Zawgyi





Ref : GSM Arena

Unicode

Samsung ရဲ့ ဒီနှစ်အတွက် ဒုတိယမြောက် Flagship ဖုန်းဖြစ်လာမယ့် Samsung Galaxy Note 10 စမတ်ဖုန်းဟာ လာမယ့် သြဂုတ်လ ၇ ရက်နေ့မှာ မိတ်ဆက်သွားတော့မှာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ ဒီ Galaxy Note 10 နဲ့ ပတ်သတ်တဲ့ Teaser Video တစ်ခုကို ထုတ်ပြသွားခဲ့ပါတယ်။

ဒါကတော့ Samsung Indonesia ရဲ့ Official Twitter Account ကနေ တင်ထားခဲ့တာဖြစ်ပြီးတော့ Galaxy Note 10 ဖုန်းတစ်ခုထဲကို သုံးပြီးတော့ အလုပ်လုပ်နိုင်တယ်ဆိုတာကို အဓိကပြသသွားခဲ့တာဖြစ်ပါတယ်။ ဒီ Short Video မှာဆိုရင် ရုံးပြင်ပမှာ Samsung Dex Feature ကို အသုံးပြုပြီးတော့ Laptop ကိုတောင် အစားထိုးနိုင်တဲ့အထိ Galaxy Note 10 က စွမ်းဆောင်နိုင်တယ်ဆိုပြီး ပြောကြားသွားခဲ့တာပါ။

ယခင်တုန်းက Samsung Galaxy Note 9 တုန်းကလည်း Samsung အနေနဲ့ အခုလိုမျိုး Short Video တွေကို ထုတ်ပြခဲ့ဖူးပေမယ့် ယခင်တုန်းက Business ပိုင်းအပြင် Camera Quality ၊ Gaming နဲ့ Water Resistant လို Feature တွေကိုပါ ကြော်ညာခဲ့ပြီး အခုကြမှ Power User တွေအတွက်ကို သီးသန့် ရည်ရွယ်ပြီး Teaser Video ထုတ်ပြလိုက်တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ရဲ့ Powerful အဖြစ်ဆုံး Flagship ဖုန်းတွေဖြစ်လာမယ့် Samsung Galaxy Note 10 Series ဖုန်းတွေက ဒီနှစ်အတွက် အကောင်းဆုံးရွေးချယ်စရာ Flagship ဖုန်းတွေဖြစ်လာနိုင်မလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : GSM Arena