[Zawgyi]

ၿပီးခဲ့တဲ့ႏွစ္တုန္းက Google Maps ဟာ နယူးေယာက္မွာ စက္ဘီးမွ်ေဝတဲ့ Status ေတြတင္တာကို စတင္ခြင့္ျပဳခဲ့ပါတယ္။ အခ်ိန္နဲ႔တေျပးညီ သုံးႏိုင္လို႔ အေတာ္ေလးကို အသုံးဝင္ခဲ့တဲ့ ဒီ Feature ဟာ အခုဆိုရင္ပိုၿပီး က်ယ္ျပန႔္လာပါၿပီ။ ကမာၻတစ္ဝန္းက ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံရဲ႕ ၿမိဳ႕ေပါင္း ၂၄ ၿမိဳ႕မွာလည္း ရရွိေတာ့မွာ ျဖစ္ပါတယ္။

Google Maps မွာ စက္ဘီးငွားႏိုင္တဲ့ေနရာကို ရွာေဖြရာမွာ ထပ္ၿပီးတိုးတက္လာတာကေတာ့ သက္ဆိုင္ရာေနရာမွာ စက္ဘီးဘယ္ႏွစီးရွိသလဲဆိုတာကိုပါ သိရွိႏိုင္ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ စက္ဘီးရွိရာေနရာကိုေရာက္ရွိၿပီးမွ စက္ဘီးတစ္စီးမွမက်န္ေတာ့တာကို ႀကဳံေတြ႕ရေလ့ရွိတဲ့ အခက္အခဲနဲ႔အျခား ျပႆနာေတြကို ေျဖရွင္းေပးရာလည္း ေရာက္သြားပါေတာ့တယ္။

ေနာက္ထပ္ အားသာခ်က္တစ္ခုက ကိုယ္စီးလာတဲ့စက္ဘီးကို ဘယ္ေနရာမွာ ျပန္ထားေပးရမလဲဆိုတာကို သိႏိုင္တာပဲ ျဖစ္ပါတယ္။ Google Maps မွာက စက္ဘီးအေရအတြက္ကိုလည္း ေဖာ္ျပေနတာေၾကာင့္ စက္ဘီးအစီးေရ နည္းပါးတဲ့ေနရာ၊ ဒါမွမဟုတ္ လုံးဝမရွိတဲ့ေနရာမ်ိဳးေတြမွာ ကိုယ္စီးလာတဲ့စက္ဘီးကို ခ်န္ထားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ Google Maps ရဲ႕ အခ်ိန္နဲ႔တစ္ေျပးညီ စက္ဘီးငွားစီးႏိုင္တဲ့ “Real-time bike sharing status” ရရွိတဲ့ႏိုင္ငံနဲ႔ ၿမိဳ႕ေတြကေတာ့ ဘာစီလိုနာ၊ ဘာလင္၊ ဘရပ္ဆဲလ္၊ ဘူဒါပက္၊ ခ်ီကာဂို၊ ဒပ္ဘ္လင္၊ ဟမ္းဘတ္၊ ဟယ္လ္စင္ကီ၊ Kaohsiung, လန္ဒန္၊ ေလာ့စ္ အိန္ဂ်ယ္လိစ္၊ လိုင္ယြန္၊ မက္ဒရစ္၊ မကၠစီကိုစီးတီး၊ မြန္နရီယယ္၊ နယူးတိုင္ေပ၊ နယူေယာက္စီးတီး၊ ရီယို ဒီ ဂ်ေနး႐ိုး၊ ဆန္ဖရန္စစၥကို ေဘးအရီနာ၊ ေဆာ္ပိုလို၊ တို႐ြန္တို၊ ဗီယင္နာ၊ ဝါေဆာ၊ ဇူးရစ္ စတာေတြပဲ ျဖစ္ပါတယ္။

Ref: 9To5Google

[Unicode]

ကမ္ဘာတစ်ဝန်းရှိ မြို့ပေါင်း ၂၄ မြို့မှာ Google Maps ကတစ်ဆင့် စက်ဘီးငှားနိုင်တဲ့ Status တွေ အချိန်နဲ့တစ်ပြေးညီကြည့်နိုင်ပြီ

ပြီးခဲ့တဲ့နှစ်တုန်းက Google Maps ဟာ နယူးယောက်မှာ စက်ဘီးမျှဝေတဲ့ Status တွေတင်တာကို စတင်ခွင့်ပြုခဲ့ပါတယ်။ အချိန်နဲ့တပြေးညီ သုံးနိုင်လို့ အတော်လေးကို အသုံးဝင်ခဲ့တဲ့ ဒီ Feature ဟာ အခုဆိုရင်ပိုပြီး ကျယ်ပြန့်လာပါပြီ။ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၆ နိုင်ငံရဲ့ မြို့ပေါင်း ၂၄ မြို့မှာလည်း ရရှိတော့မှာ ဖြစ်ပါတယ်။

Google Maps မှာ စက်ဘီးငှားနိုင်တဲ့နေရာကို ရှာဖွေရာမှာ ထပ်ပြီးတိုးတက်လာတာကတော့ သက်ဆိုင်ရာနေရာမှာ စက်ဘီးဘယ်နှစီးရှိသလဲဆိုတာကိုပါ သိရှိနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် စက်ဘီးရှိရာနေရာကိုရောက်ရှိပြီးမှ စက်ဘီးတစ်စီးမှမကျန်တော့တာကို ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲနဲ့အခြား ပြဿနာတွေကို ဖြေရှင်းပေးရာလည်း ရောက်သွားပါတော့တယ်။

နောက်ထပ် အားသာချက်တစ်ခုက ကိုယ်စီးလာတဲ့စက်ဘီးကို ဘယ်နေရာမှာ ပြန်ထားပေးရမလဲဆိုတာကို သိနိုင်တာပဲ ဖြစ်ပါတယ်။ Google Maps မှာက စက်ဘီးအရေအတွက်ကိုလည်း ဖော်ပြနေတာကြောင့် စက်ဘီးအစီးရေ နည်းပါးတဲ့နေရာ၊ ဒါမှမဟုတ် လုံးဝမရှိတဲ့နေရာမျိုးတွေမှာ ကိုယ်စီးလာတဲ့စက်ဘီးကို ချန်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ Google Maps ရဲ့ အချိန်နဲ့တစ်ပြေးညီ စက်ဘီးငှားစီးနိုင်တဲ့ “Real-time bike sharing status” ရရှိတဲ့နိုင်ငံနဲ့ မြို့တွေကတော့ ဘာစီလိုနာ၊ ဘာလင်၊ ဘရပ်ဆဲလ်၊ ဘူဒါပက်၊ ချီကာဂို၊ ဒပ်ဘ်လင်၊ ဟမ်းဘတ်၊ ဟယ်လ်စင်ကီ၊ Kaohsiung, လန်ဒန်၊ လော့စ် အိန်ဂျယ်လိစ်၊ လိုင်ယွန်၊ မက်ဒရစ်၊ မက္ကစီကိုစီးတီး၊ မွန်နရီယယ်၊ နယူးတိုင်ပေ၊ နယူယောက်စီးတီး၊ ရီယို ဒီ ဂျနေးရိုး၊ ဆန်ဖရန်စစ္စကို ဘေးအရီနာ၊ ဆော်ပိုလို၊ တိုရွန်တို၊ ဗီယင်နာ၊ ဝါဆော၊ ဇူးရစ် စတာတွေပဲ ဖြစ်ပါတယ်။

Ref: 9To5Google