donald Trump က ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က Fox Business နဲ႔ အင္တာဗ်ဴးမွာ အေမရိကန္ အစိုးရဟာ Google နဲ႔ Facebook ကို တရားစြဲသင့္တယ္လို႔ ေျပာပါတယ္။ တရားစြဲ သင့္တဲ့ အေၾကာင္းအရင္းကုိ သူက မေျပာပါဘူူး။
သူက သက္ေသ အေထာက္အထားမရွိတဲ့ စကားအခ်ိဳ႕ကိုေတာ့ ေျပာသြားပါတယ္။ သူက တြစ္တာဟာ သူ႔ အေကာင့္ကို လူေတြ ရွာမေတြ႕ေအာင္နဲ႔ Follow မလုပ္ေအာင္ ဖြက္ထားတယ္လို႔ စြပ္စြဲပါတယ္။ Google ဟာလည္း ၂၀၂၀ ခုႏွစ္ ေရြးေကာက္ပြဲကို ကေမာက္ကမ ျဖစ္ေအာင္ လုပ္ေနတယ္လို႔ ေျပာသြားပါတယ္။
လူမႈကြန္ရက္မ်ားကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတာ ထရမ့္ တစ္ေယာက္ထဲ မဟုတ္ပါဘူး။ ဒီမိုကရက္ ပါတီက ဦးေဆာင္တဲ့ House Judiciary Committee ကလည္း နည္းပညာ ကုမၸဏီႀကီး ေလးခုကို စံုစမ္းစစ္ေဆးေနပါတယ္။ ယခင္ အေမရိကန္ ဒုတိယ သမၼတ Joe Biden ကလည္း လူမႈကြန္ရက္မ်ားကို ဖိအားေပးဖို႔ ႀကိဳးစားခဲ့ပါတယ္။
Ref : digitaltrends
[Unicode]
Facebook နဲ့ Google တို့အား တရားစွဲသင့်တယ်လို့ Donald Trump ပြော
လူသားပေါင်း ဘီလီယမ်နဲ့ချီပြီး နေ့စဉ် အသုံးပြုနေကြတဲ့ လူမှုကွန်ရက်များဟာ ကမ္ဘာအဝန်းမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြား ကဏ္ဍများစွာမှာ အပြောင်းအလဲများစွာကို ဖြစ်ပေါ်စေနိုင်တဲ့ အတွက် နိုင်ငံအချို့မှ အစိုးရများက လူမှုကွန်ရက်များကို ထိန်းချုပ်ဖို့ ကြိုးစားနေကြပါတယ်။ အမေရိကန်ကတော့ အဲဒီ နိုင်ငံများထဲမှာ အရှေ့ဆုံးကနေ တက်တက်ကြွကြွ လုပ်ဆောင်နေပါတယ်။
အခုလည်း အမေရိကန် သမ္မတ Donald Trump က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က Fox Business နဲ့ အင်တာဗျူးမှာ အမေရိကန် အစိုးရဟာ Google နဲ့ Facebook ကို တရားစွဲသင့်တယ်လို့ ပြောပါတယ်။ တရားစွဲ သင့်တဲ့ အကြောင်းအရင်းကို သူက မပြောပါဘူူး။
သူက သက်သေ အထောက်အထားမရှိတဲ့ စကားအချို့ကိုတော့ ပြောသွားပါတယ်။ သူက တွစ်တာဟာ သူ့ အကောင့်ကို လူတွေ ရှာမတွေ့အောင်နဲ့ Follow မလုပ်အောင် ဖွက်ထားတယ်လို့ စွပ်စွဲပါတယ်။ Google ဟာလည်း ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို ကမောက်ကမ ဖြစ်အောင် လုပ်နေတယ်လို့ ပြောသွားပါတယ်။
လူမှုကွန်ရက်များကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ထရမ့် တစ်ယောက်ထဲ မဟုတ်ပါဘူး။ ဒီမိုကရက် ပါတီက ဦးဆောင်တဲ့ House Judiciary Committee ကလည်း နည်းပညာ ကုမ္ပဏီကြီး လေးခုကို စုံစမ်းစစ်ဆေးနေပါတယ်။ ယခင် အမေရိကန် ဒုတိယ သမ္မတ Joe Biden ကလည်း လူမှုကွန်ရက်များကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။
Ref : digitaltrends