[Zawgyi]

လူသားေပါင္း ဘီလီယမ္နဲ႔ခ်ီၿပီး ေန႔စဥ္ အသံုးျပဳေနၾကတဲ့ လူမႈကြန္ရက္မ်ားဟာ ကမာၻအ၀န္းမွာ ႏိုင္ငံေရး၊ စီးပြားေရးနဲ႔ အျခား က႑မ်ားစြာမွာ အေျပာင္းအလဲမ်ားစြာ ျဖစ္ေစျခင္း၊ အၾကမ္းဖက္မႈမ်ား၊ ေစာ္ကားတိုက္ခိုက္မႈမ်ားကို လႈံ႕ေဆာ္ျခင္းမ်ားကို ျဖစ္ေပၚေစႏုိင္တဲ့ အတြက္ အစိုးရမ်ားစြာက သူတို႔ကို ခ်ဳပ္ကိုင္ဖို႔ ႀကိဳးစားေနတာပါ။ ၂၀၁၈ ခုႏွစ္မွာ ဂ်ာမနီက Facebook လို  လူမႈကြန္ရက္မ်ားကို အေရးယူႏုိင္မယ့္ ဥပေဒကို အတည္ျပဳခဲ့ၿပီး ဒီႏွစ္ ဇန္န၀ါရီလ ၁ ရက္ေန႔က စတင္ အသက္၀င္ခဲ့ပါတယ္။

အခုလည္း ျပင္သစ္က အလားတူ ဥပေဒကို အတည္ျပဳလုိက္ပါတယ္။ ယခုႏွစ္ အေစာပိုင္းက ျပင္သစ္ သမၼတ မာခရြန္က လူမႈကြန္ရက္မ်ားမာွ အၾကမ္းဖက္မႈမ်ား၊ လူမ်ိဳးေရး ေစာ္ကားမႈမ်ားကို ျဖစ္ေစတဲ့ မွ်ေ၀မႈမ်ား မ်ားျပားလာတဲ့ အတြက္ သူတို႔ကို ထိန္းခ်ဳပ္ႏိုင္မယ့္ ဥပေဒမ်ားကို ျပဌာန္းဖို႔ ေျပာခဲ့ပါတယ္။ အခုေတာ့ ျပင္သစ္ရဲ႕ ဥပေဒ ျပဳေရး အာဏာပိုင္မ်ားက ဘာသာေရး၊ လူမ်ိဳးေရး ေစာ္ကားမႈမ်ား၊ အၾကမ္းဖက္မႈမ်ား ျဖစ္ေအာင္ လႈံ႔ေဆာ္မႈမ်ား၊ ကေလးသူငယ္ လိင္ အေၾကာင္းအရာမ်ားကို မွ်ေ၀ျခင္းအား ခြင့္ျပဳထားတဲ့ လူမႈကြန္ရက္မ်ားကို အေရးယူႏုိင္မယ့္ ဥပေဒတစ္ခုကို အတည္ျပဳလိုက္ပါတယ္။

ဒီဥပေဒဟာ အင္တာနက္ စည္းမ်ဥ္း ဥပေဒရဲ႕ တစ္စိတ္တစ္ပိုင္း ျဖစ္ၿပီး ျပင္သစ္ ေအာက္လႊတ္ေတာ္က အဆိုတင္သြင္းထားတာပါ။ ဒီဥပေဒကို အျပည့္အ၀ အတည္ျပဳလိုက္ရင္ လူမႈကြန္ရက္မ်ားဟာ အမုန္းစကားမ်ားကို ၂၄ နာရီအတြင္း ဖယ္ရွားေပးရမွာ ျဖစ္ပါတယ္။ ၂၄ နာရီအတြင္း မဖယ္ရွားေပးႏုိင္ရင္ လူမႈကြန္ရက္မ်ားဟာ ဒဏ္ေငြ ယူရို ၁.၂၅ သန္းအထိ ဒဏ္ေငြေပးေဆာင္ရႏုိင္ပါတယ္။

ဂ်ာမနီရဲ႕ လူမႈကြန္ရက္ ဥပေဒမွာ အမုန္းစကားမ်ားကို ၂၄ နာရီအတြင္း မဖယ္ရွားေပးႏုိင္ရင္ ဒဏ္ေငြ ယူရို သန္း ၅၀ အထိ ေပးေဆာင္ရမွာ ျဖစ္ပါတယ္။ ဒီႏွစ္အေစာပိုင္းက နယူးဇီလန္မွ Christchurch ကို အၾကမ္းဖက္ တိုက္ခိုက္မႈကို Facebook မွာ Live လႊင့္ခဲ့ျခင္းမ်ားေၾကာင့္ Facebook ဟာ ဖိအားမ်ားစြာကို ရင္ဆိုင္ေနရပါတယ္။

