[Zawgyi]

ဖက္ဒရယ္ ကုန္သြယ္ေရးေကာ္မရွင္ (FTC) ဟာ Facebook ရဲ႕ အခ်က္အလက္ေပါက္ၾကားမႈေတြအတြက္ ျပစ္ဒဏ္ခ်မွတ္လိုက္ၿပီ ျဖစ္ပါတယ္။ အခ်က္အလက္မ်ားဆိုင္ရာ လုံၿခဳံေရးကို ေပါက္ၾကားေစမႈေၾကာင့္ Facebook အေနနဲ႔ အေမရိကန္ေဒၚလာ ၅ဘီလီယံကို ဒဏ္ေၾကးအျဖစ္ေပးေဆာင္ရမယ္လို႔ သိရပါတယ္။

Facebook ကို ခ်မွတ္လိုက္တဲ့ ဒဏ္ေၾကးဟာ ေကာ္မရွင္အေနနဲ႔ နည္းပညာကုမၸဏီေတြကို ခ်မွတ္ခဲ့တဲ့ ဒဏ္ေၾကးပမာဏထဲမွာ အမ်ားဆုံးျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီလိုျပစ္ဒဏ္ကိုခ်မွတ္ဖို႔အတြက္ တစ္ႏွစ္ခြဲနီးပါးေလာက္ အခ်ိန္ယူစုံစမ္းစစ္ေဆးခဲ့ရသလို Facebook ရဲ႕ ပူးတြဲတည္ေထာင္သူ Mark Zuckerberg ကလည္း ကြန္ဂရက္မွာ ထြက္ဆိုမႈေတြ ျပဳလုပ္ခဲ့ရပါေသးတယ္။

Facebook အေနနဲ႔ ဒဏ္ေၾကးေငြအျဖစ္ ေဒၚလာ ၃ ဘီလီယံကို ေပးေဆာင္ရမယ္လို႔ ၿပီးခဲ့တဲ့ ဧၿပီလကတည္းက ေမွ်ာ္မွန္းထားေပမယ့္ ေနာက္ဆုံးမွာေတာ့ ေဒၚလာ ၂ ဘီလီယံကို ထပ္မံေပးေဆာင္ရမွာျဖစ္တဲ့အတြက္ စုစုေပါင္း ေဒၚလာ ၅ ဘီလီယံ ျဖစ္ခဲ့ရပါတယ္။ ၅ ဘီလီယံ ဒဏ္ေၾကးဟာ မ်ားျပားတယ္လို႔ဆိုႏိုင္ေပမယ့္ Facebook ရဲ႕ ဝင္ေငြနဲ႔ႏႈိင္းယွဥ္ရင္ေတာ့ မေျပာပေလာက္ဘူးလို႔ပဲ ဆိုရမွာ။

Facebook ဟာ ၿပီးခဲ့တဲ့ သုံးလပတ္တစ္ခုတည္းတင္ ေဒၚလာ ၁၅ဘီလီယံ ဝင္ေငြ ရွိခဲ့သလို၊ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း အသားတင္အျမတ္ေငြ ေဒၚလာ ၂၂ဘီလီယံ ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ FTC ရဲ႕ ဒဏ္ေၾကးခ်မွတ္တဲ့ သတင္းထြက္ေပၚလာခ်ိန္မွာ Facebook ဟာ ရွယ္ယာေဈးေတြ က်ဆင္းရမယ့္အစား ျမင့္တက္ေနဆဲပဲလို႔လည္း သိရပါတယ္။

Ref: GSMArena

[Unicode]

အချက်အလက် ပေါက်ကြားမှုကြောင့် FTC ရဲ့ စံချိန်တင် ဒဏ်ငွေချမှတ်မှုအဖြစ် ဒေါ်လာ ၅ ဘီလီယံ ပေးဆောင်ရမယ့် Facebook

ဖက်ဒရယ် ကုန်သွယ်ရေးကော်မရှင် (FTC) ဟာ Facebook ရဲ့ အချက်အလက်ပေါက်ကြားမှုတွေအတွက် ပြစ်ဒဏ်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ အချက်အလက်များဆိုင်ရာ လုံခြုံရေးကို ပေါက်ကြားစေမှုကြောင့် Facebook အနေနဲ့ အမေရိကန်ဒေါ်လာ ၅ဘီလီယံကို ဒဏ်ကြေးအဖြစ်ပေးဆောင်ရမယ်လို့ သိရပါတယ်။

Facebook ကို ချမှတ်လိုက်တဲ့ ဒဏ်ကြေးဟာ ကော်မရှင်အနေနဲ့ နည်းပညာကုမ္ပဏီတွေကို ချမှတ်ခဲ့တဲ့ ဒဏ်ကြေးပမာဏထဲမှာ အများဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလိုပြစ်ဒဏ်ကိုချမှတ်ဖို့အတွက် တစ်နှစ်ခွဲနီးပါးလောက် အချိန်ယူစုံစမ်းစစ်ဆေးခဲ့ရသလို Facebook ရဲ့ ပူးတွဲတည်ထောင်သူ Mark Zuckerberg ကလည်း ကွန်ဂရက်မှာ ထွက်ဆိုမှုတွေ ပြုလုပ်ခဲ့ရပါသေးတယ်။

Facebook အနေနဲ့ ဒဏ်ကြေးငွေအဖြစ် ဒေါ်လာ ၃ ဘီလီယံကို ပေးဆောင်ရမယ်လို့ ပြီးခဲ့တဲ့ ဧပြီလကတည်းက မျှော်မှန်းထားပေမယ့် နောက်ဆုံးမှာတော့ ဒေါ်လာ ၂ ဘီလီယံကို ထပ်မံပေးဆောင်ရမှာဖြစ်တဲ့အတွက် စုစုပေါင်း ဒေါ်လာ ၅ ဘီလီယံ ဖြစ်ခဲ့ရပါတယ်။ ၅ ဘီလီယံ ဒဏ်ကြေးဟာ များပြားတယ်လို့ဆိုနိုင်ပေမယ့် Facebook ရဲ့ ဝင်ငွေနဲ့နှိုင်းယှဉ်ရင်တော့ မပြောပလောက်ဘူးလို့ပဲ ဆိုရမှာ။

Facebook ဟာ ပြီးခဲ့တဲ့ သုံးလပတ်တစ်ခုတည်းတင် ဒေါ်လာ ၁၅ဘီလီယံ ဝင်ငွေ ရှိခဲ့သလို၊ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အသားတင်အမြတ်ငွေ ဒေါ်လာ ၂၂ဘီလီယံ ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် FTC ရဲ့ ဒဏ်ကြေးချမှတ်တဲ့ သတင်းထွက်ပေါ်လာချိန်မှာ Facebook ဟာ ရှယ်ယာဈေးတွေ ကျဆင်းရမယ့်အစား မြင့်တက်နေဆဲပဲလို့လည်း သိရပါတယ်။

Ref: GSMArena