Zawgyi

Qualcomm ကေန လက္ရွိအခ်ိန္မွာ Mid Range နဲ႔ High End Series စမတ္ဖုန္းေတြအတြက္ Snapdragon 600 Series နဲ႔ 700 Series Processor ေတြကို ဆက္တုိက္ထုတ္လုပ္ထားျပီးျပီျဖစ္ပါတယ္။ အခုလည္း Snapdragon 675 ၊ 710 နဲ႔ 730 လုိ Processor ေတြက Mid Range နဲ႔ High End ဖုန္းေတြၾကားထဲမွာ လူၾကိဳက္မ်ားေနတယ္ဆုိရင္လည္းမမွားပါဘူး။

ဒါေပမယ့္လည္း Qualcomm ကေန Entry Level Processor ေတြကို Upgrade မလုပ္ေပးတာ အခ်ိန္ၾကာသြားျပီျဖစ္ပါတယ္။ ယခုအခ်ိန္ၾကမွ လက္ရွိ Entry ဖုန္းေတြအတြက္ ထုတ္ေပးထားတဲ့ Snapdragon 212 Processor ရဲ႕ မ်ိဳးဆက္သစ္ျဖစ္လာတဲ့ Snapdragon 215 Processor ကို ေၾကညာလုိက္တာျဖစ္ပါတယ္။

ဒီ Snapdragon 215 Processor က လံုးဝ Entry Level Device ေတြအတြက္ ရည္ရြယ္တာျဖစ္ျပီးေတာ့ အဓိကတိုးတက္မႈေတြအေနနဲ႔ 64-bit CPU ၊ ပိုျမန္လာတဲ့ GPU နဲ႔ Dual Camera ကို Support ေပးလာတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ Chip Architecture ကေတာ့ Outdated ျဖစ္ေနတဲ့ 28mm ကိုပဲ အသံုးျပဳထားေနတုန္းပါ။

Snapdragon 215 Processor က Quad Core အမ်ိဳးအစားျဖစ္ျပီးေတာ့ 64-bit ျဖစ္လာတဲ့အတြက္ Android Pie နဲ႔ Q ကိုပါ အသံုးျပဳလာႏုိင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ GPU ကလည္း Adreno 308 ျဖစ္လာတဲ့အတြက္ ယခင္တုန္းက ပိုျမင့္တဲ့ Series ျဖစ္တဲ့ Snapdragon 425 ရဲ႕ GPU နဲ႔ တူညီသြားတာလည္းျဖစ္ပါတယ္။

Camera ပိုင္းမွာလည္း ဒီ Processor က Single 13MP Camera ဒါမွမဟုတ္ Dual 8MP Camera ေတြကို Support ေပးႏုိင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ Full HD Video Recording ေတြကိုပါ ျပဳလုပ္လာႏုိင္မွာပါ။ ဒါေပမယ့္ Display Resolution အေနနဲ႔ကေတာ့ 720p ကိုပဲ Support ျပဳလုပ္ႏုိင္ဦးမွာပါ။

အခုလုိမ်ိဳး Qualcomm အေနနဲ႔ ဒီလုိ Entry Chipset အသစ္ကို မိတ္ဆက္ေပးလုိက္တဲ့အတြက္ ေဒၚလာ ၅၀ နဲ႔ ၁၀၀ ၾကား Android Go OS သံုးထားတဲ့ Entry ဖုန္းအသစ္ေတြကို မၾကာခင္မွာ ေတြ႕ျမင္လာရဖြယ္ရွိေနပါတယ္။

Ref – GSM Arena

Unicode

Qualcomm ကနေ လက်ရှိအချိန်မှာ Mid Range နဲ့ High End Series စမတ်ဖုန်းတွေအတွက် Snapdragon 600 Series နဲ့ 700 Series Processor တွေကို ဆက်တိုက်ထုတ်လုပ်ထားပြီးပြီဖြစ်ပါတယ်။ အခုလည်း Snapdragon 675 ၊ 710 နဲ့ 730 လို Processor တွေက Mid Range နဲ့ High End ဖုန်းတွေကြားထဲမှာ လူကြိုက်များနေတယ်ဆိုရင်လည်းမမှားပါဘူး။

ဒါပေမယ့်လည်း Qualcomm ကနေ Entry Level Processor တွေကို Upgrade မလုပ်ပေးတာ အချိန်ကြာသွားပြီဖြစ်ပါတယ်။ ယခုအချိန်ကြမှ လက်ရှိ Entry ဖုန်းတွေအတွက် ထုတ်ပေးထားတဲ့ Snapdragon 212 Processor ရဲ့ မျိုးဆက်သစ်ဖြစ်လာတဲ့ Snapdragon 215 Processor ကို ကြေညာလိုက်တာဖြစ်ပါတယ်။

ဒီ Snapdragon 215 Processor က လုံးဝ Entry Level Device တွေအတွက် ရည်ရွယ်တာဖြစ်ပြီးတော့ အဓိကတိုးတက်မှုတွေအနေနဲ့ 64-bit CPU ၊ ပိုမြန်လာတဲ့ GPU နဲ့ Dual Camera ကို Support ပေးလာတာပဲဖြစ်ပါတယ်။ ဒါပေမယ့် Chip Architecture ကတော့ Outdated ဖြစ်နေတဲ့ 28mm ကိုပဲ အသုံးပြုထားနေတုန်းပါ။

Snapdragon 215 Processor က Quad Core အမျိုးအစားဖြစ်ပြီးတော့ 64-bit ဖြစ်လာတဲ့အတွက် Android Pie နဲ့ Q ကိုပါ အသုံးပြုလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် GPU ကလည်း Adreno 308 ဖြစ်လာတဲ့အတွက် ယခင်တုန်းက ပိုမြင့်တဲ့ Series ဖြစ်တဲ့ Snapdragon 425 ရဲ့ GPU နဲ့ တူညီသွားတာလည်းဖြစ်ပါတယ်။

Camera ပိုင်းမှာလည်း ဒီ Processor က Single 13MP Camera ဒါမှမဟုတ် Dual 8MP Camera တွေကို Support ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Full HD Video Recording တွေကိုပါ ပြုလုပ်လာနိုင်မှာပါ။ ဒါပေမယ့် Display Resolution အနေနဲ့ကတော့ 720p ကိုပဲ Support ပြုလုပ်နိုင်ဦးမှာပါ။

အခုလိုမျိုး Qualcomm အနေနဲ့ ဒီလို Entry Chipset အသစ်ကို မိတ်ဆက်ပေးလိုက်တဲ့အတွက် ဒေါ်လာ ၅၀ နဲ့ ၁၀၀ ကြား Android Go OS သုံးထားတဲ့ Entry ဖုန်းအသစ်တွေကို မကြာခင်မှာ တွေ့မြင်လာရဖွယ်ရှိနေပါတယ်။

Ref – GSM Arena