Ref : theverge

[Unicode]

အမုန်းစကား မျှဝေနေမှုများကြောင့် Facebook ကို ဒဏ်ငွေရိုက်ဖို့ ပြင်ဆင်နေတဲ့ ပြင်သစ်

လူသားပေါင်း ဘီလီယမ်နဲ့ချီပြီး နေ့စဉ် အသုံးပြုနေကြတဲ့ လူမှုကွန်ရက်များဟာ ကမ္ဘာအဝန်းမှာ နိုင်ငံရေး၊ စီးပွားရေးနဲ့ အခြား ကဏ္ဍများစွာမှာ အပြောင်းအလဲများစွာ ဖြစ်စေခြင်း၊ အကြမ်းဖက်မှုများ၊ စော်ကားတိုက်ခိုက်မှုများကို လှုံ့ဆော်ခြင်းများကို ဖြစ်ပေါ်စေနိုင်တဲ့ အတွက် အစိုးရများစွာက သူတို့ကို ချုပ်ကိုင်ဖို့ ကြိုးစားနေတာပါ။ ၂၀၁၈ ခုနှစ်မှာ ဂျာမနီက Facebook လို လူမှုကွန်ရက်များကို အရေးယူနိုင်မယ့် ဥပဒေကို အတည်ပြုခဲ့ပြီး ဒီနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင် အသက်ဝင်ခဲ့ပါတယ်။

အခုလည်း ပြင်သစ်က အလားတူ ဥပဒေကို အတည်ပြုလိုက်ပါတယ်။ ယခုနှစ် အစောပိုင်းက ပြင်သစ် သမ္မတ မာခရွန်က လူမှုကွန်ရက်များမာှ အကြမ်းဖက်မှုများ၊ လူမျိုးရေး စော်ကားမှုများကို ဖြစ်စေတဲ့ မျှဝေမှုများ များပြားလာတဲ့ အတွက် သူတို့ကို ထိန်းချုပ်နိုင်မယ့် ဥပဒေများကို ပြဌာန်းဖို့ ပြောခဲ့ပါတယ်။ အခုတော့ ပြင်သစ်ရဲ့ ဥပဒေ ပြုရေး အာဏာပိုင်များက ဘာသာရေး၊ လူမျိုးရေး စော်ကားမှုများ၊ အကြမ်းဖက်မှုများ ဖြစ်အောင် လှုံ့ဆော်မှုများ၊ ကလေးသူငယ် လိင် အကြောင်းအရာများကို မျှဝေခြင်းအား ခွင့်ပြုထားတဲ့ လူမှုကွန်ရက်များကို အရေးယူနိုင်မယ့် ဥပဒေတစ်ခုကို အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေဟာ အင်တာနက် စည်းမျဉ်း ဥပဒေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး ပြင်သစ် အောက်လွှတ်တော်က အဆိုတင်သွင်းထားတာပါ။ ဒီဥပဒေကို အပြည့်အ၀ အတည်ပြုလိုက်ရင် လူမှုကွန်ရက်များဟာ အမုန်းစကားများကို ၂၄ နာရီအတွင်း ဖယ်ရှားပေးရမှာ ဖြစ်ပါတယ်။ ၂၄ နာရီအတွင်း မဖယ်ရှားပေးနိုင်ရင် လူမှုကွန်ရက်များဟာ ဒဏ်ငွေ ယူရို ၁.၂၅ သန်းအထိ ဒဏ်ငွေပေးဆောင်ရနိုင်ပါတယ်။

ဂျာမနီရဲ့ လူမှုကွန်ရက် ဥပဒေမှာ အမုန်းစကားများကို ၂၄ နာရီအတွင်း မဖယ်ရှားပေးနိုင်ရင် ဒဏ်ငွေ ယူရို သန်း ၅၀ အထိ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်းက နယူးဇီလန်မှ Christchurch ကို အကြမ်းဖက် တိုက်ခိုက်မှုကို Facebook မှာ Live လွှင့်ခဲ့ခြင်းများကြောင့် Facebook ဟာ ဖိအားများစွာကို ရင်ဆိုင်နေရပါတယ်။

Ref : theverge